ထာဝရဘုရား၏တရားတော်သည် ပြည့်ဝစုံလင်၍ စိတ်ဝိညာဉ်ကိုလန်းဆန်းစေ၏။ ထာဝရဘုရား၏သက်သေခံချက်သည် ယုံကြည်စိတ်ချရ၍ အသိပညာနည်းပါးသောသူတို့ကို ပညာရှိစေ၏။
သုတ္တံကျမ်း။ 8:5 - မြန်မာ့စံမီသမ္မာကျမ်း အသိဉာဏ်နည်းပါးသောသူတို့၊ ဆင်ခြင်ဉာဏ်ကို ရယူကြလော့။ မိုက်မဲသောသူတို့၊ အသိဉာဏ်ကို ရယူကြလော့။ Common Language Bible ဥာဏ်တိမ်သောသူတို့၊ ပညာတရားကို နား လည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသော ဥာဏ်ရှိကြ လော့။ Garrad Bible မ လိ မ္မာ သူ တို့၊ အ လိ မ္မာ ဉာဏ် ကို နား လည် ၍၊ မိုက် မဲ သူ တို့၊ နား လည် သော စိတ် ကို ရ ရှိ ကြ လော့။ Judson Bible ဉာဏ်တိမ်သောသူတို့၊ ပညာတရားကို နားလည်ကြလော့။ လူမိုက်တို့၊ ထိုးထွင်းသောဉာဏ်ရှိကြလော့။ |
ထာဝရဘုရား၏တရားတော်သည် ပြည့်ဝစုံလင်၍ စိတ်ဝိညာဉ်ကိုလန်းဆန်းစေ၏။ ထာဝရဘုရား၏သက်သေခံချက်သည် ယုံကြည်စိတ်ချရ၍ အသိပညာနည်းပါးသောသူတို့ကို ပညာရှိစေ၏။
လူတို့ထဲမှ အသိတရားကင်းမဲ့သောသူတို့၊ နားလည်ကြလော့။ မိုက်မဲသောသူတို့၊ မည်သည့်အချိန်မှ ပညာသတိရှိလာကြမည်နည်း။
“အသိဉာဏ်နည်းပါးသောသူတို့သည် အသိဉာဏ်နည်းပါးခြင်းကိုနှစ်သက်လျက်၊ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့၏ပြက်ရယ်ပြုခြင်း၌မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် အသိပညာကိုမုန်းတီးလျက် မည်မျှကြာအောင်နေကြဦးမည်နည်း။
အကြောင်းမူကား အသိဉာဏ်နည်းပါးသောသူတို့သည် မိမိ၏လမ်းလွဲဖောက်ပြန်မှုကြောင့် သေကြရ၏။ မိုက်မဲသောသူတို့သည်လည်း မိမိကိုယ်မိမိအားရကျေနပ်မှုကြောင့် ပျက်စီးကြရ၏။
အသိဉာဏ်နည်းပါးသောသူတို့အား ဆင်ခြင်ဉာဏ်ကိုပေး၍ လူငယ်တို့အား အသိပညာနှင့်အလိမ္မာဉာဏ်ကို ပေးရန်အတွက်လည်းကောင်း ဖြစ်ကြ၏။
ပညာရှိသောသူတို့သည် ဂုဏ်သရေကို အမွေဆက်ခံရကြလိမ့်မည်။ မိုက်မဲသောသူတို့မူကား အရှက်ကွဲကြရလိမ့်မည်။
ငါ ဉာဏ်ပညာသည် ဆင်ခြင်ဉာဏ်နှင့်အတူနေ၍ အလိမ္မာဉာဏ်နှင့်ဆိုင်သောအသိပညာကို ငါတွေ့၏။
“အသိဉာဏ်နည်းပါးသောသူမည်သူမဆို ဤနေရာသို့လှည့်လာပါစေ”ဟု ဟစ်ခေါ်၏။ အသိစိတ်မရှိသောသူအားလည်း
ထာဝရဘုရားသည် သူရဲကောင်းကဲ့သို့ကြွတော်မူမည်။ စိတ်အားထက်သန်မှုကို စစ်သူရဲကဲ့သို့ လှုံ့ဆော်တော်မူမည်။ ကိုယ်တော်သည် ကြွေးကြော်တော်မူမည်။ ဟစ်အော်တော်မူမည်။ မိမိရန်သူတို့ကို အောင်နိုင်တော်မူမည်။
ဤသည်ကား သူတို့၏မျက်စိကိုဖွင့်ပေး၍ သူတို့ကို အမှောင်မှ အလင်းသို့လည်းကောင်း၊ စာတန်၏အခွင့်အာဏာမှ ဘုရားသခင်ထံသို့လည်းကောင်း ပြောင်းလဲစေသဖြင့် သူတို့သည် ငါ့ကိုယုံကြည်ခြင်းအားဖြင့် အပြစ်များခွင့်လွှတ်ခြင်းကျေးဇူးကိုခံစားရကာ သန့်ရှင်းစေခြင်းခံရသောသူတို့ထဲတွင် ပါဝင်ရမည့်အကြောင်းတည်း’ဟု မိန့်တော်မူခဲ့ပါသည်။
ထို့ပြင် အရေးပါသောသူတို့ကိုပယ်ဖျက်ရန် အရေးမပါသောသူများဖြစ်ကြသည့် လောကရှိ အဆင့်အတန်းနိမ့်သောသူများနှင့် မထီမဲ့မြင်ပြုခြင်းခံရသောသူများကို ဘုရားသခင်ရွေးကောက်တော်မူ၏။