ထိုမိန်းမသည် ဓားပြကဲ့သို့ချောင်းမြောင်း၍ ယောက်ျားတို့ထဲတွင် သစ္စာမဲ့သောသူကိုများပြားစေတတ်၏။
သုတ္တံကျမ်း။ 7:12 - မြန်မာ့စံမီသမ္မာကျမ်း ယခုပင် အပြင်၌၊ ယခုပင် လမ်းဆုံ၌ရှိလျက် လမ်းထောင့်ရှိသမျှတို့၌ ချောင်းမြောင်းနေတတ်၏။ Common Language Bible ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာနေလျက်၊ လမ်း ထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ကြည့်တတ်၏။ Garrad Bible အိမ် ပြင် ခ ဏ၊ လမ်း တွင် ခ ဏ နေ၍၊ အ ရပ် ရပ် သော လမ်း ထောင့် များ မှာ ချောင်း မြောင်း လေ့ ရှိ သည့် အ တိုင်း၊ Judson Bible ခဏအိမ်ပြင်၊ ခဏလမ်းထဲမှာ နေလျက်၊ လမ်းထောင့်အရပ်ရပ်၌ ချောင်းမြောင်း၍ ကြည့်တတ်၏။ |
ထိုမိန်းမသည် ဓားပြကဲ့သို့ချောင်းမြောင်း၍ ယောက်ျားတို့ထဲတွင် သစ္စာမဲ့သောသူကိုများပြားစေတတ်၏။
ထိုသူသည် မိန်းမတစ်ဦးနေထိုင်ရာ လမ်းထောင့်နားမှဖြတ်သွား၍ ထိုမိန်းမ၏အိမ်ရှိရာလမ်းသို့လျှောက်သွားလေ၏။
သူသည် မိမိ၏အိမ်တံခါးဝ၌လည်းကောင်း၊ မြို့၏မြင့်သောအရပ်ရှိထိုင်ခုံပေါ်၌လည်းကောင်း ထိုင်လျက်
“ရှေးကာလ၌ သင်၏ထမ်းပိုးကို ငါချိုး၍ သင်၏အချည်အနှောင်တို့ကို ငါဖြတ်ခဲ့၏။ သင်က ‘အကျွန်ုပ် ဝတ်မပြုပါ’ဟု ဆို၏။ အကယ်စင်စစ် သင်သည် ရှိရှိသမျှကုန်းမြင့်ပေါ်တွင်လည်းကောင်း၊ ရှိရှိသမျှစိမ်းလန်းသောသစ်ပင်အောက်တွင်လည်းကောင်း ပြည့်တန်ဆာလုပ်၏။
အချစ်ရှာနည်းကို သင်ကျွမ်းကျင်လှပါသည်တကား။ ဆိုးသောမိန်းမတို့ကိုလည်း သင်၏နည်းလမ်းတို့ကို သင်ကြားပေးပါသည်တကား။
သင်သည် အဘယ်ကြောင့် ဤမျှလောက်လှည့်လည်သွားလာ၍ သင်၏အပြုအမူကို ပြောင်းလဲရသနည်း။ အဆီးရီးယားပြည်အားဖြင့် အရှက်ကွဲရသကဲ့သို့ အီဂျစ်ပြည်အားဖြင့် အရှက်ကွဲရလိမ့်မည်။
တောင်ကတုံးများပေါ်သို့ မျှော်ကြည့်လော့။ ယောက်ျားတို့နှင့် သင်မအိပ်ဖူးသောနေရာ ရှိသလော။ တောကန္တာရမှ အာရပ်လူမျိုးကဲ့သို့ သင်သည် လမ်းများ၌ထိုင်၍ သူတို့ကို စောင့်နေ၏။ သင်သည် ဖောက်ပြန်သောအပြစ်အားဖြင့်လည်းကောင်း၊ မကောင်းမှုအားဖြင့်လည်းကောင်း ပြည်ကိုညစ်ညူးစေပြီ။
‘သင်သည် လမ်းဆုံလမ်းခွတိုင်းတွင် အထွတ်အမြတ်ထားရာနေရာကိုတည်၏။ လူစည်ကားသောနေရာတိုင်းတွင် ပူဇော်ရာကိုတည်၏။ ထိုသို့ ဖောက်ပြန်မှားယွင်းနေသော်လည်း အခကြေးငွေမယူသောကြောင့် သင်သည် ပြည့်တန်ဆာနှင့်မတူ။
ဆီမီး၏အလင်းကိုလည်း သင့်အထဲ၌ လုံးဝထွန်းလင်းတော့မည်မဟုတ်။ မင်္ဂလာဆောင်သတို့သားနှင့်သတို့သမီးတို့၏အသံကိုလည်း သင့်အထဲ၌ လုံးဝကြားရတော့မည်မဟုတ်။ အကြောင်းမူကား သင်၏ကုန်သည်တို့သည် ကမ္ဘာမြေကြီး၏မှူးကြီးမတ်ရာများဖြစ်ကြ၏။ လူမျိုးတကာတို့သည်လည်း သင်၏ပြုစားခြင်းဖြင့် လှည့်ဖြားခြင်းကိုခံခဲ့ရကြ၏။
အကြောင်းမူကား လူမျိုးအပေါင်းတို့သည် သူ၏တရားနှင့်မညီမေထုန်ပြုခြင်းနှင့်ဆိုင်သည့် ပြင်းစွာသောဒေါသစပျစ်ဝိုင်ကိုသောက်ကြ၍ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည် သူနှင့်အတူတရားနှင့်မညီမေထုန်ပြုကြကာ ကမ္ဘာမြေကြီး၏ကုန်သည်တို့သည်လည်း သူ၏လွန်ကျူးသောဇိမ်ခံခြင်းအရှိန်အဝါအားဖြင့် ချမ်းသာလာကြ၏”ဟု ဆို၏။