La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယေ​ရ​မိ 4:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယုဒ​ပြည်သူ​ဂျေရုဆလင်​မြို့သား​တို့​၊ အရေဖျားလှီး​ခြင်း​ကို​ခံ​၍ သင်တို့ကိုယ်သင်တို့ ထာဝရဘုရား​ထံ​ဆက်ကပ်​ကြ​လော့​။ သင်​တို့​၏​စိတ်နှလုံး​အရေဖျား​ကို ဖယ်ရှား​ကြ​လော့​။ သို့မဟုတ်လျှင် သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​ကြောင့် ငါ့​အမျက်​သည် မီး​ကဲ့သို့ မည်သူ​မျှ​မ​ငြှိမ်း​နိုင်​အောင် တောက်လောင်​လိမ့်မည်​။

Ver Capítulo

Common Language Bible

သင်​တို့​၏​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော​ငါ နှင့်​သင်​တို့​ပြု​သည့်​ပ​ဋိ​ညာဉ်​ကို​စောင့်​ကြ​လော့။ အ​ချင်း​ယု​ဒ​ပြည်​သား​များ​နှင့်​ယေ​ရု​ရှ​လင် မြို့​သား​တို့၊ ငါ့​အား​သင်​တို့​၏​ကိုယ်​ကို​ဆက်​ကပ် ကြ​လော့။ ဤ​သို့​မ​ပြု​ပါ​မူ​သင်​တို့​ကူး​လွန်​ခဲ့ သည့်​ဒု​စ​ရိုက်​များ​ကြောင့် ငါ​၏​အ​မျက်​တော် သည်​မီး​ကဲ့​သို့​တောက်​လောင်​လိမ့်​မည်။ ယင်း​ကို ငြိမ်း​သတ်​မည့်​သူ​လည်း​တစ်​စုံ​တစ်​ယောက် မျှ​ရှိ​လိမ့်​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။

Ver Capítulo

Garrad Bible

သင် တို့ ဆိုး သွမ်း သော အ ပြု အ ကျင့် များ အ တွက်၊ အ မျက် တော် မ ငြိမ်း သည့် တိုင် အောင်၊ မီး သ ဖွယ် ပေါက် ထွက် တောက် လောင် မည် စိုး၍၊ ငါ ထာ ဝ ရ ဘု ရား အ ဖို့ စိတ် နှ လုံး၏ အ ရေ ဖျား ကို ပယ် လျက်၊ လှီး ဖြတ် ခြင်း မင်္ဂ လာ ကို ပြု ကြ လော့။ အို ယု ဒ ပြည် သူ ယေ ရု ရှ လင် မြို့ သား တို့၊

Ver Capítulo

Judson Bible

အို ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​အ​လို​ငှာ အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​ခံ၍၊ သင်​တို့​နှ​လုံး​အ​ရေ​ဖျား​ကို လှီး​ဖယ်​ကြ​လော့။ သို့​မ​ဟုတ်၊ သင်​တို့၏​အ​ကျင့် မ​ကောင်း​သော​ကြောင့်၊ ငါ့​အ​မျက်​သည် မီး​ကဲ့​သို့​ထွက်၍၊ အ​ဘယ်​သူ​မျှ မ​ငြိမ်း​နိုင်​အောင် လောင်​လိမ့်​မည်။

Ver Capítulo



ယေ​ရ​မိ 4:4
36 Referencias Cruzadas  

အကြောင်းမူကား သူ​တို့​သည် ငါ့​ကို​စွန့်ပစ်​ပြီး အခြား​ဘုရား​အများ​တို့​ထံ နံ့သာပေါင်း​မီးရှို့ပူဇော်​လျက် သူ​တို့​လက်​နှင့်​လုပ်သောအရာ​များ​ဖြင့် ငါ့​ကို အမျက်ထွက်​စေ​ကြ​၏​။ ထို့ကြောင့် ဤ​မြို့​၌ ငါ့​အမျက်မီး တောက်လောင်​၍ ငြိမ်း​လိမ့်မည်​မ​ဟုတ်​’​ဟူ၍ မိန့်​တော်မူ​ပြီ”​ဟု မိန့်ဆို​၏​။


