ထို့ကြောင့် သူတို့က “ဤကား သွေးများပင်တည်း။ ရှင်ဘုရင်တို့သည် တစ်ဦးကိုတစ်ဦးအချင်းချင်းပြန်လည်တိုက်ခိုက်သတ်ဖြတ်ကြပြီ။ မောဘလူမျိုးတို့၊ ဥစ္စာပစ္စည်းများ သွားလုယူကြစို့”ဟု ဆိုလျက်
၁ ရာချုပ် 10:8 - မြန်မာ့စံမီသမ္မာကျမ်း နောက်တစ်နေ့တွင် ဖိလိတ္တိလူမျိုးတို့သည် သေဆုံးသွားသောသူတို့၏ကိုယ်မှ ပစ္စည်းများကိုချွတ်ယူရန် လာကြသောအခါ ဂိလဗောတောင်ပေါ်တွင် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်တို့ လဲကျသေဆုံးနေကြသည်ကို တွေ့ရ၏။ Common Language Bible တိုက်ပွဲပြီးဆုံးပြီးနောက်တစ်နေ့၌ ဖိလိတ္တိ အမျိုးသားတို့သည်အလောင်းကောင်များမှ ပစ္စည်းများကိုလုယူရန်လာကြသောအခါ ရှောလုနှင့်သားတို့၏အလောင်းများကို ဂိလဗောတောင်ထိပ်တွင်တွေ့ရှိကြ၏။- Garrad Bible နောက် နေ့၌ ဖိ လိ တ္တိ တပ် သား တို့ သည် ကျ ဆုံး သူ တို့ မှ ပါ ရှိ သ မျှ ကို သိမ်း ယူ ရန် လာ ကြ သော် ဂိ လ ဗော တောင် ရိုး တွင် သား တော် တို့ နှင့် တ ကွ ရှော လု မင်း ကျ ဆုံး သည် ကို တွေ့ မြင် ရာ၊ Judson Bible နက်ဖြန်နေ့၌ ဖိလိတ္တိလူတို့သည် အသေကောင်တို့၌၊ အဝတ်တန်ဆာကို ချွတ်ခြင်းငှာလာသောအခါ၊ ဂိလဗောတောင်ပေါ်မှာ ရှောလုနှင့် သူ၏သားသုံးယောက်တို့သည် သေလျက်ရှိသည်ကို တွေ့မြင်ကြ၏။ |
ထို့ကြောင့် သူတို့က “ဤကား သွေးများပင်တည်း။ ရှင်ဘုရင်တို့သည် တစ်ဦးကိုတစ်ဦးအချင်းချင်းပြန်လည်တိုက်ခိုက်သတ်ဖြတ်ကြပြီ။ မောဘလူမျိုးတို့၊ ဥစ္စာပစ္စည်းများ သွားလုယူကြစို့”ဟု ဆိုလျက်
အစ္စရေးအမျိုးသားများထွက်ပြေးကြရကြောင်း၊ ရှောလုမင်းကြီးနှင့်သားတော်များ ကျဆုံးပြီဖြစ်ကြောင်းကို ချိုင့်ဝှမ်းလွင်ပြင်၌နေသော အစ္စရေးအမျိုးသားအပေါင်းတို့ သိမြင်လျှင် သူတို့လည်း မြို့ရွာများကို စွန့်၍ထွက်ပြေးကြ၏။ ထိုအခါ ဖိလိတ္တိလူမျိုးတို့သည် ထိုမြို့ရွာတို့တွင် ဝင်ရောက်နေထိုင်ကြလေ၏။
သူတို့သည် ရှောလုမင်းကြီး၏စစ်ဝတ်တန်ဆာကို ချွတ်ပြီး ဦးခေါင်းနှင့်တကွ စစ်ဝတ်တန်ဆာများကို ယူသွားကြ၏။ ထို့နောက် ဖိလိတ္တိပြည်တစ်ပြည်လုံးသို့ လူလွှတ်၍ သူတို့၏ရုပ်တုများနှင့် ပြည်သူပြည်သားများထံ၌ ထိုသတင်းကောင်းကိုကြေညာစေ၏။
ထို့ကြောင့် ယောရှဖတ်မင်းကြီးနှင့် သူ၏လူတို့သည် တိုက်ရာပါပစ္စည်းများကို လာရောက်သိမ်းယူကြ၏။ အလောင်းများ၌ ပစ္စည်းဥစ္စာများ၊ အဖိုးတန်အသုံးအဆောင်များ အမြောက်အမြား တွေ့ရှိ၍ မိမိတို့အတွက် ချွတ်ယူကြ၏။ တိုက်ရာပါပစ္စည်း အလွန်များပြားသဖြင့် တစ်ချီတည်းမသယ်နိုင်။ သုံးရက်တိုင်တိုင် သယ်သွားကြရ၏။
နောက်တစ်နေ့တွင် ဖိလိတ္တိလူမျိုးတို့သည် သေဆုံးသွားသောသူတို့၏ကိုယ်မှ ပစ္စည်းများကို ချွတ်ယူရန် လာကြသောအခါ ဂိလဗောတောင်ပေါ်တွင် ရှောလုမင်းကြီးနှင့် သူ့သားသုံးယောက်တို့ လဲကျသေဆုံးနေကြသည်ကို တွေ့ရ၏။
ထိုသို့ ဖိလိတ္တိလူမျိုးတို့သည် ဘုရားသခင်၏သေတ္တာတော်ကို သယ်ဆောင်သွားပြီး ဒါဂုန်ဝတ်ကျောင်းသို့ ယူသွား၍ ဒါဂုန်ဘုရားဘေး၌ ထားကြ၏။