ထိုသို့ ပြောဆိုနေကြစဉ်တွင်ပင် မိန်းမစိုးတို့ရောက်လာ၍ ဧသတာပြင်ဆင်ထားသောစားသောက်ပွဲသို့ ဟာမန်ကို အလျင်အမြန်ခေါ်သွားကြ၏။
ထိုသူတို့ဤသို့ပြောဆိုနေကြစဉ်ပင်နန်း တော်မိန်းမစိုးများသည် ဟာမန်အားဧသတာ ၏ညစာစားပွဲသို့ခေါ်ဆောင်ရန်အလျင်စလို ရောက်ရှိလာကြလေသည်။
ထို သို့ ပြော စဉ် တွင်၊ ဘု ရင် မင်း မိန်း မ စိုး တို့ ရောက် လာ၍၊ ဧ သ တာ ယင် သော စား သောက် ပွဲ သို့၊ ဟာ မန် အ သော့ လိုက် လာ ရ မည့် အ ကြောင်း ပြန် ကြား ကြ၏။
ထိုသို့ပြောဆိုစဉ်တွင်၊ နန်းတော်မိန်းမစိုးတို့သည် လာ၍ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်ကို အလျင်အမြန် ခေါ်သွားကြ၏။
ထိုအခါ သူ့ဇနီးဇေရက်နှင့် သူ့မိတ်ဆွေအပေါင်းတို့က “အတောင်ငါးဆယ်မြင့်သောသစ်တိုင်တစ်ခုကိုပြုလုပ်စေပြီး မော်ဒကဲကို ထိုသစ်တိုင်ပေါ်တွင်ဆွဲထားမည့်အကြောင်း မနက်ဖြန်မနက်တွင် ရှင်ဘုရင်ထံ အခွင့်တောင်းပါ။ ပြီးမှ ရှင်ဘုရင်နှင့်အတူ စားသောက်ပွဲသို့ ဝမ်းမြောက်စွာသွားပါ”ဟု အကြံပေးကြ၏။ ဟာမန်သည်လည်း ထိုအကြံကိုနှစ်သက်သဖြင့် သစ်တိုင်ကိုပြုလုပ်စေ၏။
ထိုအခါ ရှင်ဘုရင်က “ဧသတာတောင်းဆိုသည့်အတိုင်း ပြုနိုင်ရန် ဟာမန်ကိုအလျင်အမြန်ခေါ်ခဲ့လော့”ဟု အမိန့်ပေး၏။ ထို့နောက် ရှင်ဘုရင်သည် ဟာမန်နှင့်အတူ ဧသတာပြင်ဆင်ထားသောစားသောက်ပွဲသို့ ကြွလေ၏။
အရှင်မင်းကြီးသည် ကျွန်တော်မျိုးမကို မျက်နှာသာပေး၍ ကျွန်တော်မျိုးမ တောင်းဆိုသောအရာကို အရှင်မင်းကြီးပေးသနားလိုသောစေတနာစိတ်ရှိလျှင် ကျွန်တော်မျိုးမ ပြင်ဆင်မည့်စားသောက်ပွဲသို့ အရှင်မင်းကြီးနှင့်ဟာမန်တို့ နောက်တစ်ဖန်ကြွရောက်တော်မူပါ။ အရှင်မင်းကြီးမိန့်ဆိုသောအရာကိုလည်း နက်ဖြန်နေ့တွင် ဖြေကြားပါမည်”ဟု ပြန်လျှောက်လေ၏။
ဤသို့ဖြင့် ရှင်ဘုရင်နှင့် ဟာမန်သည် မိဖုရားဧသတာ၏စားသောက်ပွဲသို့ ရောက်လာကြ၏။