ငါ၏နှုတ်သည် ဉာဏ်ပညာစကားကိုမြွက်ဆိုမည်။ ငါ့စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုသည် ထိုးထွင်းဉာဏ်ကိုပေးမည်။
သုတ္တံကျမ်း။ 8:6 - မြန်မာ့စံမီသမ္မာကျမ်း နားထောင်ကြလော့။ အကြောင်းမူကား ငါသည် ကောင်းမြတ်သောအရာများကို ပြောဆိုမည်။ ငါ့နှုတ်မြွက်ဟသောအရာသည်လည်း ဟုတ်မှန်သောအရာများဖြစ်၏။ Common Language Bible နားထောင်ကြ။ မြတ်သောစကားကို ငါပြော မည်။ မှန်သောတရားစကားကို ငါနှုတ်မြွက်မည်။ Garrad Bible နား ထောင် ကြ။ ထူး မြတ် သော စ ကား ကိုငါ ကြော် ငြာ လျက်၊ တော် မှန် ညီ ညွတ် ခြင်း ကို လည်း ငါ နှုတ် မြွက် မည်။ Judson Bible နားထောင်ကြ။ မြတ်သောစကားကို ငါပြောမည်။ မှန်သောတရားစကားကို ငါနှုတ်မြွက်မည်။ |
ငါ၏နှုတ်သည် ဉာဏ်ပညာစကားကိုမြွက်ဆိုမည်။ ငါ့စိတ်နှလုံး၏စဉ်းစားဆင်ခြင်မှုသည် ထိုးထွင်းဉာဏ်ကိုပေးမည်။
သင်၏နှုတ်ခမ်းသည် ဟုတ်မှန်သောအရာများကိုပြောဆိုသောအခါ ငါ၏အတွင်းသဘောသည် ရွှင်မြူးလိမ့်မည်။
အကြောင်းမူကား ငါသည် သင်တို့အား ကောင်းမြတ်သောပညာကို ပေး၏။ ငါ၏သွန်သင်ချက်ကို မစွန့်ပယ်ကြနှင့်။
ဤသည်ကား “ငါသည် ပုံဥပမာများဖြင့် ငါ့နှုတ်ကိုဖွင့်လျက် ကမ္ဘာတည်ကတည်းက ကွယ်ဝှက်ထားသောအရာတို့ကို ထုတ်ဖော်ပြောဆိုမည်”ဟု ပရောဖက်အားဖြင့် မိန့်တော်မူသောအရာပြည့်စုံခြင်းသို့ရောက်မည့်အကြောင်းတည်း။
ထိုနှုတ်ကပတ်တော်သည် ရှေးကာလများမှစ၍ ခေတ်ကာလအစဉ်အဆက်ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ မိမိ၏သန့်ရှင်းသူတို့အား ဖွင့်ပြတော်မူသည့် လျှို့ဝှက်နက်နဲသောအရာဖြစ်၏။