သို့သော် ယောသပ်က “ထိုသို့ပြုခြင်းသည် ငါနှင့်ဝေးပါစေ။ လက်ဝယ်၌ ခွက်ရှိသောသူသည် ငါ့ထံ၌ ကျွန်ခံရမည်။ သင်တို့မူကား သင်တို့ဖခင်ထံသို့ ငြိမ်းချမ်းစွာပြန်သွားကြလော့”ဟု ဆို၏။
၁ ကော 6:15 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏ကိုယ်ခန္ဓာသည် ခရစ်တော်၏ကိုယ်အင်္ဂါဖြစ်ကြောင်း မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်၏ကိုယ်အင်္ဂါကိုယူ၍ ပြည့်တန်ဆာ၏ကိုယ်အင်္ဂါဖြစ်စေရမည်လော။ လုံးဝမဖြစ်စေရ။ Common Language Bible သင်တို့ကိုယ်ခန္ဓာများသည် ခရစ်တော်၏ကိုယ် အင်္ဂါများဖြစ်သည်ကိုမသိကြသလော။ ငါ သည်ခရစ်တော်၏ကိုယ်အင်္ဂါကိုယူ၍ ပြည့်တန် ဆာမ၏ကိုယ်အင်္ဂါဖြစ်စေရမည်လော။ မဖြစ် စေနိုင်။- Garrad Bible သင် တို့ ကိုယ် ခ န္ဓာ များ သည် ခ ရစ် တော်၏ ကိုယ် အင်္ဂါ များ ဖြစ် ကြောင်း မ သိ ကြ လော။ ထို သို့ ဖြစ် လျင် ငါ သည် ခ ရစ် တော်၏ ကိုယ် အင်္ဂါ တော် များ ကို သိမ်း သွား၍ ပြည် တန် ဆာ၏ ကိုယ် အင်္ဂါ ဖြစ် စေ ရ မည် လော။ မ ဖြစ် စေ ရာ။ Judson Bible သင်တို့ကိုယ်ခန္ဓာသည် ခရစ်တော်၏ အင်္ဂါဖြစ်ကြောင်းကို မသိကြသလော။ သို့ဖြစ်လျှင်၊ ခရစ်တော်၏အင်္ဂါကို ယူ၍ ပြည့်တန်ဆာ၏အင်္ဂါ ဖြစ်စေအပ်သလော။ မဖြစ်စေအပ်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏ ကိုယ်ခန္ဓာသည် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းဖြစ်ကြောင်းကို သင်တို့မသိကြသလော။ သို့ဖြစ်လျှင် ခရစ်တော်၏ ကိုယ်ခန္ဓာအစိတ်အပိုင်းကို ယူ၍ ပြည့်တန်ဆာနှင့် ပေါင်းစည်းရမည်လော။ ထိုသို့ လုံးဝ မပေါင်းစည်းရ။ |
သို့သော် ယောသပ်က “ထိုသို့ပြုခြင်းသည် ငါနှင့်ဝေးပါစေ။ လက်ဝယ်၌ ခွက်ရှိသောသူသည် ငါ့ထံ၌ ကျွန်ခံရမည်။ သင်တို့မူကား သင်တို့ဖခင်ထံသို့ ငြိမ်းချမ်းစွာပြန်သွားကြလော့”ဟု ဆို၏။
သူသည်လာ၍ ထိုခြံသမားတို့ကို အဆုံးစီရင်ကာ စပျစ်ခြံကို အခြားသောသူတို့အား ပေးလိမ့်မည်”ဟု မိန့်တော်မူ၏။ ကြားရသောသူတို့ကလည်း “ထိုသို့မဖြစ်ပါစေနှင့်”ဟု ဆိုကြ၏။
အရေအတွက်များသောငါတို့သည်လည်း ခရစ်တော်၌ ကိုယ်ခန္ဓာတစ်ခုတည်းဖြစ်ကြပြီး အသီးသီးသည် အင်္ဂါအစိတ်အပိုင်းအချင်းချင်းဖြစ်ကြကာ
