၁ ရာချုပ် 2:10 - မြန်မာ့စံမီသမ္မာကျမ်း ရာမ၏သားမှာ အမိနဒပ်၊ အမိနဒပ်၏သားမှာ ယုဒအမျိုးသားတို့၏ခေါင်းဆောင်နာရှုန် ဖြစ်၏။ Common Language Bible အာရံမှယေရှဲတိုင်အောင်ဆွေစဉ်မျိုးဆက်ကား အာရံ၊ အမိနဒပ်၊ (ယုဒအနွယ်တွင်ထင်ပေါ် ကျော်ကြားသူ) နာရှုန်၊ Garrad Bible အာ ရံ့ သား၊ အ မိ န ဒပ်၊ အ မိ န ဒပ် သား၊ ယု ဒ အ နွယ် သား တို့ တွင် အ ကြီး အ ကဲ ဖြစ် သူ နာ ရှုန်၊ နာ ရှုန့် သား၊ စာ လ မ။ Judson Bible အာရံသားကား အမိနဒပ်၊ အမိနဒပ်သားကား၊ ယုဒအမျိုးသားတို့တွင် ဗိုလ်လုပ်သော နာရှုန်တည်း။ |
အာရုန်သည် အမိနဒပ်၏သမီးဖြစ်သော နာရှုန်၏နှမ ဧလိရှဘနှင့်စုံဖက်၍ ထိုမိန်းမသည် သူ့အတွက် နာဒပ်၊ အဘိဟု၊ ဧလာဇာ၊ ဣသမာ တို့ကိုမွေးဖွားပေး၏။
ယုဒ၏သားမြေးတို့သည် မိမိတို့တပ်ဖွဲ့အလိုက် တပ်စခန်းအလံနှင့်တကွ ရှေ့ဆုံးမှ ခရီးပြုကြ၏။ ထိုတပ်ဖွဲ့ကို အမိနဒပ်၏သား နာရှုန် ဦးစီး၏။
ယုဒတပ်စခန်း၏အလံနားရှိ ယုဒတပ်ဖွဲ့သည် အရှေ့ဘက် နေထွက်ရာအရပ်၌ စခန်းချရမည်။ အမိနဒပ်၏သား နာရှုန်သည် ယုဒအမျိုးသားတို့၏ခေါင်းဆောင် ဖြစ်ရမည်။
မိတ်သဟာယယဇ်အတွက် နွားထီးနှစ်ကောင်၊ သိုးထီးငါးကောင်၊ ဆိတ်ထီးငါးကောင်နှင့် တစ်နှစ်သားအရွယ် သိုးသငယ်ငါးကောင် တို့ဖြစ်ကြ၏။ ဤသည်ကား အမိနဒပ်၏သား နာရှုန်၏ပူဇော်သက္ကာများ ဖြစ်၏။
အာရံသည် သားအမိနဒပ်ကိုရ၏။ အမိနဒပ်သည် သားနာရှုန်ကိုရ၏။ နာရှုန်သည် သားစာလမုန်ကိုရ၏။