အစ္စရေး​လူမျိုး​၏​အလင်း​သည် မီး​သဖွယ်​ဖြစ်​၏​။ အစ္စရေး​လူမျိုး​၏​သန့်ရှင်း​သော​အရှင်​သည် မီးလျှံ​သဖွယ်​ဖြစ်​၏​။ တစ်နေ့ချင်း​တွင် ထို​ဘုရင်​၏​ဆူးပင်​၊ ချုံပင်​များ​ကို လောင်ကျွမ်း​ဝါးမျို​လိမ့်မည်​။


အကယ်စင်စစ် တောဖက်​အရပ်​ကို ရှေးယခင်​ကပင် ပြင်ဆင်​ထား​လေ​ပြီ​။ ထို​အရပ်​ကို ရှင်ဘုရင်​အတွက် အဆင်သင့်​ဖြစ်စေ​ပြီ​။ ထို​အရပ်​သည် နက်​၍​ကျယ်ဝန်း​ပြီး မီးရှို့​ရန်​ထင်း​အမြောက်အမြား​ပုံထား​၏​။ ထာဝရဘုရား​၏​ထွက်သက်လေ​သည် ကန့်ရည်စီးကြောင်း​ကဲ့သို့​ထွက်လာ​၍ ထို​အရပ်​ကို မီးစွဲလောင်​စေ​မည်​။


ထာဝရဘုရား​၏​လက်​တော်​မှ အမျက်​တော်​ဖလား​ကို​သောက်​သော အသင်​ဂျေရုဆလင်​မြို့​၊ နိုး​လော့​။ နိုး​လော့​။ ထ​လော့​။ ဒယီးဒယိုင်​ဖြစ်စေ​သော​ဖလား​ထဲမှ​အနည်အဖတ်​ကို သင်​အကုန်အစင်​သောက်​ပြီ​။


တောက်လောင်​သော​ငါ့​အမျက်​မီး​သည် သင်​တို့​ကို​လောင်ကျွမ်း​မည်​ဖြစ်၍ သင်​မ​သိ​သော​ပြည်​သို့ ရန်သူ​တို့​နှင့်အတူ သင်​လိုက်ပါ​သွား​ရ​မည်​”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား​က “အို ဒါဝိဒ်​အမျိုးအနွယ်​တို့​၊ နံနက်တိုင်း တရားသဖြင့်​စစ်ကြောစီရင်​ကြ​လော့​။ နှိပ်စက်​ခံရ​သူ​ကို နှိပ်စက်​သော​သူ​၏​လက်​မှ ကယ်နုတ်​လော့​။ သို့မဟုတ်လျှင် သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​ကြောင့် ငါ့​အမျက်​သည် မည်သူ​မျှ​မ​ငြှိမ်း​နိုင်​အောင် မီး​ကဲ့သို့​တောက်လောင်​လိမ့်မည်”​ဟု မိန့်​တော်မူ​၏​။


ငါ​ကိုယ်တိုင် အားကြီး​သော​လက်ရုံး​၊ ပြင်းစွာ​သော​အမျက်ဒေါသ​တို့​ဖြင့် လက်​ကို​ဆန့်​၍ သင်​တို့​ကို​တိုက်ခိုက်​မည်​။


ကြည့်ရှု​လော့​။ ထာဝရဘုရား​၏​ဒေါသ​မုန်တိုင်း တိုက်ခတ်​လိမ့်မည်​။ ပြင်းစွာ​သော​မုန်တိုင်း​သည် ဆိုးယုတ်​သော​သူ​တို့​၏​ခေါင်း​ပေါ်သို့ ကျရောက်​လိမ့်မည်​။


