ဆိုးယုတ်သောသူတို့သည် မည်မျှကြာအောင်၊ အို ထာဝရဘုရား၊ ဆိုးယုတ်သောသူတို့သည် မည်မျှကြာအောင် ရွှင်မြူးကြမည်နည်း။
ဟဗက္ကုတ် 2:6 - မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည် သူ့ကို ပြောင်လှောင်ကြမည်မဟုတ်လော။ စကားထာဖွဲ့၍ သရော်ကြမည်မဟုတ်လော။ သူတို့က ‘ကိုယ်မပိုင်သောအရာကို သိမ်းယူသောသူ၊ အပေါင်ခံပစ္စည်းများဖြင့် ချမ်းသာအောင် လုပ်သောသူသည် အမင်္ဂလာရှိ၏။ မည်သည့်အချိန်ထိ ဤသို့ပြုမည်နည်း’ဟု ဆိုကြလိမ့်မည်။ Common Language Bible စစ်ရှုံးသူတို့သည်စစ်နိုင်သူတို့အားမခံချိ% မခံသာပြောဆိုလျက်မထီလေးစားပြုကြ% လိမ့်မည်။ သူတို့က``မိမိတို့မပိုင်သည့်ဥစ္စာပစ္စည်း% ကိုသိမ်းယူကြသူသင်တို့သည်အမင်္ဂလာရှိ% ကြ၏။ သင်တို့သည်အဘယ်မျှကြာအောင် မိမိ% တို့၏ကြွေးမြီစားများကိုလိမ်လည်လှည့်စား% ၍သင်တို့ကိုယ်ကိုချမ်းသာကြွယ်ဝအောင်ပြု% နေကြပါဦးမည်နည်း'' ဟုဆိုကြလိမ့်မည်။ % Garrad Bible ပြက် ရယ် ရာ တေး၊ သ ရော် ရာ စ ကား ဝှက် ကို ဖွဲ့ ဆို ကြ မည် မ ဟုတ် လော။ ၎င်း တို့ က၊ ကိုယ် မ ပိုင် ရာ အ မြောက် အ မြား ကို လု ယက် လျက်၊ အ ပေါင် ခံ ဝန် ကို ထမ်း ဆောင် သော သင် သည်၊ အ မင်္ဂ လာ ရှိ၏။ မည် မျှ ကြာ ဦး မည် နည်း။ Judson Bible ထိုသူအပေါင်းတို့သည် သူတစ်ဖက်၌ ပုံစကားနှင့် ကဲ့ရဲ့သော နိမိတ်စကားကို သုံးဆောင်လျက်၊ ကိုယ်မပိုင်သော ဥစ္စာကို ဆည်းပူးသောသူသည် အမင်္ဂလာရှိ၏။ အဘယ်မျှကာလပတ်လုံး ကိုယ်အပေါ်မှာ ကြွေးများကို တင်စေပါလိမ့်မည်နည်းဟု မြွက်ဆိုကြမည် မဟုတ်လော။ |
ဆိုးယုတ်သောသူတို့သည် မည်မျှကြာအောင်၊ အို ထာဝရဘုရား၊ ဆိုးယုတ်သောသူတို့သည် မည်မျှကြာအောင် ရွှင်မြူးကြမည်နည်း။
မိမိဥစ္စာတိုးပွားစေရန် ဆင်းရဲသောသူကိုနှိပ်စက်သောသူ၊ သို့မဟုတ် ချမ်းသာသောသူကို ပေးကမ်းသောသူသည် အမှန်ပင် ချို့တဲ့နွမ်းပါးခြင်းသို့ရောက်လိမ့်မည်။
အကြောင်းမူကား ထိုဘုရင်က “ငါ၌ အသိဉာဏ်ရှိ၏။ ငါ့လက်ရုံးရည်၊ ငါ့ဉာဏ်ပညာဖြင့် ငါပြုပြီ။ လူမျိုးတို့၏နယ်နိမိတ်ကို ငါရွှေ့ပြီ။ သူတို့၏ဘဏ္ဍာကို တိုက်ခိုက်လုယက်ပြီ။ စိုးစံသောဘုရင်တို့ကို စစ်သူရဲသဖွယ် ငါဖြုတ်ချပြီ။
သူသည် ပြာပုံတွင်ကျက်စား၏။ သူ၏စိတ်နှလုံးသည် လှည့်စားခြင်းခံရ၍ သူ့ကိုလမ်းလွဲစေပြီ။ သူသည် ကိုယ့်ဝိညာဉ်ကို ကိုယ်မကယ်တင်နိုင်။ ‘ငါ့လက်ယာလက်ထဲ၌ရှိသောအရာကား မုသားသာမဟုတ်လော’ဟု ပြောနိုင်စွမ်းမရှိ။
နေရာလပ်မရှိတော့သည်အထိ အိမ်တစ်အိမ်နှင့်တစ်အိမ်ကပ်နေအောင်၊ လယ်တစ်ကွက်နှင့်တစ်ကွက်ဆက်နေအောင် ပြုသောသူတို့သည် အမင်္ဂလာရှိကြ၏။ ထိုမြေအလယ်၌ သင်တစ်ဦးတည်း နေထိုင်ရလိမ့်မည်။
အစားအစာမဟုတ်သောအရာအတွက် သင်တို့ငွေကိုလည်းကောင်း၊ ရောင့်ရဲမှုမပေးသောအရာအတွက် သင်တို့ချွေးနှဲစာကိုလည်းကောင်း အဘယ်ကြောင့် သင်တို့အသုံးပြုကြသနည်း။ ငါ့စကားကို စေ့စေ့နားထောင်လော့။ ကောင်းသောအစားအစာကို စားကြလော့။ သင်တို့၏စိတ်ဝိညာဉ်သည် အဆီအနှစ်နှင့်ပြည့်သောအစာနှင့် ဝအီလိမ့်မည်။
