အစ္စရေးလူထုအပေါင်းတို့အား ‘ဤလဆယ်ရက်နေ့၌ လူတိုင်း မိမိတို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အိမ်ထောင်စုတစ်စုလျှင် သိုးသငယ်တစ်ကောင်စီ ယူရမည်။
ယေဇကျေလ 40:1 - မြန်မာ့စံမီသမ္မာကျမ်း ငါတို့ဖမ်းခေါ်သွားခြင်းခံရပြီး နှစ်ဆယ့်ငါးနှစ်မြောက်နှစ်ဦးပိုင်း၊ ဂျေရုဆလင်မြို့တိုက်ခိုက်ခံရပြီး တစ်ဆယ့်လေးနှစ်မြောက်၊ လဆန်းဆယ်ရက်နေ့၊ ထိုနေ့တွင်ပင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်ရောက်လာ၍ ငါ့အား ထိုမြို့သို့ ဆောင်သွားတော်မူ၏။ Common Language Bible နေ့ရက်ကားငါတို့ပြည်နှင်ဒဏ်ခံရပြီးနောက်နှစ်ဆယ့်ငါးနှစ်မြောက်၊ ပထမလ၊ လဆန်းဆယ်ရက်နေ့၊ ယေရုရှလင်မြို့အသိမ်းခံရချိန်တစ်ဆယ့်လေးနှစ်စေ့သောနေ့ဖြစ်၏။ ထိုနေ့၌ငါသည်ထာဝရဘုရား၏တန်ခိုးတော်လွှမ်းမိုးခြင်းခံရပြီးလျှင် ကိုယ်တော်သည်ငါ့အားဆောင်ယူသွားတော်မူ၏။- Garrad Bible တစ် ဖန်၊ ငါ တို့ သိမ်း သွား ခံ ရ သော နှစ် ဆယ့် ငါး နှစ်၊ မြို့ တော် ပေါက် သော တစ် ဆယ့် လေး နှစ်၊ နှစ် ဦး လ ဆယ် ရက် တွင် ပင်၊ ငါ့ အ ပေါ်၌ ထာ ဝ ရ ဘု ရား၏ လက် တော် တည် လျက် ရှိ ရာ၊ မြို့ တော် သို့ ငါ့ ကို ဆောင် ကြွ တော် မူ ၏။ Judson Bible ငါတို့သည် သိမ်းသွားခြင်းကိုခံရာ သက္ကရာဇ်နှစ်ဆယ်ငါးခု၊ ပထမလဆယ်ရက်နေ့၊ မြို့တော်ကို လုပ်ကြံ၍၊ တစ်ဆယ်လေးနှစ် စေ့သောနေ့တွင်၊ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်မှာရှိ၍ ထိုမြို့သို့ဆောင်သွားတော်မူ၏။ |
အစ္စရေးလူထုအပေါင်းတို့အား ‘ဤလဆယ်ရက်နေ့၌ လူတိုင်း မိမိတို့ဘိုးဘေးတို့၏အမျိုးအနွယ်အလိုက် အိမ်ထောင်စုတစ်စုလျှင် သိုးသငယ်တစ်ကောင်စီ ယူရမည်။
နှစ်ပေါင်းလေးရာ့သုံးဆယ်ပြည့်သောနေ့၌ပင် ထာဝရဘုရား၏လူစုအပေါင်းတို့သည် အီဂျစ်ပြည်မှထွက်လာခဲ့ကြ၏။
“ပထမလ၏ပထမနေ့၌ သင်သည် တွေ့ဆုံစည်းဝေးရာတဲတော်တည်းဟူသော ကိန်းဝပ်တော်မူရာတဲတော်ကိုတည်၍
ဘုရားသခင်၏ဝိညာဉ်တော်အားဖြင့် ဖွင့်ပြတော်မူသောဗျာဒိတ်အာရုံထဲမှာ ဝိညာဉ်တော်သည် ငါ့ကို သုံ့ပန်းတို့ရှိရာ ခါလဒဲပြည်သို့ ပြန်ချီဆောင်လာ၏။ ထို့နောက် ငါမြင်ရသော ဗျာဒိတ်အာရုံသည် ပျောက်ကွယ်သွား၏။
အနှစ်နှစ်ဆယ့်ခုနစ်နှစ်မြောက်၊ ပထမလ၊ ပထမနေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
ထိုသို့ ဝိညာဉ်တော်က ငါ့ကိုချီဆောင်သွားသောအခါ ငါသည် ပူပန်စိတ်လောင်မြိုက်လျက် လိုက်ပါသွား၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်အားကြီးစွာတည်လျက်ရှိ၏။
ထိုအရပ်တွင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်၌တည်၍ “လွင်ပြင်သို့ ထသွားလော့။ ထိုနေရာတွင် သင့်ကို ငါစကားပြောမည်”ဟု မိန့်တော်မူ၏။
တစ်ဆယ့်နှစ်နှစ်မြောက်၊ တစ်ဆယ့်နှစ်လပိုင်း၊ ပထမနေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
တစ်ဆယ့်နှစ်နှစ်မြောက်၊ ပထမလ၊ တစ်ဆယ့်ငါးရက်နေ့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
ငါတို့ဖမ်းခေါ်သွားခြင်းခံရပြီး တစ်ဆယ့်နှစ်နှစ်မြောက်၊ ဒသမလ၊ ငါးရက်နေ့တွင် ဂျေရုဆလင်မြို့မှ ထွတ်ပြေးလွတ်မြောက်လာသူတစ်ဦး ငါ့ထံသို့ရောက်လာ၍ “မြို့တော်ကြီးတိုက်ခိုက်ခံရလေပြီ”ဟု ကြားပြောလေ၏။
ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်သက်ရောက်၍ ထာဝရဘုရား၏ဝိညာဉ်တော်သည် ငါ့ကိုခေါ်ဆောင်သွားပြီး အရိုးများနှင့်ပြည့်သော ချိုင့်ဝှမ်းတစ်ခုအလယ်တွင် ချထား၏။
ဆဋ္ဌမနှစ်၊ ဆဋ္ဌမလ၊ ငါးရက်နေ့တွင် ငါသည် အိမ်၌ထိုင်နေ၍ ယုဒလူသက်ကြီးဝါကြီးတို့သည်လည်း ငါ့ရှေ့၌ထိုင်နေကြစဉ် ဘုရားရှင်ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ် သက်ရောက်လာ၏။
သခင်ဘုရား၏နေ့တွင် ငါသည် ဝိညာဉ်တော်၌ရှိစဉ် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ငါ့နောက်၌ကြားရ၏။