ငါ့ကို ဒုက္ခပေးမည့် သင်တို့၏အတွေးများနှင့် သင်တို့၏ကောက်ကျစ်သောအကြံအစည်များကိုလည်း ငါသိ၏။
ရှင်ယောဟန် 9:3 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုက“ဤသူအပြစ်ပြုသောကြောင့်မဟုတ်၊ သူ့မိဘကအပြစ်ပြုသောကြောင့်လည်းမဟုတ်။ သူ၌ ဘုရားသခင်၏အမှုတော်များထင်ရှားစေရန်အတွက်သာဖြစ်၏။ Common Language Bible သခင်ယေရှုက ``သူ၏အပြစ်ကြောင့်မဟုတ်၊ မိဘတို့၏အပြစ်ကြောင့်လည်းမဟုတ်။ သူ မျက်စိမမြင်ရခြင်းမှာ ဘုရားသခင်၏ တန်ခိုးတော် သူ၌ထင်ရှားလာစေရန်ပင် ဖြစ်၏။- Garrad Bible ယေရှုက ဤသူ့ပြစ်မှု၊ မိဘတို့ပြစ်မှုမဟုတ်။ သူ၌ ဘုရားသခင်၏အမှုတော်များထင်ရှားစေရန် ထိုသို့ဖြစ်သတည်း။ Judson Bible ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏အမှုတော်ကို သူ၌ထင်ရှားစေမည်အကြောင်းတည်း။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “သူ၏အပြစ်ကြောင့် မဟုတ်။ မိဘများ၏ အပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏တန်ခိုးတော် သူ့အပေါ်ထင်ရှားစေရန်ဖြစ်၏။ မြန်မာ ယေရှုကလည်း၊ ကိုယ်အပြစ်ကြောင့်မဟုတ်။ မိဘအပြစ်ကြောင့်လည်း မဟုတ်။ ဘုရားသခင်၏အမှုတော်ကို သူ၌ထင်ရှားစေမည်အကြောင်းတည်း။- |
ငါ့ကို ဒုက္ခပေးမည့် သင်တို့၏အတွေးများနှင့် သင်တို့၏ကောက်ကျစ်သောအကြံအစည်များကိုလည်း ငါသိ၏။
ယောဘကို ပြန်မချေပနိုင်ဘဲ အပြစ်ကိုသာတင်ကြသော ယောဘ၏မိတ်ဆွေသုံးယောက်ကိုလည်း အမျက်ထွက်လေ၏။
ဤသို့ ထာဝရဘုရားသည် ယောဘနှင့်စကားပြောဆိုပြီးမှ ထာဝရဘုရားက တေမန်အမျိုးသား ဧလိဖတ်အား “သင်နှင့်သင့်မိတ်ဆွေနှစ်ဦးတို့သည် ငါ့အစေအပါးယောဘကဲ့သို့ ငါ့အကြောင်းကို မှန်မှန်ကန်ကန်မပြောသောကြောင့် သင်တို့ကို ငါအမျက်ထွက်၏။
မျက်မမြင်တို့သည် မျက်စိမြင်ရကြ၏။ ခြေမသန်စွမ်းသူတို့သည် လမ်းလျှောက်နိုင်ကြ၏။ အနာကြီးရောဂါသည်တို့သည် စင်ကြယ်ခြင်းသို့ရောက်ကြ၏။ နားမကြားသောသူတို့သည် ကြားရကြ၏။ သေသောသူတို့သည် ထမြောက်စေခြင်းကိုခံရကြ၏။ ဆင်းရဲသားတို့သည် ကောင်းမြတ်သောသတင်းကို ကြားရကြ၏။
ယေရှုသည် ထိုအကြောင်းကိုကြားလျှင်“ဤနာမကျန်းဖြစ်ခြင်းသည် သေခြင်းသို့ရောက်စေရန်အတွက်မဟုတ်ဘဲ ဘုရားသခင်၏ဘုန်းတော်အတွက်ဖြစ်ပြီး ဘုရားသခင်၏သားတော်သည် ထိုအခြင်းအရာအားဖြင့် ဘုန်းတော်ထင်ရှားခြင်းရှိစေရန်အတွက်ဖြစ်၏”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“သင်ယုံကြည်လျှင် ဘုရားသခင်၏ဘုန်းတော်ကိုမြင်ရလိမ့်မည်ဟူ၍ သင့်အား ငါပြောခဲ့ပြီမဟုတ်လော”ဟု မိန့်တော်မူ၏။
ကျွန်းသားတို့သည် သူ၏လက်မှတွဲလဲကျနေသော သတ္တဝါကိုမြင်သောအခါ “ဤသူသည် အမှန်ပင် လူသတ်သမားဖြစ်တန်ရာ၏။ သူသည် ပင်လယ်ဘေးမှလွတ်ခဲ့သော်လည်း မျှတမှုနတ်ဘုရားမက သူ့ကို အသက်ရှင်ခွင့်မပေး”ဟု အချင်းချင်းပြောဆိုကြ၏။
လူအားလုံးတို့သည် ဖြစ်ပျက်ခဲ့သောအမှုအရာအတွက် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းနေကြသည်ဖြစ်၍ ထိုလူတို့ကြောင့် တမန်တော်တို့အား အပြစ်ဒဏ်ပေးနိုင်မည့်နည်းလမ်းကို ရှာမတွေ့သဖြင့် သူတို့သည် တမန်တော်တို့ကို ထပ်မံခြိမ်းခြောက်ပြီးလျှင် ပြန်လွှတ်လိုက်ကြ၏။
ငါတို့သည် ငါတို့အပေါ်၌ ဘုရားသခင်ထားရှိသောချစ်ခြင်းမေတ္တာကိုသိ၍ ယုံကြည်ကြ၏။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။ ချစ်ခြင်းမေတ္တာ၌တည်သောသူသည် ဘုရားသခင်၌တည်၍ ဘုရားသခင်သည်လည်း ထိုသူ၌တည်တော်မူ၏။
ငါတို့သည် သားတော်အားဖြင့် အသက်ရှင်ကြစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူ၏။ ဤသို့ဖြင့် ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့၌ ထင်ရှား၏။