ထိုနေ့မှစ၍ ငါတို့သည် လူတစ်ဝက်အလုပ်လုပ်ပြီး ကျန်တစ်ဝက်မှာ သံချပ်အင်္ကျီဝတ်လျက် လှံ၊ ဒိုင်းလွှား၊ လေးလက်နက်တို့နှင့်တကွ ကင်းစောင့်ကြ၏။ အကြီးအကဲတို့ကလည်း ယုဒအမျိုးသားအပေါင်းတို့ကို နောက်တန်းမှထောက်မပေးကြ၏။
ရှောလမုန်သီချင်း။ 3:8 - မြန်မာ့စံမီသမ္မာကျမ်း ထိုစစ်သူရဲအားလုံးတို့သည် ဓားကိုင်သူရဲများ၊ စစ်မှုရေးရာကျွမ်းကျင်သောသူရဲများဖြစ်ကြ၏။ ညအချိန်များ၌ကျရောက်မည့်ဘေးကိုကာကွယ်ရန် ဓားကို နံဘေး၌ဆောင်ထားကြ၏။ Common Language Bible လေဗနုန်သစ်သားဖြင့် ရှောလမုန်မင်းကြီး လုပ်တော်မူသော ယာဉ်ပျံတော်ဖြစ်၏။ Garrad Bible ထို သူ အ ပေါင်း တို့ သည် စစ် မှု စစ် ရေး ကို ကျွမ်း ကျင် လျက်၊ ထား ကိုင် သူ ရဲ များ ဖြစ် သည် နှင့်၊ ညဉ့် အ ခါ ကြောက် မက် ဖွယ် ရာ ရှိ သော ကြောင့်၊ အ သီး အ သီး တို့ သည်၊ ဓား ကို ခါး တွင် ဆောင် ထား လျက် ရှိ၏။ Judson Bible ညအခါစိုးရိမ်စရာရှိသောကြောင့်၊ လူတိုင်း မိမိအပေါ်၌ မိမိဓားကို မြှောင်ထားလျက်ရှိ၏။ |
ထိုနေ့မှစ၍ ငါတို့သည် လူတစ်ဝက်အလုပ်လုပ်ပြီး ကျန်တစ်ဝက်မှာ သံချပ်အင်္ကျီဝတ်လျက် လှံ၊ ဒိုင်းလွှား၊ လေးလက်နက်တို့နှင့်တကွ ကင်းစောင့်ကြ၏။ အကြီးအကဲတို့ကလည်း ယုဒအမျိုးသားအပေါင်းတို့ကို နောက်တန်းမှထောက်မပေးကြ၏။
မြို့ရိုးကိုတည်ဆောက်သူများ၊ ပစ္စည်းထမ်းသောသူများနှင့် ပစ္စည်းမတင်ပေးသောသူတို့သည် လက်တစ်ဖက်ဖြင့် အလုပ်လုပ်ပြီး ကျန်လက်တစ်ဖက်ဖြင့် လက်နက်ကိုင်ဆောင်ထားကြ၏။
တန်ခိုးကြီးသောအရှင်၊ ကိုယ်တော်၏ဘုန်းကျက်သရေနှင့် ဘုန်းအာနုဘော်တည်းဟူသော ကိုယ်တော်၏ဓားကိုနံဘေးတွင် စည်းတော်မူပါ။
သင်သည် ညအချိန်၌ဖြစ်တတ်သော ကြောက်မက်ဖွယ်ဘေးကိုလည်းကောင်း၊ နေ့အချိန်၌လွင့်ပျံသောမြားကိုလည်းကောင်း၊
ကြည့်ပါ။ အစ္စရေးစစ်သူရဲခြောက်ဆယ်တို့နှင့် ခြံရံထားသော ရှောလမုန်မင်းကြီး၏ဝေါယာဉ်ပါတကား။
ရှောလမုန်မင်းကြီးသည် ကိုယ့်အဖို့ ထိုဝေါယာဉ်ကို လက်ဘနွန်သစ်သားများဖြင့် ပြုလုပ်ထား၏။
ငါထာဝရဘုရားသည် ထိုဥယျာဉ်ကို စောင့်ရှောက်၏။ မကြာခဏ ရေလောင်းပေး၏။ မည်သူမျှ မဖျက်ဆီးစေရန် နေ့ညမပြတ် စောင့်ရှောက်၏။
ကြည့်ရှုလော့။ ငါသည် မြောက်အရပ်မှ လူမျိုးခြားအစုအဝေးကြီးကို နှိုးဆော်၍ ဘေဘီလုံမြို့သို့ စစ်ချီစေမည်။ သူတို့သည် ဘေဘီလုံမြို့ကို စစ်ခင်းကျင်း၍ သိမ်းပိုက်လိမ့်မည်။ သူတို့ပစ်သောမြားသည် ကျွမ်းကျင်သောလေးသည်တော်ပစ်သောမြားကဲ့သို့ မထိမှန်ဘဲမနေ။
ဧဟုဒသည် အသွားနှစ်ဖက်ပါ၍ အလျားတစ်တောင်ခန့်ရှည်သောသန်လျက်ကို ပြုလုပ်ပြီးလျှင် ယာဘက်ပေါင်၊ အဝတ်အောက်တွင် ဝှက်ထား၍