သူ​တို့​အသီးသီး ဆိုးညစ်​သော​လမ်း​မှ​ပြန်လှည့်​လာ​၍ ထာဝရဘုရား​ရှေ့​တော်​၌ ပျပ်ဝပ်​လျက် အသနားခံ​ကောင်း​ခံ​ကြ​လိမ့်မည်​။ အကြောင်းမူကား ဤ​လူမျိုး​တို့​ကို ထာဝရဘုရား ပြင်းစွာ​အမျက်​ဒေါသ​ထွက်​တော်မူ​လေ​ပြီ​”​ဟု ဆို​၏​။


သင်​တို့​၏​ဆိုးညစ်​သော​လုပ်ရပ်​၊ သင်​တို့​ပြု​သော စက်ဆုပ်ရွံရှာဖွယ်​အမှု​များ​ကို ထာဝရဘုရား​သည် ဆက်​၍​သည်း​မ​ခံ​နိုင်​တော့​ပေ​။ ထို့ကြောင့် သင်​တို့​ပြည်​သည် ယခု​ကဲ့သို့ ပြိုပျက်​ရာ​၊ ထိတ်လန့်စရာ​၊ ကျိန်ဆဲစရာ​၊ လူသူကင်းမဲ့​ရာ ဖြစ်​လေ​ပြီ​။


ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ကိုယ်ကာယ​အရေဖျားလှီး​ခြင်း​ကို​သာ​ခံ​သော​သူ​ရှိသမျှ​အား အပြစ်ဒဏ်​ပေး​မည့်​နေ့ရက် ရောက်လာ​မည်​။


ငါ​သည် အီဂျစ်​လူမျိုး​၊ ယုဒ​လူမျိုး​၊ ဧဒုံ​လူမျိုး​၊ အမ္မုန်​အမျိုးသား​၊ မောဘ​အမျိုးသား​နှင့် တောကန္တာရ​၌​နေထိုင်​ကြ​သည့်​နားသယ်မွေး​ရိတ်​လေ့​ရှိ​သော​သူ​အားလုံး​တို့​ကို အပြစ်ဒဏ်​ပေး​မည်​။ အကြောင်းမူကား လူမျိုး​အပေါင်း​တို့​သည် အရေဖျားမလှီး​သော​သူ​များ​ဖြစ်​ကြ​၏​။ အစ္စရေး​အမျိုးသား​ရှိသမျှ​တို့​သည်​လည်း စိတ်နှလုံး​အရေဖျားမလှီး​သော​သူ​များ​ဖြစ်​ကြ​၏”​ဟု မိန့်​တော်မူ​၏​။


ထာဝရဘုရား ပြင်းစွာ​အမျက်​ထွက်​လေ​ပြီ​။ အမျက်​တော်​မီး​ကို သွန်ချ​လေ​ပြီ​။ ဇိအုန်​မြို့​ကို​မီးရှို့​၍ မြို့​၏​အုတ်မြစ်​ကို​ပါ လောင်ကျွမ်း​စေ​လေ​ပြီ​။


အိမ်ထောင်ရေးဖောက်ပြန်​သော​မိန်းမ​၊ လူသတ်​သော​မိန်းမ​တို့​ကို တရားစီရင်​သကဲ့သို့ သင့်​ကို​ငါ​တရားစီရင်​မည်​။ မနာလိုစိတ်​၊ ဒေါသစိတ်​တို့​ဖြင့် သင့်​ကို သေဒဏ်​ပေး​မည်​။


‘သင်​တို့​ကျူးလွန်​သော​အပြစ်​များ​ကို စွန့်​၍ စိတ်နှလုံး​အသစ်​၊ စိတ်သဘော​အသစ် ရှိ​ကြ​လော့​။ အို အစ္စရေး​အမျိုး​၊ အဘယ်ကြောင့် သင်​တို့​သေ​ရ​မည်နည်း​။


ဘုရားရှင်​ထာဝရဘုရား​က ‘စင်စစ် ငါ​အသက်ရှင်​သည်​နှင့်အညီ လက်ရုံး​တော်​ကို​ဆန့်​လျက် တန်ခိုးကြီး​သော​လက်​တော်​၊ ပြင်းထန်​သော​အမျက်​တော်​ဖြင့် သင်​တို့​ကို အုပ်စိုး​မည်​။


