“အချင်းလူသား၊ အစ္စရေးပြည်နှင့်ပတ်သက်၍ ‘နေ့ရက်တို့သာ ကုန်ဆုံးသွားပြီ။ ဗျာဒိတ်နိမိတ်တို့သည် တစ်ခုမျှ ဖြစ်မလာပါတကား’ဟူသော ဆိုရိုးစကားကို အဘယ်ကြောင့် ပြောဆိုနေကြသနည်း။
ယေဇကျေလ 18:3 - မြန်မာ့စံမီသမ္မာကျမ်း ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ ဤစကားပုံကို အစ္စရေးပြည်၌ နောက်တစ်ဖန် ပြောဆိုရတော့မည်မဟုတ်’ဟု မိန့်တော်မူ၏။ Common Language Bible ``ငါသည်အသက်ရှင်တော်မူသောဘုရား ဖြစ်သည်နှင့်အညီ ဣသရေလနိုင်ငံတွင် ဤစကားပုံကိုနောက်တစ်ဖန်သုံးစွဲရ တော့မည်မဟုတ်။- Garrad Bible အ သက် တော် ကို တိုင် တည် ၍၊ ငါ အ ရှင် ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ထို စ ကား ပုံ ကို ဣ သ ရေ လ ပြည် တွင် သုံး ရ တော့ မည် မ ဟုတ်။ Judson Bible အရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း နောက်တစ်ဖန် ဣသရေလပြည်၌ ထိုစကားပုံကိုသုံးရသော အကြောင်းမရှိရ။ |
“အချင်းလူသား၊ အစ္စရေးပြည်နှင့်ပတ်သက်၍ ‘နေ့ရက်တို့သာ ကုန်ဆုံးသွားပြီ။ ဗျာဒိတ်နိမိတ်တို့သည် တစ်ခုမျှ ဖြစ်မလာပါတကား’ဟူသော ဆိုရိုးစကားကို အဘယ်ကြောင့် ပြောဆိုနေကြသနည်း။
“အစ္စရေးပြည်နှင့်ပတ်သက်ပြီး ‘ဖခင်တို့က ချဉ်သောစပျစ်သီးကိုစား၍ သားတို့က သွားကျိန်း၏’ဟု သင်တို့ပြောဆိုသော ဤစကားပုံကား မည်သို့နည်း။
သို့ဖြစ်၍ အို အစ္စရေးအမျိုး၊ သင်တို့နည်းလမ်းအတိုင်း သင်တို့တစ်ဦးစီကို ငါစီရင်မည်။ သင်တို့ အပြစ်ကျူးလွန်ရာမှ နောင်တရ၍ ပြန်လာလော့။ သို့ပြုလျှင် သင်တို့ပြုသောအပြစ်သည် သင်တို့အဖို့ ခလုတ်တံသင်း ဖြစ်မည်မဟုတ်’ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
‘ကြည့်ရှုလော့။ ဝိညာဉ်မှန်သမျှကို ငါပိုင်၏။ ဖခင်၏ဝိညာဉ်ကိုငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ အပြစ်ပြုသောဝိညာဉ်သည် သေရမည်။
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။