အရှေ့မုခ်ဆောင်တံခါးဝ၏ဘေးတစ်ဖက်တစ်ချက်စီတွင် အခန်းငယ်သုံးခန်းစီရှိ၏။ အခန်းငယ်သုံးခန်းစလုံး အရွယ်အစားတူ၏။ အခန်းငယ်တို့၏တစ်ဖက်တစ်ချက်ရှိ တိုင်များသည်လည်း အရွယ်အစားတူ၏။
ယေဇကျေလ 40:9 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် မုခ်ဆောင်ဆင်ဝင်ကိုတိုင်းရာ အကျယ်မှာ ရှစ်တောင်ရှိ၍ ဆင်ဝင်ရှိတိုင်များ၏ထုမှာ နှစ်တောင်စီထူ၏။ မုခ်ဆောင်ဆင်ဝင်သည် အိမ်တော်ဘက်သို့မျက်နှာမူ၏။ Garrad Bible ဗိ မာန် တော် ရင် ဆိုင် တံ ခါး မုတ် ဆောင် ကို ရှစ် တောင်၊ တံ ခါး တိုင် နံ ရံ ကို နှစ် တောင် တိုင်း ၏။ Judson Bible တံခါးမုခ်ကိုလည်း တိုင်း၍ အလျားရှစ်တောင်ရှိ၏။ မုခ်တိုင်အမြင့် နှစ်တောင်စီရှိ၏။ တံခါးမုခ်သည် တံခါးအတွင်းဘက်၌ ရှိသတည်း။ |
အရှေ့မုခ်ဆောင်တံခါးဝ၏ဘေးတစ်ဖက်တစ်ချက်စီတွင် အခန်းငယ်သုံးခန်းစီရှိ၏။ အခန်းငယ်သုံးခန်းစလုံး အရွယ်အစားတူ၏။ အခန်းငယ်တို့၏တစ်ဖက်တစ်ချက်ရှိ တိုင်များသည်လည်း အရွယ်အစားတူ၏။
ထို့နောက် အိမ်တော်ဘက်သို့မျက်နှာမူသော မုခ်ဆောင်ဆင်ဝင်ကိုတိုင်းရာ ကျူချောင်းတစ်ပြန်စာရှိ၏။
ထို့နောက် ငါ့ကို ဗိမာန်တော်သို့ ခေါ်ဆောင်သွား၍ ကိန်းဝပ်တော်မူရာဌာနအဝင်ဝ တစ်ဖက်တစ်ချက်ရှိ တံခါးတိုင်များကိုတိုင်းရာ ထုခြောက်တောင်ရှိ၏။
ဗိမာန်တော်အပြင်ခန်းရှိတံခါးတိုင်သည် စတုရန်းပုံရှိ၍ သန့်ရှင်းရာဌာနရှေ့ရှိတံခါးတိုင်နှင့် ပုံသဏ္ဌာန်ချင်းတူ၏။
ဆင်ဝင်ရှိနံရံများတွင်လည်းကောင်း၊ အိမ်တော်အခန်းငယ်များတွင်လည်းကောင်း၊ အမိုးများတွင်လည်းကောင်း ပြတင်းပေါက်ငယ်များနှင့် စွန်ပလွံပင်ပုံများပါရှိ၏။
မင်းသားတစ်ပါးသာလျှင် ထိုတံခါးနားတွင်ထိုင်၍ ထာဝရဘုရားရှေ့တော်၌စားသောက်ရမည်။ သူသည် ထိုတံခါး၏ဆင်ဝင်လမ်းဖြင့်ဝင်၍ ထိုလမ်းဖြင့်ပင် ပြန်ထွက်ရမည်”ဟု မိန့်တော်မူ၏။
ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်၏သွေးအချို့ကိုယူ၍ အိမ်တော်၏တံခါးတိုင်၊ ယဇ်ပလ္လင်၏ထောင့်လေးထောင့်နှင့် အတွင်းဝင်းတံခါးတိုင်တွင် သုတ်ရမည်။