ထို့နောက်တွင် အာဗြဟံသည် ထောပတ်နှင့်နို့ကိုလည်းကောင်း၊ ချက်ပြုတ်ထားသောအမဲဟင်းကိုလည်းကောင်း ယူ၍ သူတို့ရှေ့၌ချပေးလေ၏။ သူတို့စားနေကြစဉ် အာဗြဟံသည် သူတို့အနား သစ်ပင်အောက်တွင် ရပ်နေ၏။
ဟေရှာယ 7:15 - မြန်မာ့စံမီသမ္မာကျမ်း သူသည် အဆိုးကိုပယ်၍ အကောင်းကိုရွေးချယ်တတ်သည်အထိ ထောပတ်နှင့်ပျားရည်ကိုသာ စားသုံးရလိမ့်မည်။ Common Language Bible ထိုသူငယ်သည်အရွယ်ရောက်၍စဉ်းစား ဆုံးဖြတ်တတ်ချိန်ရောက်သည့်အခါ နို့နှင့် ပျားရည်ကိုသာစားသုံးလိမ့်မည်။- Garrad Bible ထို သား သည် မ ကောင်း ကို ပယ်၍၊ အ ကောင်း ကို ရွေး ချယ် တတ် သည့် အ ရွယ် သို့ ရောက် သော အ ခါ နို့ ဓမ်း နှင့် ပျား ရည် ကို သာ စား ရှာ ရ လ တ္တံ့။ Judson Bible ထိုသူသည် မကောင်းသောအရာကိုပယ်၍၊ ကောင်းသောအရာကို ရွေးယူတတ်သည်တိုင်အောင်၊ နို့ဓမ်းနှင့်ပျားရည်ကို စားရလိမ့်မည်။ |
ထို့နောက်တွင် အာဗြဟံသည် ထောပတ်နှင့်နို့ကိုလည်းကောင်း၊ ချက်ပြုတ်ထားသောအမဲဟင်းကိုလည်းကောင်း ယူ၍ သူတို့ရှေ့၌ချပေးလေ၏။ သူတို့စားနေကြစဉ် အာဗြဟံသည် သူတို့အနား သစ်ပင်အောက်တွင် ရပ်နေ၏။
အကျွန်ုပ်သည် ဒုစရိုက်ထဲ၌မွေးဖွားလာပါ၏။ အကျွန်ုပ်၏မိခင်သည် အကျွန်ုပ်ကို ကိုယ်ဝန်ရစဉ်ကပင် အကျွန်ုပ်သည် အပြစ်ထဲ၌ရှိပါ၏။
နို့များစွာထွက်သဖြင့် သူသည် ထောပတ်ကိုစားရလိမ့်မည်။ အကယ်စင်စစ် ထိုပြည်၌ ကြွင်းကျန်သောသူအပေါင်းတို့သည် ထောပတ်နှင့်ပျားရည်ကို စားရကြလိမ့်မည်။
မကောင်းမှုကို မုန်း၍ ကောင်းမှုကို မြတ်နိုးလော့။ မြို့တံခါးတွင် တရားမျှတမှု ရှိစေလော့။ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားသည် ကြွင်းကျန်သောယောသပ်အမျိုးကို သနားကောင်း သနားတော်မူလိမ့်မည်။
ယောဟန်သည် ကုလားအုတ်အမွေးဖြင့်လုပ်ထားသောအဝတ်ကိုဝတ်၍ ခါး၌သားရေခါးပန်းကိုစည်းထား၏။ သူ၏အစားအစာမူကား ကျိုင်းကောင်နှင့်တောပျားရည်တို့ဖြစ်ကြ၏။
ကောင်းကင်တမန်ကလည်း “သန့်ရှင်းသောဝိညာဉ်တော်သည် သင့်အပေါ်သက်ရောက်တော်မူ၍ အမြင့်ဆုံးသောဘုရား၏တန်ခိုးတော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထို့ကြောင့် ဖွားမြင်လာမည့်သန့်ရှင်းသောသူငယ်သည် ဘုရားသခင်၏သားတော်ဟု ခေါ်ဝေါ်ခြင်းကိုခံရလိမ့်မည်။
သူငယ်သည်လည်းကြီးထွား၍ ကြံ့ခိုင်သန်စွမ်းလာကာ ဉာဏ်ပညာနှင့်ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်လေ၏။
ယေရှုသည် ကာယ၊ ဉာဏကြီးထွားတိုးပွားလျက် ဘုရားသခင်ရှေ့၊ လူတို့ရှေ့၌ မျက်နှာရတော်မူ၏။
ချစ်ခြင်းမေတ္တာသည် ဟန်ဆောင်မှုနှင့်ကင်းရမည်။ မကောင်းသောအရာကိုရွံမုန်း၍ ကောင်းသောအရာကိုတွယ်တာကြလော့။
လုယူဖျက်ဆီးခြင်းခံရကြလိမ့်မည်ဟု သင်တို့ဆိုခဲ့သော သင်တို့၏ကလေးများ၊ ယခုအချိန်တွင် အကောင်းအဆိုးကိုမသိသေးသော သင်တို့၏သားသမီးများသည် ထိုပြည်သို့ ဝင်ရလိမ့်မည်။ ငါသည် ထိုပြည်ကို သူတို့အားပေး၍ သူတို့သည် ထိုပြည်ကို ပိုင်ဆိုင်ရလိမ့်မည်။