ငါ့သား၊ သင့်ဖခင်၏ပညတ်ချက်ကို လိုက်နာကျင့်သုံးလော့။ သင့်မိခင်၏သွန်သင်ချက်ကို မပစ်ပယ်နှင့်။
သုတ္တံကျမ်း။ 5:5 - မြန်မာ့စံမီသမ္မာကျမ်း သူ၏ခြေသည် သေခြင်းသို့ဆင်းသွား၍ သူ၏ခြေလှမ်းတို့သည် မရဏာနိုင်ငံသို့ ဦးတည်လျက်ရှိ၏။ Common Language Bible သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွား ရာလမ်းသည် မရဏာနိုင်ငံသို့ ရောက်တတ်၏။ Garrad Bible အ သက် လမ်း သို့ သင် ညီ ညွတ် စွာ မ လိုက် စေ ရန်၊ သူ့ ခြေ များ သည် သေ ခြင်း သို့ ဆင်း သွား လျက်၊ ခြေ လှမ်း များ လည်း မ ရ ဏာ့ နိုင် ငံ တိုင် ဆိုက် ကပ်၍၊ ကိုယ့် အ လေ့ အ လာ များ တိမ်း ယိမ်း ကြောင်း ကို လည်း မ သိ ချေ။ Judson Bible သူ၏ခြေတို့သည် သေခြင်းသို့ဆင်း၍၊ သူသွားရာလမ်းသည် မရဏနိုင်ငံသို့ ရောက်တတ်၏။ |
ငါ့သား၊ သင့်ဖခင်၏ပညတ်ချက်ကို လိုက်နာကျင့်သုံးလော့။ သင့်မိခင်၏သွန်သင်ချက်ကို မပစ်ပယ်နှင့်။
ငါ့သား၊ ငါ့စကားတို့ကိုစောင့်ထိန်း၍ ငါ၏ပညတ်ချက်တို့ကို သင့်အထဲ၌သိုမှီးထားလော့။
သူ၏အိမ်သည် သေခြင်း၏အတွင်းခန်းများသို့ ဆင်းသွားသည့် မရဏာနိုင်ငံသို့သွားရာလမ်းများဖြစ်၏။
တစ်ဖန် ပိုက်ကွန်နှင့်ထောင်ပိုက်ကဲ့သို့သောစိတ်နှလုံးရှိ၍ လက်ထိတ်ကဲ့သို့သောလက်ရှိသည့်မိန်းမသည် သေခြင်းထက် ပို၍ခါးသည်ကို ငါတွေ့ရ၏။ ဘုရားသခင်၏စိတ်တော်နှင့်တွေ့သောသူသည် ထိုမိန်းမ၏လက်မှလွတ်မြောက်လိမ့်မည်။ အပြစ်ပြုသောသူမူကား သူ၏ဖမ်းမိခြင်းကိုခံရလိမ့်မည်။
ထိုအခါ ငါကြည့်လိုက်ရာစိမ်းဖန့်ဖန့်မြင်းတစ်ကောင်ရှိ၍ ထိုမြင်းပေါ်တွင်စီးသောသူသည် သေခြင်းဟုနာမည်တွင်၏။ သူ၏နောက်မှ မရဏာနိုင်ငံသည်လိုက်လာ၏။ သူတို့သည် ဓားဘေးဖြင့်လည်းကောင်း၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးဖြင့်လည်းကောင်း၊ သေဘေးဖြင့်လည်းကောင်း၊ မြေကြီးပေါ်ရှိသားရဲတိရစ္ဆာန်ဘေးဖြင့်လည်းကောင်း လူတို့ကိုသတ်ဖြတ်ရန် ကမ္ဘာမြေကြီး၏လေးပုံတစ်ပုံအပေါ် အခွင့်အာဏာကိုရကြ၏။