၁ ရာချုပ် 23:17 - မြန်မာ့စံမီသမ္မာကျမ်း ဧလျေဇာ၏သားတို့တွင် ရေဟဘိသည် သားဦးဖြစ်၏။ သို့သော် ဧလျေဇာတွင် အခြားသားမရှိ။ ရေဟဘိတွင် သားအများအပြားရှိ၏။ Common Language Bible ဧလျေဇာတွင်ရေဟဘိဟူသောသားတစ်ယောက် တည်းရှိ၏။ သို့ရာတွင်ရေဟဘိတွင်မူကား သားမြေးများစွာရှိသတည်း။ Judson Bible ဧလျေဇာသားအကြီး ရေဟဘိ တစ်ယောက်တည်းရှိ၏။ ရေဟဘိ၌ကား သားအလွန်များ၏။ |
ရှေဗွေလ၏ညီအစ်ကိုများမှာ ဧလျေဇာ၏သား ရေဟဘိ၊ ရေဟဘိ၏သား ယေရှာယ၊ ယေရှာယ၏သား ယောရံ၊ ယောရံ၏သား ဇိခရိ၊ ဇိခရိ၏သား ရှေလောမုတ် တို့ဖြစ်ကြ၏။
နောက်သားတစ်ယောက်၏အမည်မှာ “ငါ့အဖ၏ဘုရားသခင်သည် ငါ့ကိုကူညီမစသောအရှင်ဖြစ်၍ ငါ့ကို ဖာရောမင်းကြီး၏ဓားဘေးမှ ကယ်နုတ်တော်မူပြီ”ဟု ဆိုလျက် ဧလျေဇာ ဟုမှည့်ခေါ်ထား၏။