La Biblia Online

Anuncios


Toda la Biblia A.T. N.T.




၁ ရာ​ချုပ် 7:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​သည် မယား​များ​၊ သားသမီး​များ များပြား​စွာ​ရှိ​သဖြင့် သူ​တို့​၏​ဆွေစဉ်မျိုးဆက်​အလိုက်​၊ သူ​တို့​ဘိုးဘေး​တို့​၏​အိမ်ထောင်စု​အလိုက် စစ်တိုက်​နိုင်​သော​စစ်သည်​ပေါင်း သုံးသောင်း​ခြောက်ထောင် ရှိ​၏​။

Ver Capítulo

Common Language Bible

သူ​တို့​တွင်​သား​မယား​အ​များ​အ​ပြား​ရှိ သော​ကြောင့် သူ​တို့​၏​သား​မြေး​များ​မှ​စစ် မှု​ထမ်း​ရန်​လူ​ပေါင်း​သုံး​သောင်း​ခြောက် ထောင်​ရ​ရှိ​နိုင်​လေ​သည်။

Ver Capítulo

Garrad Bible

သူ တို့ ၌ သား မ ယား များ ပြား သော ကြောင့် ဆွေ စဉ် မျိုး ဆက် အိမ် ထောင် များ အ လိုက် စစ် မှု ထမ်း ရ သူ တပ် သား သုံး သောင်း ခြောက် ထောင် ရှိ ကြ ၏။

Ver Capítulo

Judson Bible

သူ​တို့၌ သား​မ​ယား​များ​သော​ကြောင့်၊ အ​ဆွေ​အ​မျိုး အ​သီး​အ​သီး​အ​လိုက်၊ စစ်​သူ​ရဲ​တပ်​သား သုံး​သောင်း​ခြောက်​ထောင်​ရှိ​ကြ၏။

Ver Capítulo



၁ ရာ​ချုပ် 7:4
4 Referencias Cruzadas  

ဣသခါ​အမျိုးသား​တွင် အစ္စရေး​လူ​တို့​ပြု​ရ​မည့်​အမှု​ကို အခြေအနေ​အချိန်အခါ​အလိုက် သိ​နားလည်​သူ အကြီးအမှူး​အယောက်​နှစ်ရာ​နှင့် သူ​တို့​၏​အမိန့်​ကို​နာခံ​သော​ဆွေမျိုး​အားလုံး​၊


ဩဇိ​၏​သား​မှာ ဣဇရဟိ ဖြစ်​ပြီး ဣဇရဟိ​၏​သား​များ​မှာ မိက္ခေလ​၊ ဩဗဒိ​၊ ယောလ​၊ ဣရှိယ ပေါင်း​ငါး​ယောက်​ရှိ​၏​။ သူ​တို့​အားလုံး​သည် အကြီးအမှူး​များ ဖြစ်​ကြ​၏​။


သူ​တို့​၏​ညီအစ်ကိုသားချင်း​ဖြစ်​သော ဣသခါ​မျိုးနွယ်စု​အားလုံး​တို့​သည် စစ်သူရဲ​များ ဖြစ်​ကြ​ပြီး စာရင်း​အရ စစ်သူရဲ​ပေါင်း​ရှစ်သောင်း​ခုနစ်​ထောင် ရှိ​၏​။


နွား သုံးသောင်း​ခြောက်ထောင်​၊ ထို​နွား​တို့​ထဲမှ ထာဝရဘုရား​အဖို့ ချီမြှောက်​ရာ​ပူဇော်သက္ကာ​မှာ ခုနစ်ဆယ့်​နှစ်​ကောင်​၊