ငါ​လက်ခုပ်တီး​မည်​။ ငါ့​အမျက်​ဒေါသ​လည်း ပြေ​သွား​မည်’​ဟူ၍ ငါ​ထာဝရဘုရား​မိန့်​တော်မူ​ပြီ”​ဟု မိန့်ဆို​၏​။


သင်​ပြု​သော​ညစ်ညမ်းမှု​များ​ကြောင့် သင့်​ကို​အညစ်အကြေး​များ ကပ်​နေ​လေ​ပြီ​။ ငါ​သည် သင့်​ကို​စင်ကြယ်​အောင်​လုပ်​သော်လည်း သင်​မ​စင်ကြယ်​နိုင်​။ သင့်​အပေါ်​ကျရောက်​သော ငါ့​အမျက်ဒေါသ​မ​ပြေ​မ​ချင်း သင်​စင်ကြယ်​ခွင့်​ရ​မည်​မ​ဟုတ်​။


အမျက်ဒေါသ​ကို နှိုးဆော်​ရန်​၊ လက်တုံ့ပြန်​ရန် ထို​သွေး​တို့​ကို ရှင်းလင်း​နေ​သော​ကျောက်​ပေါ်တွင် ငါ​ကျ​စေ​၏​။ ထို့ကြောင့် ဖုံးကွယ်​ထား​၍​မ​ရ’​ဟု မိန့်​တော်မူ​၏​။


သင်​တို့​သည် ငါ့​ထံ စားဖွယ်ခဲဖွယ်​၊ အဆီ​၊ အသွေး​တို့​ကို ပူဇော်​သောအခါ စိတ်နှလုံး​အရေဖျားလှီး​ခြင်း​ကို​မ​ခံ​၊ အသား​အရေဖျားလှီး​ခြင်း​ကို​လည်း​မ​ခံ​သော တိုင်းတစ်ပါးသား​တို့​ကို ငါ​၏​သန့်ရှင်းရာဌာန​တော်​ထဲသို့ ခေါ်ဆောင်​လာ​၍ ငါ့​အိမ်​တော်​ကို ညစ်ညူး​စေ​ကြ​၏​။ စက်ဆုပ်ရွံရှာဖွယ်​အမှု​အလုံးစုံ​တို့​ဖြင့် ငါ​၏​ပဋိညာဉ်​ကို ချိုးဖောက်​ကြ​ပြီ​။


ရပ်ဝေး​ရှိ​လူ​တို့​သည် ကပ်ရောဂါ​ဘေး​ဖြင့် သေ​ရ​မည်​။ ရပ်နီး​ရှိ​လူ​တို့​သည် ဓားဘေး​ဖြင့် သေ​ရ​မည်​။ ထို​ဘေး​တို့​မှ​လွတ်​၍ ကျန်​သော​သူ​တို့​သည် ငတ်မွတ်ခေါင်းပါး​ခြင်း​ဘေး​ဖြင့် သေ​ရ​မည်​။ သို့မှ ငါ့​အမျက်ငြိမ်း​မည်​။


ထို့ကြောင့် သူ​တို့​ကို အမျက်ဒေါသ​ဖြင့် စီရင်​မည်​။ သနားညှာတာ​မည်​မ​ဟုတ်​။ ငါ့​ထံ သူ​တို့​အသံကုန်​အော်ဟစ်​တောင်းလျှောက်​လျှင်​လည်း ငါ​နားထောင်​မည်​မ​ဟုတ်​”​ဟု မိန့်​တော်မူ​၏​။


ငါ​သည်​လည်း သင်​တို့​ကို အမျက်ဒေါသ​ဖြင့် သင်​တို့​ကို ဆက်လက်​ဆန့်ကျင်​မည်​။ ထိုမျှမက ငါ​သည် သင်​တို့​၏​အပြစ်​အတွက် သင်​တို့​ကို ခုနစ်ဆ​အပြစ်ဒဏ်​ပေး​မည်​။


