La Biblia Online

Anuncios


Toda la Biblia A.T. N.T.




၁ ရာ 13:16 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ရှောလု​မင်းကြီး​နှင့် သူ့​သား​ယောနသန်​အပါအဝင် သူ​တို့​နှင့်အတူ​ရှိ​သော​လူ​တို့​သည် ဗင်္ယာမိန်​နယ်​၊ ဂေဗ​မြို့​၌​နေ​ကြ​၏​။ ဖိလိတ္တိ​လူမျိုး​တို့​မူကား မိတ်မတ်​မြို့​၌ စခန်းချ​ကြ​၏​။

Ver Capítulo

Common Language Bible

သူ​နှင့်​သား​တော်​ယော​န​သန်​တို့​သည်​မိ​မိ တို့​တွင်​ရှိ​သော​စစ်​သည်​တို့​လိုက်​ပါ​လျက် ဗင်္ယာ​မိန်​နယ်၊ ဂိ​ဗာ​မြို့​တွင်​တပ်​ချ​လျက် နေ​ကြ​၏။-

Ver Capítulo

Garrad Bible

ထို သူ တို့ နှင့် သား တော် ယော န သန် ပါ ဗင်္ယာ မိန် နယ်၊ ဂိ ဗာ မြို့၌ ရပ် ဆိုင်း ကြ ၏။ ဖိ လိ တ္တိ တပ် ကား မိတ် မတ် မြို့ တွင် စွဲ ရပ် လျက် နေ သေး ၏။

Ver Capítulo

Judson Bible

သူ​နှင့် သား​တော်​ယော​န​သန်၊ သူ​တို့၌​ရှိ​သော လူ​အ​ပေါင်း​တို့​သည် ဗင်္ယာ​မိန်​ခ​ရိုင်၊ ဂိ​ဗာ​မြို့​တွင် နေ​ကြ၏။ ဖိ​လိ​တ္တိ​လူ​တို့​သည် မိတ်​မတ်​မြို့​တွင် တပ်​ချ​ကြ၏။

Ver Capítulo



၁ ရာ 13:16
4 Referencias Cruzadas  

သူ​တို့​သည် တောင်ကြားလမ်း​ကို​ဖြတ်​၍ ဂေဗ​မြို့​၌ စခန်းချ​ကြ​၏​။ ရာမ​မြို့​သည် ကြောက်ရွံ့တုန်လှုပ်​လျက်​ရှိ​၏​။ ရှောလု​မင်းကြီး​စံမြန်း​ရာ ဂိဗာ​မြို့​သည် ထွက်ပြေး​ပြီ​။


အစ္စရေး​လူမျိုး​ထဲမှ လူ​အယောက်​သုံး​ထောင်​ကို ရွေးချယ်​၏​။ လူ​နှစ်ထောင်​သည် ရှောလု​မင်းကြီး​နှင့်အတူ မိတ်မတ်​မြို့​နှင့် ဗေသလ​တောင်ပေါ်ဒေသ​တို့​တွင် နေ​ရ​ပြီး ကျန်​လူ​တစ်ထောင်​သည် ယောနသန်​နှင့်အတူ ဗင်္ယာမိန်​နယ်​၊ ဂိဗာ​မြို့​တွင် နေ​ရ​၏​။ ကျန်​လူ​တို့​ကို​မူကား မိမိ​တို့​တဲ​သို့ အသီးသီး​ပြန်သွား​စေ​၏​။


ယောနသန်​သည် ဂေဗ​မြို့​တွင် ဖိလိတ္တိ​မြို့စောင့်တပ်​များ​ကို တိုက်ခိုက်​ကြောင်း ဖိလိတ္တိ​လူမျိုး​တို့ ကြားသိ​လေ​၏​။ ရှောလု​မင်းကြီး​က​လည်း “​ဟေဗြဲ​လူမျိုး​တို့ ကြားသိ​စေ​”​ဟု ဆို​၍ ပြည်​တစ်လျှောက်လုံး​တွင် တံပိုးမှုတ်​စေ​၏​။


ရှောလု​မင်းကြီး​သည် ဂိဗာ​မြို့​စွန်​၊ မိဂရုန်​အရပ်​ရှိ​သလဲပင်​အောက်​တွင် စခန်းချ​နေ​၏​။ သူ​နှင့်အတူ စစ်သည်​အယောက်​ခြောက်​ရာ​ခန့်​ရှိ​၏​။