သို့ဖြစ်လျှင် ငါတို့သည် ယုံကြည်ခြင်းကြောင့် ပညတ်တရားကို ပယ်ဖျက်ကြသလော။ လုံးဝမပယ်ဖျက်ကြ။ ပညတ်တရားကို တည်မြဲတည်စေကြ၏။
လုံးဝမဟုတ်ပေ။ ဟုတ်လျှင်မူကား ဘုရားသခင်သည် ဤလောကကို မည်သို့တရားစီရင်တော်မူမည်နည်း။
သို့ဖြစ်လျှင် မည်သို့နည်း။ ငါတို့သည် ပညတ်တရားလက်အောက်၌မရှိဘဲ ကျေးဇူးတော်လက်အောက်၌ရှိကြသောကြောင့် အပြစ်ပြုရမည်လော။ လုံးဝမပြုရ။
လုံးဝမတည်ရ။ အပြစ်အရာ၌ သေဆုံးသောငါတို့သည် ၎င်းတွင် မည်သို့အသက်ရှင်နိုင်ဦးမည်နည်း။
သို့ဖြစ်လျှင် ဤကောင်းမြတ်သောအရာသည် ငါ့အတွက် သေခြင်းအကြောင်းဖြစ်သလော။ လုံးဝမဟုတ်ပေ။ ငါ့အတွက် သေခြင်းအကြောင်းဖြစ်သောအရာမှာ အပြစ်ပင်ဖြစ်၍ အပြစ်သည် အပြစ်ဖြစ်ကြောင်း ထင်ရှားစေရန် ဤကောင်းမြတ်သောအရာအားဖြင့် ငါ၌ သေခြင်းကိုဖြစ်ပေါ်စေ၏။ ဤသို့ဖြင့် အပြစ်သည် ပညတ်တော်အားဖြင့် အတိုင်းထက်အလွန် အပြစ်များသောအရာဖြစ်လာ၏။
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ပညတ်တရားသည် အပြစ်လော။ လုံးဝမဟုတ်ပေ။ သို့သော် ပညတ်တရားအားဖြင့်မဟုတ်လျှင် အပြစ်ကို ငါသိခဲ့မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် “တပ်မက်သောစိတ်မရှိရ”ဟု ပညတ်တရားက မဆိုထားလျှင် တပ်မက်ခြင်းကို ငါသိခဲ့မည်မဟုတ်။
သို့သော် သင်တို့အား ငါသိစေလိုသည်မှာ ယောက်ျားတိုင်း၏ဦးခေါင်းသည် ခရစ်တော်ဖြစ်၏။ မိန်းမ၏ဦးခေါင်းသည် ယောက်ျားဖြစ်၏။ ခရစ်တော်၏ဦးခေါင်းသည် ဘုရားသခင်ဖြစ်၏။
သင်တို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဖြစ်ကြပြီး အသီးသီးသည် အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
အစာသည် ဝမ်းအတွက်ဖြစ်၏။ ဝမ်းသည်လည်း အစာအတွက်ဖြစ်၏။ သို့သော် ဘုရားသခင်သည် ထိုအရာနှစ်မျိုးစလုံးကို ဖျက်ဆီးတော်မူလိမ့်မည်။ ကိုယ်ခန္ဓာသည် တရားနှင့်မညီမေထုန်ပြုရန်အတွက်မဟုတ်ဘဲ သခင်ဘုရားအတွက်ဖြစ်၏။ သခင်ဘုရားသည်လည်း ကိုယ်ခန္ဓာအတွက်ဖြစ်တော်မူ၏။
သို့သော် သခင်ဘုရားနှင့်ပေါင်းဖော်သောသူသည် သခင်ဘုရားနှင့်တစ်စိတ်တစ်ဝိညာဉ်တည်းဖြစ်၏။
