La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ရှင်ယောဟန် 4:41 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ ပို၍​များစွာ​သော​သူ​တို့​သည် ကိုယ်တော်​၏​စကား​တော်​ကြောင့် ယုံကြည်​ကြ​၏။

Ver Capítulo

Common Language Bible

ကိုယ်​တော်​၏​တ​ရား​တော်​ကို​ကြား​နာ​ကြ​ရ သ​ဖြင့် ကိုယ်​တော်​အား​ယုံ​ကြည်​လာ​ကြ​သူ အ​မြောက်​အ​မြား​လည်း​ရှိ​၏။-

Ver Capítulo

Garrad Bible

အခြားသူအများတို့လည်း ကိုယ်တော်၏ဒေသနာတော်ကြောင့် ယုံကြည်ကြသည့်အတိုင်း၊

Ver Capítulo

Judson Bible

အ​ခြား​သော​သူ​အ​များ​တို့​သည် နှုတ်​က​ပတ်​စ​ကား​တော်​ကြောင့် ယုံ​ကြည်၍၊-

Ver Capítulo

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုအခါ ယေရှု​၏ စကားတော်​ကို ကြားနာရ​သဖြင့် ယခင်​ထက် သာ​၍​များသော​လူတို့​သည် ယုံကြည်ကြကုန်၏။

Ver Capítulo

မြန်မာ

အ​ခြား​သော​သူ​အ​များ​တို့​သည် နှုတ်​က​ပတ်​စ​ကား​တော်​ကြောင့် ယုံ​ကြည်၍၊-

Ver Capítulo



ရှင်ယောဟန် 4:41
13 Referencias Cruzadas  

လူမျိုး​တို့​သည် ရှိလော​ကို​နာခံ​ကြ​လိမ့်မည်​။ သူ​မ​ရောက်လာ​မီ​တိုင်အောင် ရာဇလှံတံ​သည် ယုဒ​ထံမှ ထွက်သွား​မည်​မ​ဟုတ်​၊ ကျိုင်း​သည်​လည်း သူ့​ခြေထောက်​ကြား​မှ​ထွက်သွား​မည်​မ​ဟုတ်​။


ကိုယ်တော်​၏​စကား​တော်​သည် အခွင့်​အာဏာ​ရှိ​သောကြောင့် လူ​တို့​သည် ကိုယ်တော်​၏​သွန်သင်​ချက်​ကို အံ့ဩ​ချီးမွမ်း​ကြ​၏။


သို့ဖြစ်၍ ရှမာရိ​နယ်သား​တို့​သည် ကိုယ်တော်​ထံသို့​ရောက်လာ​ကြ​သောအခါ မိမိ​တို့​ထံ၌ တည်းခို​တော်မူ​ရန် ကိုယ်တော်​အား​တောင်းပန်​ကြ​သဖြင့် ကိုယ်တော်​သည် ထို​အရပ်​တွင် နှစ်​ရက်​တည်းခို​တော်မူ​၏။


သူ​တို့​က ထို​အမျိုးသမီး​အား “ယခု ငါ​တို့​ယုံကြည်​ကြ​သည်​မှာ သင်​ပြောဆို​သော​စကား​ကြောင့်​မ​ဟုတ်​တော့​ပါ။ ငါ​တို့​ကိုယ်တိုင်​ကြားနာ​ရ​သဖြင့် ဤ​သူ​သည် လောက​၏​ကယ်တင်ရှင်​အစစ်အမှန်​ဖြစ်​ကြောင်း​ကို သိ​ကြ​ပြီ”​ဟု ဆို​ကြ​၏။


ဝိညာဉ်​တော်​က​သာ အသက်ရှင်​စေ​၏။ ကိုယ်ကာယ​သည် မည်သည့်​အကျိုး​ကို​မျှ​မ​ပေး။ ငါ​ဟောပြော​သော​စကား​တို့​သည် ဝိညာဉ်​ဖြစ်​ပြီး အသက်​လည်း​ဖြစ်​၏။


အစောင့်​တပ်သား​တို့​က “ထို​သူ​ကဲ့သို့ မည်သူမျှ​မ​ဟောပြော​ခဲ့​ဖူး​ပါ”​ဟု ပြန်​လျှောက်​ကြ​၏။


သို့သော် သင်​တို့​အပေါ်သို့ သန့်ရှင်း​သော​ဝိညာဉ်​တော်​သက်ရောက်​လာ​သောအခါ သင်​တို့​သည် တန်ခိုး​ကို​ရရှိ​လျက် ဂျေရုဆလင်​မြို့၊ ယုဒ​နယ်​နှင့်​ရှမာရိ​နယ်​တစ်ခုလုံး​သာမက မြေကြီး​စွန်း​တိုင်အောင် ငါ​၏​သက်သေ​များ​ဖြစ်​ကြ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


ဤသို့ဖြင့် သူ​တို့​သည် အသင်းတော်​၏​ပို့ဆောင်​ခြင်း​အားဖြင့် ဖိုနီးရှား​နယ်​နှင့်​ရှမာရိ​နယ်​တို့​ကို​ဖြတ်သွား​ရင်း လူမျိုးခြား​တို့​၏​ပြောင်းလဲ​မှု​အကြောင်း​ကို အကုန်အစင်​ပြောပြ​ကာ ညီအစ်ကို​အပေါင်း​တို့​ကို အလွန်​ဝမ်းမြောက်​စေ​ကြ​၏။


သို့သော် ဖိလိပ္ပု​သည် ဘုရားသခင်​၏​နိုင်ငံ​တော်​နှင့် ယေရှု​ခရစ်တော်​၏​နာမ​တော်​အကြောင်း​ကို ဟောပြော​သောအခါ လူ​တို့​သည် ယုံကြည်​လျက် ယောက်ျား​များ​မှစ၍ မိန်းမ​များ​ပါ ဗတ္တိဇံ​ခံ​ကြ​၏။


ပေတရု​နှင့်​ယောဟန်​တို့​သည် သခင်​ဘုရား​၏​နှုတ်ကပတ်​တရား​ကို သက်သေခံ​၍​ဟောပြော​ကြ​ပြီးနောက် ဂျေရုဆလင်​မြို့​သို့​ပြန်သွား​ရင်း ရှမာရိ​နယ်သား​တို့​၏​ကျေးရွာ​များစွာ​တို့​၌ ကောင်းမြတ်​သော​သတင်း​ကို​ဟောပြော​ကြ​၏။


ဖန်ဆင်း​တော်မူ​သော​အရာ​တို့​တွင် ကိုယ်တော်​၏​ရှေ့မှောက်​၌ မ​ထင်ရှား​သော​အရာ​တစ်စုံတစ်ခု​မျှ​မ​ရှိ။ အရာ​ခပ်သိမ်း​တို့​သည် ကိုယ်တော်​၏​မျက်မှောက်​၌ အကွယ်အကာမဲ့​လျက် ဟင်းလင်း​ပွင့်​နေ​၏။ ငါ​တို့​သည် ထို​အရှင်​ထံ၌ ဖြေရှင်းချက်​ပေး​ကြ​ရ​မည်။