ယောသပ်က “ဘုရားသခင်သည် ငါ၏အခက်အခဲပြဿနာအပေါင်းနှင့် ငါ့ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကို ငါမေ့လျော့စေရန်ပြုတော်မူပြီ”ဟု ဆိုလျက် သားဦး၏အမည်ကို မနာရှေ ဟုမှည့်ခေါ်လေ၏။
ယေဇကျေလ 48:4 - မြန်မာ့စံမီသမ္မာကျမ်း နဿလိနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် မနာရှေအမျိုး၏ဝေစုဖြစ်ရမည်။ Garrad Bible မ နာ ရှေ သည် နဿ လိ နယ် စပ် တ ရှောက်၊ အ ရှေ့ ဘက် မှ အ နောက် ဘက် တိုင် အောင် တ စု။ Judson Bible နဿလိခရိုင်အနား၊ အရှေ့ဘက်မှသည် အနောက်ဘက်တိုင်အောင် မနာရှေခရိုင်ရှိရမည်။ |
ယောသပ်က “ဘုရားသခင်သည် ငါ၏အခက်အခဲပြဿနာအပေါင်းနှင့် ငါ့ဖခင်၏အိမ်သူအိမ်သားအပေါင်းတို့ကို ငါမေ့လျော့စေရန်ပြုတော်မူပြီ”ဟု ဆိုလျက် သားဦး၏အမည်ကို မနာရှေ ဟုမှည့်ခေါ်လေ၏။
အီဂျစ်ပြည်သို့ငါမရောက်လာမီ အီဂျစ်ပြည်၌ သင်ရနှင့်သော သားနှစ်ယောက်သည် ငါ့သားများဖြစ်၏။ ဧဖရိမ်နှင့်မနာရှေသည် ရုဗင်နှင့်ရှိမောင်ကဲ့သို့ ငါ့သားများဖြစ်ရမည်။
ဘုရားရှင်ထာဝရဘုရားက “ဤသည်ကား အစ္စရေးအမျိုးအနွယ် တစ်ဆယ့်နှစ်နွယ်အတွက် သင်တို့ခွဲဝေကြရမည့် အမွေမြေနယ်နိမိတ်ဖြစ်၏။ ယောသပ်သည် ဝေစုနှစ်စု ရရမည်။