အကြောင်းမူကား ဤမြို့ကို အကောင်းမဟုတ် အဆိုးအတွက် ငါထားထား၏။ ဘေဘီလုံဘုရင်လက်သို့အပ်သဖြင့် သူသည် မီးရှို့ပစ်လိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
ယေရမိ 38:3 - မြန်မာ့စံမီသမ္မာကျမ်း စင်စစ် ဤမြို့သည် ဘေဘီလုံဘုရင်၏စစ်တပ်ကြီးလက်သို့ ရောက်ရလိမ့်မည်။ ဤမြို့ကို သူတို့သိမ်းပိုက်လိမ့်မည်”ဟူ၍လည်း ထာဝရဘုရားမိန့်တော်မူ၏။ Common Language Bible ငါသည်ဤမြို့ကိုဗာဗုလုန်ဘုရင်၏တပ်မ တော်သို့ပေးအပ်မည်။ သူသည်လည်းဤမြို့ ကိုသိမ်းယူလိမ့်မည်'' ဟူ၍ဖြစ်သည်။- |
အကြောင်းမူကား ဤမြို့ကို အကောင်းမဟုတ် အဆိုးအတွက် ငါထားထား၏။ ဘေဘီလုံဘုရင်လက်သို့အပ်သဖြင့် သူသည် မီးရှို့ပစ်လိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုရမည်။
အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားက ‘ကြည့်ရှုလော့။ မြို့ရိုးအပြင်ဘက်၌ဝိုင်းထားသော ဘေဘီလုံဘုရင်နှင့် ခါလဒဲလူမျိုးတို့ကို တိုက်ခိုက်ရန် သင်တို့ကိုင်စွဲထားသောလက်နက်များကို သင်တို့ထံပြန်လှည့်စေမည်။ ထိုလက်နက်တို့ကို မြို့ထဲ၌ ငါစုသိမ်းမည်။
မြို့တွင်း၌ နေရစ်သောသူသည် ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့ဖြင့် သေရလိမ့်မည်။ သင်တို့ကိုဝိုင်းထားသောခါလဒဲတပ်ထံ ဝင်ရောက်ခိုလှုံသောသူမူကား သူ၏အသက်သည် တိုက်ယူသောပစ္စည်းကဲ့သို့ဖြစ်၍ အသက်ချမ်းသာရာရမည်။
ထို့ကြောင့် ထာဝရဘုရားက ဒါဝိဒ်မင်းကြီး၏ရာဇပလ္လင်ပေါ်တွင်ထိုင်တော်မူသော ဘုရင်နှင့်ပတ်သက်၍လည်းကောင်း၊ သင်တို့နှင့်အတူ သုံ့ပန်းအဖြစ်ပါမသွားသော သင်တို့ညီအစ်ကိုများဖြစ်သည့် ဤမြို့တွင်ကျန်နေခဲ့သောသူအပေါင်းတို့နှင့်ပတ်သက်၍လည်းကောင်း ဤသို့မိန့်တော်မူ၏။
ခါလဒဲတပ်သည်လည်း ပြန်လာ၍ ဤမြို့ကိုတိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ကြလိမ့်မည်’ဟု မိန့်တော်မူပြီ။
ဘေဘီလုံဘုရင်၏မှူးမတ်တို့ထံ သွား၍အညံ့မခံလျှင် ဤမြို့သည် ခါလဒဲလူမျိုးတို့လက်သို့ ကျရောက်လိမ့်မည်။ သူတို့သည်လည်း ဤမြို့ကို မီးရှို့ကြလိမ့်မည်။ သင်သည်လည်း သူတို့လက်မှ လွတ်မည်မဟုတ်’ဟူ၍ မိန့်တော်မူသည်”ဟု လျှောက်ဆိုလေ၏။