သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
သူကြီး 20:40 - မြန်မာ့စံမီသမ္မာကျမ်း ထိုစဉ် မြို့ထဲမှ မီးခိုးလုံး စတက်လာလေ၏။ ဗင်္ယာမိန်အမျိုးသားတို့လည်း နောက်သို့လှည့်ကြည့်ရာ မြို့ထဲမှမီးခိုးလုံးကြီး ကောင်းကင်သို့တက်နေသည်ကို မြင်လေ၏။ Common Language Bible ထိုအချိန်၌မီးခိုးလုံးကြီးတစ်ခုသည်မြို့ထဲ မှတက်စပြုပြီဖြစ်၍ အချက်ပြအမှတ်လက္ခ ဏာပေါ်လာလေသည်။ ဗင်္ယာမိန်အမျိုးသားတို့ သည်နောက်သို့လှည့်၍ကြည့်လိုက်သောအခါ မြို့တစ်မြို့လုံးမီးလျှံတောက်နေသည်ကိုမြင် သဖြင့်အံ့အားသင့်၍သွားကြ၏။- Garrad Bible မြို့ တွင်း မှ မီး ခိုး တိုင် သ ဖွယ် အ ခိုး တက် လွင့် ရာ၊ ဗင်္ယာ မိန့် သူ ရဲ တို့ လှည့် ကြည့်၍ တစ် မြို့ လုံး ကောင်း ကင် သို့ မီး ခိုး တက် လွင့် သည် ကို မြင် ကြ၏။ Judson Bible တစ်ဖန် မီးလောင်၍ ထူထပ်သောမီးခိုးသည် မြို့ထဲမှာ တက်စရှိသောအခါ၊ ဗင်္ယာမိန်လူတို့သည် ပြန်ကြည့်၍ မြို့ကိုလောင်သော မီးလျှံသည် မိုးကောင်းကင်သို့ တက်သည်ကို မြင်ကြ၍၊ |
သောဒုံမြို့နှင့်ဂေါမောရမြို့မှစ၍ မြစ်ဝှမ်းတစ်ဝှမ်းလုံးကို အပေါ်စီးမှကြည့်လေရာ ထိုအရပ်မှမီးခိုးသည် မီးပြင်းဖိုမှမီးခိုးကဲ့သို့ တက်နေသည်ကိုမြင်လေ၏။
“မုရန်၊ လော်ဗန်တို့မှစ၍ ကုန်သည်တို့၏နံ့သာမှုန့်အမျိုးမျိုးတို့ရနံ့နှင့် သင်းထုံနေသောမီးခိုးလုံးကဲ့သို့ တောကန္တာရမှတက်လာသောသူကား မည်သူနည်း။
မိုးကောင်းကင်နှင့် မြေကြီးပေါ်တွင် အံ့ဖွယ်သောအမှုတို့ကို ငါပြဦးမည်။ သွေး၊ မီးနှင့် မီးခိုးတိုင်တို့ ဖြစ်ပေါ်မည်။
အာဣမြို့သားတို့သည် အနောက်သို့လှည့်ကြည့်သောအခါ မြို့ထဲမှမီးခိုးများ ကောင်းကင်သို့တက်နေသည်ကို မြင်၏။ ထိုအခါ မည်သည့်ဘက်သို့ ပြေးရမည်ကို မသိဖြစ်ကြ၏။ တောကန္တာရဘက်သို့ပြေးသွားသောစစ်သည်တို့ကလည်း အနောက်မှလိုက်သောသူတို့ထံ ပြန်လှည့်လာ၏။
ထို့နောက် တစ်ဖန် သူတို့က “ဟာလေလုယာ။ သူ၏မီးခိုးသည် ကမ္ဘာအဆက်ဆက်တက်သွားလျက်ရှိ၏”ဟု ဆိုကြ၏။
ကြည့်ရှုလော့။ နေဝင်ချိန်တွင် အဖိုးအိုတစ်ဦးသည် လယ်လုပ်ရာမှပြန်လာ၏။ သူသည် ဧဖရိမ်တောင်ပေါ်သားဖြစ်၍ ဂိဗာမြို့တွင် တည်းခိုနေထိုင်ခြင်းဖြစ်၏။ ဂိဗာမြို့သားတို့မှာ ဗင်္ယာမိန်အမျိုးသားများ ဖြစ်ကြ၏။