“အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်သည် အသားမည်းသော်လည်း ချစ်စရာကောင်းပါ၏။ ကေဒါတဲများ၊ ရှောလမုန်မင်းကြီး၏ရွက်ထည်များနှင့် တူပါ၏။
ရှောလမုန်သီချင်း။ 3:5 - မြန်မာ့စံမီသမ္မာကျမ်း အို ဂျေရုဆလင်သမီးပျိုတို့၊ တော၌ကျင်လည်သောဒရယ်မလေးများ၊ သမင်မလေးများကို တိုင်တည်ကျိန်ဆိုပါလော့။ ငါ့အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကို မနှိုးပါနှင့်။ မထစေပါနှင့်။” Common Language Bible မုရန်၊ လောဗန်အစရှိသော ကုန်သည် ရောင်း တတ်သောနံ့သာမှုန်မျိုးကို မီးရှို့၍၊ ထသော မီးခိုးတိုင် သဏ္ဍာန်ရှိလျက် တော်ထဲကလာသော ထိုသူကား၊ အဘယ် သူဖြစ်ပါလိမ့်မည်နည်း။ Garrad Bible အ ချင်း ယေ ရု ရှ လင် မြို့ သူ တို့၊ ချစ် ခြင်း မေတ္တာ အ လို အ လျောက် မ ဖြစ် ပွား မီ၊ မ ထ ကြွ မ နှိုး ဆော် စေ ခြင်း ငှာ၊ တော ရှိ သ မင် ဒ ရယ် မ တို့ ကို တိုင် တည်၍ ကျွန် မ တောင်း ပန် ပါ၏။ Judson Bible ယေရုရှလင်မြို့သမီးတို့၊ ငါချစ်သောသတို့သမီးသည် အလိုလို မနိုးမီတိုင်အောင်၊ မလှုပ်မနှိုးမည်အကြောင်း၊ တော၌ ကျင်လည်သောသမင်ဒရယ်များကို တိုင်တည်၍၊ သင်တို့ကိုငါမှာထား၏။ |
“အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်သည် အသားမည်းသော်လည်း ချစ်စရာကောင်းပါ၏။ ကေဒါတဲများ၊ ရှောလမုန်မင်းကြီး၏ရွက်ထည်များနှင့် တူပါ၏။
အရှင်၏လက်ဝဲလက်သည် အကျွန်ုပ်အဖို့ ခေါင်းအုံး ဖြစ်ပါ၏။ လက်ယာလက်သည် အကျွန်ုပ်ကို ပွေ့ဖက်ထားပါ၏။
အို ဂျေရုဆလင်သမီးပျိုတို့၊ တော၌ကျင်လည်သောဒရယ်မလေးများ၊ သမင်မလေးများကို တိုင်တည်ကျိန်ဆိုပါလော့။ ငါ့အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကို မနှိုးပါနှင့်။ မထစေပါနှင့်။
အကျွန်ုပ်ချစ်သူသည် ဒရယ်ပျိုသဖွယ်၊ သမင်ပျိုသဖွယ် ဖြစ်ပါ၏။ ကြည့်ပါ။ အကျွန်ုပ်တို့အိမ်နောက်နံရံတွင် ရပ်နေ၏။ ပြတင်းပေါက်များမှ ကြည့်နေ၏။ ရာဇမတ်ကွက်များကြားမှ စိုက်ကြည့်နေ၏။
အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်ချစ်သူကိုတွေ့လျှင် အကျွန်ုပ်အချစ်နာကျနေသည်ကို သူ့အားပြောပြပေးပါမည်ဟု ကျိန်ဆိုကြပါလော့။”
အို ဂျေရုဆလင်သမီးပျို၊ အကျွန်ုပ်အချစ်သည် သူ့အလိုလိုမနိုးလာမီတိုင်အောင် သူ့ကိုမနှိုးပါ၊ မထစေပါဟု ကျိန်ဆိုပါလော့။”
အို ဧဒါမျှော်စင် ဇိအုန်သမီးပျိုနေရာတောင်ကုန်း၊ အုပ်စိုးမှုအာဏာသည် ယခင်ကကဲ့သို့ပင် သင့်ထံပြန်လာလိမ့်မည်။ ဂျေရုဆလင်သမီးပျိုထံသို့ နိုင်ငံတော်ပြန်ရောက်လိမ့်မည်”ဟု မိန့်တော်မူ၏။