၂ ရာ 15:7 - မြန်မာ့စံမီသမ္မာကျမ်း လေးနှစ်မျှကြာလာသောအခါ အဗရှလုံက ရှင်ဘုရင်အား “အကျွန်ုပ်သည် ထာဝရဘုရားထံ ကတိသစ္စာပြုခဲ့သည့်အတိုင်း ကတိသစ္စာဝတ်ကိုဖြေရန် ဟေဗြုန်မြို့သို့ သွားပါရစေ။ Common Language Bible လေးနှစ်မျှကြာသောအခါအဗရှလုံ သည်ဒါဝိဒ်မင်းအား``အရှင်၊ အကျွန်ုပ်သည် ထာဝရဘုရားအားပြုခဲ့သည့်သစ္စာဝတ် ကိုဖြေရန်ဟေဗြုန်မြို့သို့သွားခွင့်ပြုတော် မူပါ။- Garrad Bible လေး နှစ် လွန် သော် အ ဗ ရှ လုံ က၊ ထာ ဝ ရ ဘု ရား သည် အ ကျွန်ုပ် ကို တစ် ဖန် ယေ ရု ရှ လင် မြို့ သို့ ဆောင် တော် မူ လျှင် ဘု ရား ဝတ် ကို ပြု ပါ မည် ဟု ရှု ရိ တိုင်း၊ ဂေ ရှု ရ ပြည်၌ နေ စဉ် အ ခါ ကျွန် တော် မျိုး သ စ္စာ ထား ခဲ့ ပါ ပြီ။ ထို ကြောင့် ဟေ ဗြုန် မြို့ သို့ သွား ၍ ထာဝရ ဘု ရား အား ထား ခဲ့ သော သ စ္စာ ဝတ် ကို ဖြေ ပါ ရ စေ ဟု ဘု ရင် မင်း ထံ ခွင့် ပန် သည် နှင့် အ ညီ Judson Bible လေးနှစ်လွန်သောအခါ အဗရှလုံသည် ရှင်ဘုရင်ထံတော်သို့ ဝင်၍၊ |
ဟေဗြုန်မြို့၌ ဒါဝိဒ်မင်းကြီးရသောသားများတွင် သားဦးမှာ ယေဇရေလမြို့သူ အဟိနောင်နှင့်ရသောအာမနုန်၊
ဒုတိယသားမှာ ကရမေလမြို့သူ နာဗလ၏မယားဖြစ်ဖူးခဲ့သောအဘိဂဲလနှင့်ရသောခိလပ်၊ တတိယသားမှာ ဂေရှုရဘုရင်တာလမဲမင်းကြီး၏သမီးတော်မာခါနှင့်ရသောအဗရှလုံ၊
ဆိုးယုတ်သောသူ၏ယဇ်ကောင်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ ထို့ထက်မက ၎င်းကို ဆိုးညစ်သောအကြံဖြင့် ယူဆောင်လာလျှင် ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
သင်တို့သည် အငြင်းပွားလျက်၊ ခိုက်ရန်ဖြစ်လျက်၊ လက်သီးဖြင့်ကြမ်းကြမ်းတမ်းတမ်းထိုးကြိတ်လျက် အစာရှောင်ကြ၏။ ထိုသို့ အစာမရှောင်ကြနှင့်။ သင်တို့၏အသံကို အထက်အရပ်က နားထောင်မည်မဟုတ်။
“သွား၍ သူငယ်တော်ကို သေချာစွာရှာဖွေစုံစမ်းကြလော့။ သင်တို့တွေ့သောအခါ ငါသည်လည်းသွား၍ သူ့ကိုရှိခိုးနိုင်ရန် ငါ့ကိုအကြောင်းကြားကြလော့”ဟု မိန့်မှာလျက် သူတို့ကို ဗက်လင်မြို့သို့ စေလွှတ်လေ၏။
သူတော်ကောင်းယောင်ဆောင်သော ကျမ်းပြုဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ကောင်းကင်နိုင်ငံတော်ကို လူတို့ရှေ့၌ပိတ်ထား၍ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်လိုသောသူများကိုလည်း ဝင်ခွင့်မပေးကြ။
ရှမွေလသည်လည်း ဦးချိုဆီဘူးကို ယူ၍ သူ့ညီအစ်ကိုတို့အလယ်တွင် သူ့ကို ဘိသိက်ပေးလေ၏။ ထိုနေ့မှစ၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ဒါဝိဒ်အပေါ် တည်နေတော်မူ၏။ ရှမွေလလည်း ရာမမြို့သို့ ပြန်သွားလေ၏။