၁ ရာချုပ် 11:4 - မြန်မာ့စံမီသမ္မာကျမ်း တစ်ခါသော် ဒါဝိဒ်မင်းကြီးနှင့် အစ္စရေးလူမျိုးအပေါင်းတို့သည် ပြည်သားရင်းယေဗုသိလူမျိုးတို့နေထိုင်ရာ ယေဗုတ်ဟုခေါ်သောဂျေရုဆလင်မြို့သို့ ချီတက်ကြ၏။ Common Language Bible ဒါဝိဒ်မင်းနှင့်ဣသရေလအမျိုးသား အပေါင်းတို့သည်ချီတက်၍ ယေရုရှလင် မြို့ကိုတိုက်ခိုက်ကြ၏။ ထိုစဉ်အခါက ယေရုရှလင်မြို့သည်ယေဗုတ်မြို့ဟုနာမည် တွင်၏။ ထိုမြို့တွင်ပင်ကိုယ်ရှိရင်းစွဲယေဗုသိ မြို့သားတို့ပင်လျှင်နေထိုင်လျက်ရှိသေး၏။- Garrad Bible တိုင်း ရင်း သား ဖြစ် သူ ယေ ဗု သိ လူ မျိုး တို့ နေ ရာ၊ ယေ ဗုတ် တည်း ဟူ သော ယေ ရု ရှ လင် မြို့ သို့ ဣ သ ရေ လ အလုံး အ ရင်း နှင့် တ ကွ ဒါ ဝိဒ် မင်း ကိုယ် တိုင် ချီ သွား လျှင်၊ Judson Bible တစ်ဖန် ဒါဝိဒ်သည် ဣသရေလလူ အပေါင်းတို့ကိုခေါ်၍၊ ပြည်သားရင်း ယေဗုသိလူတို့နေရာ ယေဗုတ်မြို့တည်းဟူသော ယေရုရှလင်မြို့သို့သွားလျှင်၊ |
အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဂိရဂါရှိလူမျိုးနှင့် ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်၏”ဟု မိန့်ဆို၍ ပဋိညာဉ်ပြုလေ၏။
ယေဗုတ်မြို့သားတို့က ဒါဝိဒ်မင်းကြီးအား “သင်သည် ဤမြို့ထဲသို့ မဝင်ရ”ဟု ဆို၏။ သို့သော် ဒါဝိဒ်မင်းကြီးသည် ဒါဝိဒ်မြို့ ဟုခေါ်တွင်မည့် ဇိအုန်ခံတပ်ကို သိမ်းပိုက်နိုင်ခဲ့၏။
ငါသည် သင်တို့ကို သင်တို့ဖိစီးနှိပ်စက်ခံရသောအီဂျစ်ပြည်ထဲမှ ထုတ်ဆောင်၍ ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်ဖြစ်သော နို့နှင့်ပျားရည်စီးသောပြည်သို့ ပို့ဆောင်မည်”ဟူ၍ မိန့်တော်မူသည်’ဟု ပြောရမည်။
ယုဒအမျိုးသားတို့သည် ဂျေရုဆလင်မြို့၌နေထိုင်သောယေဗုသိလူမျိုးတို့ကို နှင်ထုတ်၍မရသဖြင့် ယနေ့တိုင်အောင် ယေဗုသိလူမျိုးတို့နှင့်အတူ ဂျေရုဆလင်မြို့တွင် နေထိုင်ကြ၏။
တစ်ဖန် နယ်နိမိတ်သည် ဗင်ဟိန္နုံချိုင့်ဝှမ်းမှ ဂျေရုဆလင် ခေါ် ယေဗုသိမြို့တောင်ဘက်ရှိ တောင်စောင်းတစ်လျှောက် တက်သွား၏။ ထိုမှ နယ်နိမိတ်သည် ရေဖိမ်ချိုင့်ဝှမ်း၏မြောက်ဘက်အဆုံးရှိ ဟိန္နုံချိုင့်ဝှမ်း၏အနောက်ဘက်နှင့်မျက်နှာချင်းဆိုင်သော တောင်ထိပ်အထိ တက်သွား၏။
ဇေလမြို့၊ ဧလပ်မြို့၊ ဂျေရုဆလင် ခေါ် ယေဗုသိမြို့၊ ဂိဗာမြို့၊ ကိရယတ်မြို့ စသည့်မြို့ပေါင်း တစ်ဆယ့်လေးမြို့နှင့်ရွာများ ပါ၏။ ဤသည်ကား ဗင်္ယာမိန်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောအမွေမြေဖြစ်၏။
ဗင်္ယာမိန်အမျိုးသားတို့သည် ဂျေရုဆလင်မြို့သား ယေဗုသိလူမျိုးတို့ကို မနှင်ထုတ်ခဲ့သဖြင့် ယေဗုသိလူမျိုးတို့သည် ဗင်္ယာမိန်အမျိုးသားတို့နှင့်အတူ ယနေ့တိုင်အောင် ဂျေရုဆလင်မြို့တွင် နေထိုင်ကြလေ၏။