ဗာလဟာမုန်အရပ်တွင် ရှောလမုန်မင်းကြီး၏စပျစ်ခြံရှိ၏။ ထိုစပျစ်ခြံကို ခြံလုပ်သားတို့လက်သို့ အပ်ထား၏။ သူတို့သည် စပျစ်သီးဖိုး ငွေစတစ်ထောင်စီ ဆက်သရ၏။
ငါပိုင်သောစပျစ်ဥယျာဉ်သည် ငါ့ရှေ့မှာရှိ၍၏။ အိုရှောလမုန်၊ ငွေတ ထောင်ကို ကိုယ်တော်အားဆက်၍ အသီးသီးစောင့်သော သူတို့သည် နှစ်ရာကိုယူရကြ၏။
ရှော လ မုန် မင်း သည်၊ ဗာ လ ဟာ မုန် ခ ရိုင်၌ ပိုင် ရှိ သော စ ပျစ် ဥ ယျာဉ် ကို၊ ဥ ယျာဉ့် စောင့် တို့ အား၊ အ ငှား ချ ထား သည့် အ တိုင်း၊ အ သီး အ နှံ အ တွက် ငွေ တစ် ထောင် စီ၊ အ သီး သီး ဆက် သွင်း ရ ကြ၏။
ဗာလဟာမုန်ပြည်၌ ရှောလမုန်မင်း၏စပျစ်ဥယျာဉ်တော်တစ်ဆူရှိ၏။ ဥယျာဉ်စောင့်တို့၌ငှားသဖြင့် သူတို့သည် အသီးကို စားရသည်အတွက် ငွေတစ်ထောင်စီဆက်ရကြ၏။
စာရာကိုလည်း “ကြည့်လော့။ သင်၏အစ်ကိုအား ငွေစတစ်ထောင်ကို ငါပေးပြီ။ ဤငွေသည် သင်နှင့်အတူရှိသောသူအားလုံးရှေ့တွင် သင်၏ဂုဏ်သိက္ခာထိန်းသိမ်းခြင်းအတွက်ဖြစ်လိမ့်မည်။ သင်သည်လည်း အားလုံးရှေ့၌ အပြစ်ကင်းကြောင်းထင်ရှားလိမ့်မည်”ဟု မိန့်ဆို၏။
ငါသည် ငါပြုသောအမှုများကို တိုးပွားစေ၏။ ငါ့အတွက် အိမ်များကို ငါတည်ဆောက်၍ စပျစ်ခြံများကို ငါစိုက်ပျိုး၏။
အကျွန်ုပ်သည် နေလောင်ခံရ၍ အသားမည်းသဖြင့် အကျွန်ုပ်ကို မကြည့်ပါနှင့်။ အကျွန်ုပ်နှင့်တစ်မိတည်းဖွားသောသားတို့သည် အကျွန်ုပ်ကို စိတ်ဆိုး၍ စပျစ်ခြံစောင့်အဖြစ် ထားပါ၏။ ကိုယ့်စပျစ်ခြံကိုပင် ကိုယ်မစောင့်ရပါ။
“ယောက်ျားများအလယ်တွင် အကျွန်ုပ်ချစ်သူသည် တောသစ်ပင်တို့အလယ်မှ ပန်းသီးပင်ကဲ့သို့ ဖြစ်ပါ၏။ သူ့အရိပ်၌ ခိုနားရသည်ကို အကျွန်ုပ်အလွန်နှစ်သက်ပါ၏။ သူ့အသီးသည်လည်း အကျွန်ုပ်အဖို့ အလွန်ချိုမြိန်၍ အရသာရှိပါ၏။
စောစောထ၍ စပျစ်ခြံသို့သွားကြစို့။ စပျစ်ပင်တို့ အညွန့်ထွက်မထွက်၊ အပွင့် ပွင့်မပွင့်၊ သလဲပင် ပွင့်မပွင့် သွားကြည့်ကြစို့။ ထိုနေရာတွင် အကျွန်ုပ်၏ချစ်ခြင်းမေတ္တာကို အရှင့်အား ပေးအပ်ပါမည်။
အကျွန်ုပ်ပိုင်သော စပျစ်ခြံသည် အကျွန်ုပ်ရှေ့၌ ရှိပါ၏။ အို ရှောလမုန်မင်းကြီး၊ အရှင်က ငွေစတစ်ထောင်ယူပါ။ စပျစ်ခြံလုပ်သားတို့ကား ငွေစနှစ်ရာယူပါ။”
ထိုနေ့ရက်၌ စပျစ်ပင်တစ်ထောင်ပါရှိသော တစ်ထောင်တန်စပျစ်ခြံတိုင်းသည် ချုံတော၊ ဆူးတောများဖြစ်သွားလိမ့်မည်။
ထို့နောက် ယေရှုသည် ပုံဥပမာများဖြင့် သူတို့အား မြွက်ဆိုတော်မူသည်မှာ“လူတစ်ဦးသည် စပျစ်ခြံကိုစိုက်ပျိုး၍ ခြံစည်းရိုးခတ်လျက် စပျစ်သီးနယ်ရာကျင်းကိုတူးကာ မျှော်စင်ကိုဆောက်လေ၏။ ထို့နောက် ထိုခြံကို ခြံသမားတို့အားငှားရမ်း၍ ခရီးထွက်လေ၏။