သင်တို့၏ကိုယ်ခန္ဓာသည် ဘုရားသခင်ထံမှ သင်တို့ရရှိထားသော သင်တို့အထဲ၌တည်နေသည့် သန့်ရှင်းသောဝိညာဉ်တော်၏ဗိမာန်တော်ဖြစ်ကြောင်းကိုလည်းကောင်း၊ သင်တို့ကိုယ်သင်တို့မပိုင်ကြောင်းကိုလည်းကောင်း သင်တို့မသိကြသလော။
ငါတို့သည် ကောင်းကင်တမန်တို့ကိုစီရင်ရမည်ဖြစ်ကြောင်း သင်တို့မသိကြသလော။ သို့ဖြစ်လျှင် ဤဘဝနှင့်ဆိုင်သောအမှုကိစ္စများကို ပို၍စီရင်ထိုက်သည်မဟုတ်လော။
သို့ရာတွင် ငါတို့သည် ခရစ်တော်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရရန် ရှာကြံနေကြစဉ် ငါတို့ကိုယ်တိုင် အပြစ်သားများဖြစ်ကြောင်းတွေ့ရှိရသည်ဆိုလျှင် ခရစ်တော်သည် အပြစ်တရား၏အမှုကိုဆောင်ရွက်သူဖြစ်သလော။ လုံးဝမဟုတ်ပေ။
သို့ဖြစ်လျှင် ပညတ်တရားသည် ဘုရားသခင်၏ကတိတော်နှင့် ဆန့်ကျင်ဘက်ဖြစ်သလော။ လုံးဝမဖြစ်ပေ။ အကြောင်းမူကား ပေးအပ်ထားသောပညတ်တရားသည် အသက်ရှင်စေနိုင်သည်ဆိုလျှင် ဖြောင့်မတ်ခြင်းကို ထိုပညတ်တရားအားဖြင့် အမှန်ပင်ရရှိခဲ့ပေလိမ့်မည်။
ငါ့အတွက်မူကား ငါတို့သခင်ယေရှုခရစ်တော်၏လက်ဝါးကပ်တိုင်၌ ဝါကြွားခြင်းမှတစ်ပါး အခြားဝါကြွားစရာမရှိ။ ငါ့အနေဖြင့် လောကသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရ၍ လောကအနေဖြင့်လည်း ငါသည် ထိုလက်ဝါးကပ်တိုင်ပေါ်၌တင်ခြင်းခံရလေပြီ။
ဤသည်ကား ငါတို့အားလုံးသည် ယုံကြည်ခြင်းနှင့် ဘုရားသခင်၏သားတော်ကိုသိခြင်းတို့၌ တစ်လုံးတစ်ဝတည်းဖြစ်လျက် စုံလင်ရင့်ကျက်သောသူဖြစ်ကာ ခရစ်တော်၏ပြည့်စုံခြင်းအတိုင်းအတာပမာဏသို့ရောက်သည့်တိုင်အောင် ခရစ်တော်၏ကိုယ်ခန္ဓာတော်ကိုတည်ဆောက်သဖြင့် အမှုတော်လုပ်ငန်းအတွက် သန့်ရှင်းသူတို့ကို ပြင်ဆင်ထားရန်ဖြစ်၏။
အကြောင်းမူကား ခရစ်တော်သည် အသင်းတော်တည်းဟူသောကိုယ်ခန္ဓာတော်၏ကယ်တင်ရှင်ဖြစ်တော်မူပြီး ထိုအသင်းတော်၏ဦးခေါင်းဖြစ်တော်မူသကဲ့သို့ ခင်ပွန်းသည်သည်လည်း ဇနီးသည်၏ဦးခေါင်းဖြစ်၏။
အဘယ်ကြောင့်ဆိုသော် ငါတို့သည် ခရစ်တော်၏ကိုယ်ခန္ဓာဆိုင်ရာ အင်္ဂါအစိတ်အပိုင်းများဖြစ်ကြ၏။
ဦးခေါင်းတော်၌ စွဲမြဲခြင်းမရှိကြ။ ထိုဦးခေါင်းတော်မှတစ်ဆင့် ကိုယ်ခန္ဓာတစ်ခုလုံးသည် အကြောအဆစ်များအားဖြင့် ထောက်မခြင်းနှင့်ပေါင်းစည်းခြင်းကိုခံရလျက် ဘုရားသခင်ကြီးထွားစေတော်မူသည့်အတိုင်း ကြီးထွား၏။