ယုဒ၊ သင့်ညီအစ်ကိုတို့သည် သင့်ကိုချီးမွမ်းကြလိမ့်မည်။ သင်၏လက်သည် သင့်ရန်သူတို့လည်ပင်းပေါ်၌ရှိလိမ့်မည်။ သင့်ဖခင်၏သားတို့သည် သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။
၂ ရာ 1:18 - မြန်မာ့စံမီသမ္မာကျမ်း ဤ “လေးတော်” ငိုချင်းကို ယုဒအမျိုးသားတို့ကိုပါ သင်ကြားစေ၏။ ယာရှာကျမ်းတွင်လည်း ရေးမှတ်ထားစေ၏။ Common Language Bible ယင်းကိုယုဒပြည်သူတို့အားလည်းသင်ကြား ပေးရန်အမိန့်ပေး၏။ (ဤအကြောင်းအရာ ကိုယာရှာစာစောင်တွင်မှတ်တမ်းတင်ထား သတည်း။) Judson Bible ယုဒအမျိုးသားတို့အား သင်စေသော လေးသီချင်းတည်းဟူသော ယာရှာစာ၌ပါသော သီချင်းစကား ဟူမူကား၊ |
ယုဒ၊ သင့်ညီအစ်ကိုတို့သည် သင့်ကိုချီးမွမ်းကြလိမ့်မည်။ သင်၏လက်သည် သင့်ရန်သူတို့လည်ပင်းပေါ်၌ရှိလိမ့်မည်။ သင့်ဖခင်၏သားတို့သည် သင့်ရှေ့၌ ပျပ်ဝပ်ကြလိမ့်မည်။
“အို အစ္စရေး၊ သင်၏ကုန်းမြင့်များပေါ်တွင် သင်၏ဂုဏ်သရေ အသတ်ခံရလေပြီ။ သူရဲကောင်းတို့ ကျဆုံးရလေပြီတကား။
ဟောရပ်တောင်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားရှေ့မှောက် သင်တို့ရပ်စဉ် ထာဝရဘုရားက ငါ့အား ‘လူတို့ကို ငါ့ထံ၌ စုရုံးစေလော့။ သူတို့သည် မြေကြီးပေါ်၌ အသက်ရှင်သမျှကာလပတ်လုံး ငါ့ကိုကြောက်ရွံ့ရမည်ကို သင်ယူ၍ မိမိတို့၏သားသမီးများကိုလည်း သင်ကြားပေးမည့်အကြောင်း ငါ၏နှုတ်ထွက်စကားများကို သူတို့အား ကြားနာစေမည်’ဟု မိန့်တော်မူ၏။
လူမျိုးတော်တို့သည် ရန်သူတို့ကို လက်တုံ့ပြန်ပြီးသည်အထိ နေသည် ငြိမ်ဝပ်လျက်၊ လသည် တန့်လျက် နေ၏။ ထိုအကြောင်းကို ယာရှာစာအုပ်၌ ရေးဖွဲ့ထား၏။ နေသည် တစ်နေ့လုံး မရွေ့မလျား ကောင်းကင်အလယ်၌ တန့်လျက်နေ၏။