La Biblia Online

Anuncios


Toda la Biblia A.T. N.T.




၁ ရာ 14:28 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ လူ​တစ်​ဦး​က သူ့​အား “​အရှင့်​ခမည်းတော်​က ‘​ယနေ့​အစာ​စား​သူ​သည် ကျိန်​ခြင်း​ကို​ခံရ​မည်’​ဟု တင်းကျပ်​စွာ​ကျိန်​ထား​သောကြောင့် လူ​တို့​သည်​လည်း အားယုတ်​နွမ်းနယ်​လျက်​ရှိ​၏”​ဟု ပြောပြ​၏​။

Ver Capítulo

Common Language Bible

ထို့​ကြောင့်​တပ်​သား​တစ်​ယောက်​က``အ​ကျွန်ုပ် တို့​အား​လုံး​ပင်​နွမ်း​နယ်​လျက်​နေ​ကြ​ပါ​၏။ သို့​သော်​အ​ရှင့်​ခမည်း​တော်​က`ယ​နေ့​အ​စား အ​စာ​စား​သူ​သည်​ကျိန်​စာ​သင့်​ပါ​စေ' ဟု ကျိန်​ဆို​ထား​ပါ​၏'' ဟု​ဆို​၏။

Ver Capítulo

Garrad Bible

ယ နေ့ အ စာ စား သော သူ၌ အ မင်္ဂ လာ ဖြစ် စေ ဟု ခ မည်း တော် သ စ္စာ ပေး ကြောင်း လူ တစ် ယောက် ကြား လျှောက် လျှင် ဗိုလ် ထု မော ပန်း သည် ကို ယော န သန် သိ၍

Ver Capítulo

Judson Bible

ခ​မည်း​တော်​က၊ ယ​နေ့ အ​စာ​စား​သော​သူ​တိုင်း ကျိန်​ဆဲ​အပ်​စေ​ဟု လူ​များ​တို့​အား ကျပ်​ကျပ် အ​ကျိန်​ပေး​တော်​မူ​ပြီ​ဟု လူ​တစ်​ယောက် ကြား​လျှောက်၏။ လူ​တို့​သည်​လည်း မော​လျက်​နေ​ကြ၏။

Ver Capítulo



၁ ရာ 14:28
4 Referencias Cruzadas  

ရှောလု​မင်းကြီး​က လူ​တို့​အား “​နေဝင်ချိန်​အထိ ရန်သူ​တို့​ကို လက်တုံ့ပြန်​မ​ပြီး​မ​ချင်း အစာ​စား​သော​သူ​သည် ကျိန်​ခြင်း​ခံရ​မည်​”​ဟု ကျိန်ဆို​စေ​သဖြင့် မည်သူ​မျှ အစာ​မ​စား​ဝံ့​။ ထို့ကြောင့် ထို​နေ့​တွင် အစ္စရေး​အမျိုးသား​တို့​သည် အလွန်​ဒုက္ခရောက်​ကြ​၏​။


သို့သော် ခမည်းတော်​သည် လူ​တို့​အား ကျိန်ဆို​စေ​သည်​ကို ယောနသန်​မ​သိ​။ ထို့ကြောင့် သူ​၏​လက်​ကို​ဆန့်​ပြီး သူ​ကိုင်​ထား​သော​တောင်ဝှေး​အဖျား​ကို ပျားလပို့​ထဲသို့​နှစ်​၍ ပျားရည်​ကို​လက်​နှင့်​ယူစား​လိုက်​ရာ အားပြည့်​လန်းဆန်း​လာ​လေ​၏​။


ယောနသန်​က​လည်း “​ငါ့​ခမည်းတော်​သည် ပြည်သား​တို့​ကို ဒုက္ခပေး​လေ​ပြီ​။ ယခု ကြည့်​ကြ​လော့​။ ဤ​ပျားရည်​အနည်းငယ်​ကို ငါ​မြည်းစမ်း​ကြည့်​သောအခါ ငါ​အားပြည့်လန်းဆန်း​လာ​ပြီ​။


ထိုအခါ ရှောလု​မင်းကြီး​က ယောနသန်​အား “​သင်​မည်သို့​ပြု​မိ​သနည်း​။ ငါ့​အား​ပြောပြ​လော့​”​ဟု ဆို​သော် ယောနသန်​က “​စင်စစ် အကျွန်ုပ်​ကိုင်​ထား​သော​တောင်ဝှေး​အဖျား​ဖြင့် ပျားရည်​အနည်းငယ်​ကို ယူ​၍​စား​မိ​ပါ​ပြီ​။ ထို့ကြောင့် ယခု အကျွန်ုပ်​ကို​သေဒဏ်​ပေး​ပါ​”​ဟု ဆို​၏​။