ထို့နောက် “ဤမြို့ကိုဒဏ်ခတ်မည့်သူတို့၊ ဖျက်ဆီးခြင်းလက်နက် ကိုယ်စီကိုင်ဆောင်၍ လာကြလော့”ဟု ကျယ်လောင်စွာ ဟစ်ခေါ်တော်မူသောအသံကို ငါကြားရ၏။
ထိုနောက်ဘုရားသခင်က``ယေရုရှလင်မြို့ ကိုစောင့်နေသူတို့လာကြလော့။ သင်တို့နှင့် အတူလက်နက်များကိုလည်းယူခဲ့ကြ လော့'' ဟုကျယ်သောအသံနှင့် မိန့်တော်မူ သည်ကိုငါကြားရ၏။-
ထို့ နောက် ကိုယ် တော် က မြို့ တော် ကို ဒဏ် ခတ် အံ့ သူ တို့ သည်၊ ဖျက် ဆီး ရန် လက် နက် ကိုင် စွဲ လျက် ချဉ်း လာ ကြ စေ ဟု၊ ငါ့ ရှေ့ တွင် အ သံ ကျယ် စွာ ခေါ် တော် မူ ရာ၊
ဖျက်ဆီးသော လက်နက်ကို အသီးအသီးကိုင်လျက်၊ ဤမြို့ခံရသော ဒဏ်တို့ကို အနီးသို့ဆောင်ခဲ့ကြလော့ဟု ကျယ်သောအသံနှင့် ခေါ်တော်မူသည်ကို ငါကြား၏။
ထို့နောက် သူတို့သည် ယဇ်ကောင်များကို မီးရှို့ပူဇော်ရန် အထဲသို့ဝင်သွားကြ၏။ ယေဟုသည် အပြင်ဘက်တွင် လူအယောက်ရှစ်ဆယ်ကို နေရာချထားပြီး “သင်တို့လက်သို့ ငါအပ်လိုက်သောသူတစ်စုံတစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့လျှင် ထိုသူ၏အသက်အစား ကိုယ့်အသက်ကို ပြန်ပေးရမည်”ဟု မိန့်မှာထား၏။
ဘုရားသခင်သည် ဂျေရုဆလင်မြို့ကို ဖျက်ဆီးရန် ကောင်းကင်တမန်ကိုလည်း စေလွှတ်သေး၏။ ကောင်းကင်တမန်သည် မြို့ကိုဖျက်ဆီးမည်ပြုစဉ်တွင်ပင် ထာဝရဘုရားသည် ကြည့်ရှုတော်မူ၍ ထိုကပ်ရောဂါဘေးကြောင့် စိတ်မကောင်းဖြစ်သဖြင့် မြို့ကိုဖျက်ဆီးတော့မည့်ကောင်းကင်တမန်အား “လုံလောက်ပြီ။ သင့်လက်ကို ပြန်ရုပ်လော့”ဟု မိန့်တော်မူ၏။ ထိုအချိန်တွင် ထာဝရဘုရား၏ကောင်းကင်တမန်သည် ယေဗုသိလူမျိုးဩရနန်၏ကောက်နယ်တလင်းနား၌ ရပ်နေ၏။
အကြောင်းမူကား ထာဝရဘုရားသည် အီဂျစ်လူမျိုးတို့ကို ဒဏ်ခတ်ရန် ဖြတ်သွားသောအခါ တံခါးထုပ်နှင့် တံခါးတိုင်နှစ်ဖက်၌ သွေးကိုမြင်လျှင် ထာဝရဘုရားသည် ထိုတံခါးကိုကျော်သွားမည်။ ဖျက်ဆီးသောသူကိုလည်း သင်တို့၏အိမ်ထဲသို့ဝင်၍ သင်တို့ကိုဒဏ်ခတ်ခွင့်ပေးတော်မူမည်မဟုတ်။
ထို့နောက် “ငါမည်သူ့ကိုစေလွှတ်ရမည်နည်း။ မည်သူသည် ငါတို့အတွက် သွားမည်နည်း”ဟု ဘုရားရှင်မိန့်တော်မူသောအသံကို ငါကြားရ၏။ ထိုအခါ ငါက “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ”ဟု လျှောက်၏။
ဇိအုန်တောင်ရှိရာဘက်သို့ အချက်ပြအလံကို လွှင့်ပြလော့။ လုံခြုံရာသို့ပြေးကြလော့။ ရပ်မနေကြနှင့်။ အကြောင်းမူကား ငါသည် ပျက်စီးခြင်းဘေးအန္တရာယ်ကြီးကို မြောက်အရပ်မှ ရောက်လာစေမည်”ဟု မိန့်တော်မူ၏။
ငါမြင်ရသောဗျာဒိတ်အာရုံသည် ဘုရားသခင်က မြို့ကိုလာဖျက်ဆီးမည်ဟု မိန့်ဆိုခဲ့စဉ်က မြင်ခဲ့ရသော ဗျာဒိတ်အာရုံနှင့်တူ၏။ ထိုဗျာဒိတ်အာရုံသည် ခေဗာမြစ်နား၌ ငါမြင်ခဲ့သော နိမိတ်အာရုံနှင့်လည်းတူ၏။ ထိုအခါ ငါပျပ်ဝပ်လေ၏။
ထိုကောင်းကင်တမန်က “ဘုရားသခင်တရားစီရင်တော်မူရာအချိန် ကျရောက်လာပြီဖြစ်၍ ကိုယ်တော်ကိုကြောက်ရွံ့လျက် ဘုန်းတော်ကိုချီးမွမ်းကြလော့။ ကောင်းကင်၊ မြေကြီး၊ ပင်လယ်နှင့်စမ်းရေတို့ကို ဖန်ဆင်းတော်မူသောအရှင်ကို ကိုးကွယ်ကြလော့”ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။