သို့သော် အာခတ်မင်းကြီးက “အကျွန်ုပ်မတောင်းပါ။ ထာဝရဘုရားကို အကျွန်ုပ်မစမ်းသပ်ပါ”ဟု ပြန်လျှောက်၏။
အာခတ်က``ငါသည်ထာဝရဘုရားအား အကဲမစမ်းလိုပါ။ သို့ဖြစ်၍နိမိတ် လက္ခဏာကိုတောင်းလျှောက်လိမ့်မည် မဟုတ်'' ဟုဆို၏။
ထာ ဝ ရ ဘု ရား ကို စုံ စမ်း ၍ မ တောင်း မ လျှောက် ဝံ့ ပါ ဟု ပြန် ဆို သော်၊
အာခတ်မင်းက၊ ကျွန်ုပ်မတောင်းပန်ပါ။ ထာဝရဘုရားကို မစုံစမ်းပါဟု ပြန်ပြော၏။
အာခတ်မင်းကြီးသည် ယဇ်ပုရောဟိတ်ဥရိယအား “ထိုယဇ်ပလ္လင်ကြီးပေါ်၌ နံနက်မီးရှို့ရာယဇ်နှင့် နေဝင်ချိန်ဘောဇဉ်ပူဇော်သက္ကာ၊ ဘုရင့်မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ တိုင်းသူပြည်သားအားလုံးတို့၏မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာစသည်တို့ကို ပူဇော်ရမည်။ မီးရှို့ရာယဇ်ကောင်၏အသွေးနှင့် အခြားယဇ်ကောင်အသွေးရှိသမျှတို့ကို ထိုယဇ်ပလ္လင်ပေါ်တွင် ပက်ဖျန်းရမည်။ ကြေးနီယဇ်ပလ္လင်မူကား ငါမေးလျှောက်ရန်အတွက် ဖြစ်ရမည်”ဟု မိန့်မှာ၏။
အာခတ်မင်းကြီးသည် ဒုက္ခရောက်နေချိန်တွင်ပင် ထာဝရဘုရားအပေါ် သစ္စာမဲ့သောလုပ်ရပ်များကို ဆက်၍သာလုပ်ဆောင်လေ၏။
“သင်၏ဘုရားသခင်ထာဝရဘုရားထံ နိမိတ်လက္ခဏာကို တောင်းလော့။ နက်သောမရဏာနိုင်ငံမှဖြစ်စေ၊ မြင့်သောအထက်အရပ်မှဖြစ်စေ တောင်းလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ဟေရှာယက “ဒါဝိဒ်အမျိုးအနွယ်တို့၊ နားထောင်လော့။ သင်တို့သည် လူတို့ကိုစိတ်ပင်ပန်းစေသည်မှာ နည်းသေး၍ ငါ၏ဘုရားသခင်ကိုပါ စိတ်ပင်ပန်းစေကြမည်လော။
သူတို့သည် ငါ့လူမျိုးတော်ကဲ့သို့ သင့်ထံလာ၍ သင့်ရှေ့တွင်ထိုင်လျက် သင့်စကားကို နားထောင်ကြသော်လည်း မလိုက်နာဘဲနေ၏။ သူတို့၏နှုတ်သည် ချစ်ဖွယ်စကားကို ပြောဆိုကြ၏။ သူတို့၏စိတ်မူကား မတရားသောအကျိုးစီးပွားကို စွဲလမ်းကြ၏။
ထို့ကြောင့် ယခုမှာ အကျွန်ုပ်တို့သည် မာနထောင်လွှားသောသူကို မင်္ဂလာရှိသောသူဟု မှတ်ယူ၏။ အကယ်စင်စစ် ဆိုးယုတ်သောသူတို့သည် ကြီးပွားတိုးတက်၏။ ဘုရားသခင်ကို စမ်းသပ်သောသူတို့သည်လည်း ဘေးဒုက္ခမရောက်”ဟု ဆိုကြပြီ။
ပေတရုကလည်း “သင်တို့သည် အဘယ်ကြောင့် သဘောတူလျက် ထာဝရဘုရား၏ဝိညာဉ်တော်ကိုစမ်းသပ်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့သောသူတို့၏ခြေလှမ်းများသည် တံခါးနားသို့ရောက်နေကြပြီ။ သူတို့သည် သင့်ကိုလည်း သယ်ဆောင်သွားကြလိမ့်မည်”ဟု ဆိုလေ၏။
သူတို့ထဲမှ အချို့တို့သည် အကဲစမ်းသကဲ့သို့ ငါတို့သည် ခရစ်တော်ကို အကဲမစမ်းဘဲ နေကြကုန်စို့။ ထိုသို့အကဲစမ်းသောသူတို့သည် မြွေများအားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။
သင်တို့သည် မဿာအရပ်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အကဲစမ်းသကဲ့သို့ အကဲမစမ်းရ။