ခါငှက်သည် မိမိမဥသောဥကိုဝပ်သကဲ့သို့ မတရားသောသူသည် ဓနဥစ္စာသိုမှီးတတ်၏။ သို့သော်လည်း သူသည် သက်တမ်းတစ်ဝက်၌ပင် မိမိဓနဥစ္စာကို စွန့်ထားခဲ့ရ၍ အဆုံး၌ မိုက်မဲသောသူဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ထိုသူတို့ကြောင့် ဘေဘီလုံမြို့ရှိ ဖမ်းခေါ်သွားခြင်းခံရသောယုဒလူအပေါင်းတို့က ‘ဇေဒကိနှင့် အာဟပ်ကို ဘေဘီလုံဘုရင် မီးရှို့သတ်သကဲ့သို့ သင့်ကို ထာဝရဘုရားပြုပါစေ’ဟု အချင်းချင်းကျိန်ဆဲရာတွင် ခိုင်းနှိုင်းကျိန်ဆဲကြလိမ့်မည်ဟူ၍ မိန့်တော်မူ၏။
ထာဝရဘုရား၏အမျက်တော်ကြောင့် ဘေဘီလုံမြို့တစ်မြို့လုံး လူသူကင်းမဲ့ရာဖြစ်မည်။ မည်သူမျှ နေထိုင်တော့မည်မဟုတ်။ ထိုမြို့ခံရသောဘေးဒဏ်များကြောင့် ထိုမြို့နားဖြတ်သွားသောသူအပေါင်းတို့သည် အံ့ဩကြလိမ့်မည်၊ ကဲ့ရဲ့ကြလိမ့်မည်။
မရဏာနိုင်ငံသို့ရောက်နှင့်နေသော အားကြီးသောသူရဲကောင်းတို့သည် အီဂျစ်နှင့်သူ၏မဟာမိတ်တို့အား ‘သူတို့သည် ဓားဖြင့်အသတ်ခံရသော အရေဖျားလှီးခြင်းမခံသူတို့ရှိရာသို့ ဆင်း၍ သူတို့နှင့်အတူ လဲလျောင်းရပါပြီ’ဟု ဆိုကြလိမ့်မည်။
ထိုနေ့ရက်၌ လူတို့က သင်တို့ကို ပုံခိုင်း၍ ‘ငါတို့ လုံးလုံးပျက်စီးကြရပြီ။ ကိုယ်တော်သည် ငါ့လူမျိုးတို့၏အမွေမြေကို သူတစ်ပါးအား လွှဲပြောင်းပေးပြီ။ ငါ့ထံမှလည်း ရုပ်သိမ်းလိုက်ပြီ။ ငါတို့၏လယ်ယာကိုလည်း ရန်သူအား ပေးလိုက်လေပြီ’ဟူ၍ ခါးသီးစွာငိုကြွေးမြည်တမ်းကြလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် ထိုသူအပေါင်းတို့ကို ငါးမျှားချိတ်နှင့်မျှားလျက်၊ ပိုက်ကွန်နှင့်ဖမ်းလျက်၊ ပိုက်နှင့်ဆွဲလျက် ဝမ်းမြောက်ရွှင်လန်းကြ၏။
လူအသက်သတ်ပြီး ရွာကိုတည်သောသူ၊ မတရားသောနည်းလမ်းဖြင့် မြို့ကိုတည်ထောင်သောသူသည် အမင်္ဂလာရှိ၏။
ကြည့်ရှုလော့။ လူတို့သည် မီးစာဖြစ်သွားမည့်အရာအတွက် ကြိုးစားအားထုတ်လုပ်ကိုင်ကြပြီ။ လူမျိုးတို့သည် အချည်းနှီးသောအရာအတွက် အပင်ပန်းခံကြပြီ။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် ဤသို့ဖြစ်စေပြီမဟုတ်လော။
ထိုအခါ ဗာလမ်က ပရောဖက်ပြုလျက် “ဗာလက်မင်းကြီး၊ ထလော့။ နားထောင်လော့။ ဇိဖော်သား၊ ငါ့စကားကို စူးစိုက်နားထောင်လော့။
ထိုအခါ ဗာလမ်က ပရောဖက်ပြုလျက် “မောဘဘုရင်ဗာလက်မင်းကြီးသည် ငါ့ကို အရှေ့တောင်ရိုး အာရံပြည်မှခေါ်လာ၍ ‘လာပါလော့။ ငါ့အဖို့ ယာကုပ်အမျိုးကိုကျိန်ဆဲပါလော့။ လာပါလော့။ အစ္စရေးလူမျိုးကိုရှုတ်ချပါလော့’ဟု ဆို၏။
သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။
ခပ်သိမ်းသောအရာတို့၏နောက်ဆုံးချိန် နီးကပ်လာပြီဖြစ်၍ ဆုတောင်းခြင်းအမှုကိုပြုနိုင်ရန် တည်ငြိမ်မှန်ကန်သောစိတ်နှင့် သမ္မာသတိရှိကြလော့။