ငါ​သည်​လည်း သူ​တို့​ကို​ပြန်ဆန့်ကျင်​၍ ရန်သူ​တို့​၏​ပြည်​သို့ နှင်ထုတ်​လိုက်​သောအခါ သူ​တို့​သည် အရေဖျားလှီး​ခြင်း​မ​ခံ​သော​စိတ်နှလုံး​ကို နှိမ့်ချ​ပြီး ကိုယ့်​အပြစ်​အတွက် ပြန်လည်​ပေးဆပ်​မည်​ဆိုလျှင်


အသက်ချမ်းသာ​ရာ​ရ​မည့်​အကြောင်း ထာဝရဘုရား​ကို​ရှာ​ကြ​လော့​။ သို့မဟုတ်လျှင် ယောသပ်​အမျိုးအနွယ်​ကို ရုတ်ချည်း​မီး​လောင်​၍ ငြှိမ်းသတ်​မည့်​သူ​မ​ရှိ​ဘဲ ဗေသလ​မြို့​ကို ဝါးမျို​လိမ့်မည်​။


အမိန့်​တော်​ရောက်လာ​၍ ဖွဲ​ကဲ့သို့ လွင့်သွား​ရ​သော​နေ့ မ​တိုင်​မီ​၊ ထာဝရဘုရား​၏​ပြင်းထန်​သော​အမျက်​တော် သင်​တို့​အပေါ် မ​ကျရောက်​မီ​၊ ထာဝရဘုရား​၏​အမျက်​တော်​နေ့ သင်​တို့​ထံ ရောက်​မ​လာ​မီ


သင်​သည် ပညတ်​တရား​ကို​ကျင့်သုံး​လျှင် အရေဖျား​လှီး​ခြင်း​သည် အမှန်ပင်​အကျိုး​ရှိ​၏။ သို့သော် သင်​သည် ပညတ်​တရား​ကို​ဖောက်ဖျက်​ကျူးလွန်​သူ​ဖြစ်​ပါက သင်​၏​အရေဖျား​လှီး​ခြင်း​သည် အရေဖျား​မ​လှီး​ခြင်း​ဖြစ်​သွား​၏။


သို့ဖြစ်၍ သင်​တို့​၏​စိတ်နှလုံး​အရေဖျား​ကို​လှီး​ကြ​လော့​။ ခေါင်း​မ​မာ​ကြ​တော့​နှင့်​။


သင်​သည် အသက်ရှင်​၍ သင်​၏​ဘုရားသခင်​ထာဝရဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​၊ စိတ်ဝိညာဉ်​အကြွင်းမဲ့ ချစ်​မည့်​အကြောင်း သင်​၏​ဘုရားသခင်​ထာဝရဘုရား​သည် သင့်​စိတ်နှလုံး​၊ သင့်​သားမြေး​တို့​၏​စိတ်နှလုံး​အရေဖျား​ကို လှီး​တော်မူ​မည်​။


ငါ့​အမျက်​မီး​သည် စွဲ​၍ မရဏာနိုင်ငံ​အောက်ဆုံး​ထိ​တိုင်အောင် တောက်လောင်​လိမ့်မည်​။ မြေကြီး​နှင့် မြေကြီး​အသီးအနှံ​တို့​ကို ဝါးမျို​၍ တောင်​များ​၏​အခြေအမြစ်​တို့​ကို လောင်ကျွမ်း​လိမ့်မည်​။


ခရစ်တော်​နှင့်ဆိုင်သော​အရေဖျား​လှီး​ခြင်း​အားဖြင့် သွေးသား​ဇာတိ​နှင့်ဆိုင်သော​ကိုယ်ခန္ဓာ​ကို​ချွတ်ပယ်​၍ လူ့​လက်​ဖြင့်​မ​ဟုတ်​သော​အရေဖျား​လှီး​ခြင်း​ကို ထို​သခင်​၌​ခံယူ​ကြ​၏။