ယေရမိ 1:4 - မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ ရောက်လာ၍ Common Language Bible ထာဝရဘုရားက``ငါသည်သင့်အားဇီဝ အသက်ကိုမပေးမီရွေးချယ်၍သင်မမွေး ဖွားမီကပင် သီးသန့်သတ်မှတ်ကာလူမျိုး တကာတို့၏ပရောဖက်အဖြစ်ခန့်ထား ခဲ့၏'' ဟုငါ့ကိုမိန့်တော်မူသောအခါ၊ Garrad Bible ထာ ဝ ရ ဘု ရား ဗျာ ဒိတ် တော် သည် ငါ သို့ ရောက် လာ သည် မှာ၊ Judson Bible ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်၍ မိန့်တော်မူသည်ကား၊ |
ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးလက်ထက်နှင့် ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ဇေဒကိမင်းကြီး နန်းစံတစ်ဆယ့်တစ်နှစ်၊ ပဉ္စမလ ဂျေရုဆလင်မြို့သားတို့ ဖမ်းခေါ်သွားခြင်းခံရသည့်အချိန်ထိ ယေရမိထံသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
“သင့်ကို အမိဝမ်းထဲမှာ ပုံမသွင်းမီကပင် သင့်ကိုငါသိ၏။ သင်မမွေးမီကပင် သင့်ကိုငါသန့်ရှင်းစေပြီ။ လူမျိုးတကာတို့အတွက် ပရောဖက်အဖြစ် ငါခန့်ထားပြီ”ဟု မိန့်ဆိုသော်
ခါလဒဲပြည်၊ ခေဗာမြစ်နားတွင်ရှိစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗုဇိ၏သား၊ ယဇ်ပုရောဟိတ် ယေဇကျေလထံသို့ ရောက်လာ၏။ ထိုအရပ်၌ ထာဝရဘုရားသည် လက်တော်ကို သူ့အပေါ်တင်လျက်ရှိ၏။