ဆင်ခြင်ဉာဏ်ရှိသောသူသည် အသိပညာကို ဖုံးကွယ်ထားတတ်၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား မိုက်မဲမှုကိုကြေညာတတ်၏။
သူကြီး 16:17 - မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ရှံဆုန်က “ငါသည် အမိဝမ်းထဲမှစ၍ ဘုရားသခင်အဖို့ နာဇရိလူ ဖြစ်၏။ ငါ့ဆံပင်ကို သင်တုန်းဓားနှင့် မရိတ်ရ။ ငါ့ဆံပင်ကို ရိတ်ပစ်လျှင် ငါ့ခွန်အားယုတ်လျော့၍ သာမန်လူကဲ့သို့ ဖြစ်သွားမည်”ဟု စိတ်ထဲရှိသည့်အတိုင်း ပြောပြလေ၏။ Garrad Bible စိတ် တွင် ပါ ရှိ သ မျှ ကို ဖော် ပြ မိ သည် မှာ ငါ သည် အ မိ ဝမ်း တွင်း မှ စ၍ ဘု ရား သ ခင့် မျက် မှောက် တော် တွင် ပ ရ ဗိုဇ် ဂိုဏ်း သား အ ဖြစ် နေ ရ သည့် အ လျောက် ဦး ခေါင်း ပေါ် တွင် သင် တုန်း ဓား မ တင် ရ သေး။ ဆံ ပယ် ခြင်း ခံ ရ မူ ခွန် အား ကွယ် ပျောက်၍ လူ တိုင်း ကဲ့ သို့ ဖြစ် လျက် အား လျော့ လိမ့် မည် ဟု ပြော ဆို လေ ၏။ Judson Bible ရှံဆုန်သည် မိမိစိတ်နှလုံး၌ ရှိသမျှအတိုင်းပြော၍၊ ငါ့ဆံပင်ကို တစ်ခါမျှ မရိတ်သေး။ အမိဝမ်းထဲမှစ၍ ဘုရားသခင်၏ နာဇရိလူဖြစ်၏။ ငါ့ဆံပင်ကိုရိတ်လျှင် ငါ၌ခွန်အားလျော့၍ အခြားသောသူကဲ့သို့ ငါဖြစ်လိမ့်မည်ဟု ပြောဆို၏။ |
ဆင်ခြင်ဉာဏ်ရှိသောသူသည် အသိပညာကို ဖုံးကွယ်ထားတတ်၏။ မိုက်မဲသောသူတို့၏စိတ်နှလုံးမူကား မိုက်မဲမှုကိုကြေညာတတ်၏။
မိမိနှုတ်ကိုစောင့်စည်းသောသူသည် မိမိအသက်ကိုစောင့်ရှောက်၏။ နှုတ်ဖွာသောသူသည် ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
အုပ်စိုးသူမင်းသည် မုသားစကားကိုအာရုံစိုက်လျှင် သူ၏အမှုထမ်းအပေါင်းတို့သည် ဆိုးယုတ်သောသူများဖြစ်လာကြလိမ့်မည်။
သင့်အိမ်နီးချင်းကို မယုံနှင့်။ သင့်မိတ်ဆွေကိုလည်း မကိုးစားနှင့်။ သင့်ရင်ခွင်၌ အိပ်နေသောမိန်းမရှေ့တွင်လည်း စကားကို သတိထားပြောလော့။
“အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ နာဇရိလူအဖြစ် ထာဝရဘုရားအတွက် မိမိကိုယ်မိမိ သီးခြားထားရန် ကတိသစ္စာပြုလိုလျှင်
မိမိကိုယ်မိမိနာဇရိလူအဖြစ် ကတိသစ္စာပြုသည့်ကာလပတ်လုံး မိမိ၏ခေါင်းကိုမရိတ်ရ။ ထာဝရဘုရားအတွက် မိမိကိုယ်မိမိ သီးခြားထားသည့်ကာလမပြည့်မီတိုင်အောင် သန့်ရှင်းသောသူဖြစ်ရမည်။ မိမိဆံပင်ကို အရှည်ထားရမည်။
ထို့နောက် ပေါလုသည် ရက်ပေါင်းများစွာဆက်၍နေပြီးမှ ညီအစ်ကိုများကိုနှုတ်ဆက်ကာ ဆီးရီးယားပြည်သို့ ရွက်လွှင့်သွားလေ၏။ ပြစ်ကိလနှင့်အာကုလတို့သည်လည်း သူနှင့်အတူလိုက်ပါကြ၏။ ပေါလုသည် အဓိဋ္ဌာန်ပြုထားသည်ဖြစ်၍ ရွက်မလွှင့်မီ ကင်ခြေမြို့တွင် မိမိဦးခေါင်းကိုရိတ်လေ၏။
အကြောင်းမူကား သင်သည် ကိုယ်ဝန်ဆောင်၍ သားယောက်ျားကို မွေးဖွားမည်။ သူ့ဆံပင်ကို သင်တုန်းဓားနှင့် မရိတ်ရ။ သူငယ်သည် အမိဝမ်းထဲမှစ၍ ဘုရားသခင်အဖို့ နာဇရိလူဖြစ်မည်။ သူသည် အစ္စရေးလူမျိုးတို့ကို ဖိလိတ္တိလူမျိုးတို့လက်မှ ဦးဆောင်ကယ်တင်လိမ့်မည်”ဟု ဆို၏။
ဒေလိလသည် ရှံဆုန်အား စကားလုံးများဖြင့် နေ့ရှိသရွေ့ပူဆာဖိအားပေးလွန်းသဖြင့် ရှံဆုန်လည်း သေချင်လောက်အောင်စိတ်ပျက်လာ၏။
ရှံဆုန်က စိတ်ထဲရှိသည့်အတိုင်း အမှန်ကိုပြောပြကြောင်း ဒေလိလ သိလျှင် လူကိုစေလွှတ်၍ ဖိလိတ္တိမင်းတို့ကို ခေါ်စေကာ “နောက်တစ်ခေါက် လာခဲ့ကြပါဦး။ ရှံဆုန်က သူ့စိတ်ထဲရှိသည့်အတိုင်း အမှန်ကို အကျွန်ုပ်အား ပြောပြပြီ”ဟု မှာလိုက်သဖြင့် ဖိလိတ္တိမင်းတို့သည်လည်း ငွေစပါလျက် ဒေလိလထံသို့ လာကြပြန်၏။