ထိုမုန့်ကို တစ်စစီချိုးဖဲ့၍ ထိုမုန့်ပေါ်၌ ဆီလောင်းရမည်။ ဤသည်ကား ဘောဇဉ်ပူဇော်သက္ကာဖြစ်၏။
ဝတ်ပြု 2:5 - မြန်မာ့စံမီသမ္မာကျမ်း ဒယ်ပြားပေါ်တွင်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သက္ကာအဖြစ် ပူဇော်လိုလျှင် အကောင်းဆုံးဂျုံမှုန့်ဖြင့်ပြုလုပ်သည့် ဆီနှင့်ရောသောတဆေးမဲ့မုန့်ဖြစ်ရမည်။ Common Language Bible သံဒယ်ပြားတွင်ဖုတ်သောမုန့်ကိုပူဇော်လျှင် ယင်းမုန့်သည်တဆေးမပါသောမုန့်ညက် ကို သံလွင်ဆီနှင့်ရောသောမုန့်ဖြစ်စေရ မည်။- Garrad Bible သံ အိုး ကင်း နှင့် လုပ် သော ဘော ဇဉ် သ က္ကာ ဖြစ် လျှင် ဆီ ရော သော တ ဆေး မဲ့ မုန့် ညက် ကို လှော်၍ လှူ ဒါန်း လော့။ Judson Bible သံပြားပူနှင့်လုပ်သောမုန့်ကို ဘောဇဉ်ပူဇော်သကာပြုလိုလျှင်၊ ဆီရော၍ တဆေးမပါသောမုန့်ညက်နှင့် လုပ်ရမည်။ |
ထိုမုန့်ကို တစ်စစီချိုးဖဲ့၍ ထိုမုန့်ပေါ်၌ ဆီလောင်းရမည်။ ဤသည်ကား ဘောဇဉ်ပူဇော်သက္ကာဖြစ်၏။
၎င်းကို ဒယ်ပြားတွင် ဆီဖြင့်နယ်ပြီး ယူလာရမည်။ ၎င်းကို တစ်စစီဖဲ့၍ ထိုဘောဇဉ်ပူဇော်သက္ကာအစအနများကို မွှေးကြိုင်သောရနံ့အဖြစ် ထာဝရဘုရားအားပူဇော်ရမည်။
မိတ်သဟာယယဇ်ကို ကျေးဇူးတော်ချီးမွမ်းခြင်းအတွက် ပူဇော်လိုလျှင် ကျေးဇူးတော်ချီးမွမ်းရာပူဇော်သက္ကာနှင့်အတူ ဆီနှင့်ရောသောတဆေးမဲ့မုန့်ဝိုင်း၊ ဆီနှင့်လူးသောတဆေးမဲ့မုန့်ကြွပ်၊ အကောင်းဆုံးဂျုံမှုန့်ကိုဆီနှင့်နယ်၍ လုပ်ထားသောမုန့်ဝိုင်းကို ပူဇော်ရမည်။
မီးဖိုထဲ၌ဖုတ်သောဘောဇဉ်ပူဇော်သက္ကာရှိသမျှနှင့် အိုးကင်း၊ ဒယ်ပြားဖြင့်လုပ်သောမုန့်အားလုံးကို ဘောဇဉ်ပူဇော်သက္ကာပူဇော်ပေးသောယဇ်ပုရောဟိတ်သည် ပိုင်၏။
ဘောဇဉ်ပူဇော်သက္ကာအတွက် ဆီနှင့်ရောသောအကောင်းဆုံးဂျုံမှုန့်အပြည့်ပါသည့် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ အလေးချိန်ရှယ်ကယ်တစ်ရာ့သုံးဆယ်ရှိသော ငွေလင်ပန်းတစ်ချပ်နှင့် ရှယ်ကယ်ခုနစ်ဆယ်ရှိသော ငွေဇလုံတစ်လုံး၊