La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယေ​ဇ​ကျေ​လ 11:1 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

တစ်ဖန် ဝိညာဉ်​တော်​သည် ငါ့​ကို အရှေ့ဘက်​သို့​မျက်နှာမူ​သော ထာဝရဘုရား​အိမ်​တော်​အရှေ့​တံခါး​သို့ ချီဆောင်​သွား​၏​။ ထို​တံခါးဝ​၌ လူ​နှစ်ဆယ့်​ငါး​ယောက်​ကို ငါ​တွေ့​၏​။ သူ​တို့​အလယ်​တွင် လူမျိုး​တော်​၏​အကြီးအကဲ​ဖြစ်​သော အဇ္ဇုရ​၏​သား​ယာဇညာ​နှင့် ဗေနာယ​၏​သား​ပေလတိ​တို့​ကို​လည်း ငါ​တွေ့​၏​။

Ver Capítulo

Common Language Bible

ဘု​ရား​သ​ခင်​၏​ဝိ​ညာဉ်​တော်​သည်​ငါ့​အား ချီ​ပင့်​၍ ဗိ​မာန်​တော်​အ​ရှေ့​တံ​ခါး​သို့​ခေါ် ဆောင်​သွား​တော်​မူ​၏။ တံ​ခါး​အ​နီး​၌​နိုင်​ငံ့ ခေါင်း​ဆောင်​များ​ဖြစ်​ကြ​သော အ​ဇု​ရ​၏​သား ယာ​ဇ​ညာ​နှင့်​ဗေ​နာ​ယ​၏​သား​ပေ​လ​တိ အ​ပါ​အ​ဝင်​လူ​ပေါင်း​နှစ်​ဆယ့်​ငါး​ယောက် ကို​ငါ​မြင်​ရ​၏။

Ver Capítulo

Garrad Bible

ထို့ နောက် ဝိ ညာဉ် တော် သည် ငါ့ ကို ချီ ဆောင် လျက်၊ ဗိ မာန် တော် အ ရှေ့ မျက် နှာ တံ ခါး အ နီး သို့ ယူ သွား တော် မူ သော်၊ ထို တံ ခါး ဝ၌ လူ မျိုး တော် တွင် မှူး မတ် ဖြစ် သူ အ ဇု ရ သား ယာ ဇ ညာ၊ ဗေ နာ ယ သား ပေ လ တိ တို့ ပါ၊ လူ ပေါင်း နှစ် ဆယ့် ငါး ယောက် ကို ငါ မြင် ရ လျှင်၊

Ver Capítulo

Judson Bible

ထို​နောက် ဝိ​ညာဉ်​တော်​သည် ငါ့​ကို​ချီ၍၊ အ​ရှေ့​ဘက်​သို့​မျက်​နှာ​ပြု​သော ထာ​ဝ​ရ​ဘု​ရား၏​အိမ်​တော် အ​ရှေ့​တံ​ခါး​သို့ ဆောင်​သွား၍၊ တံ​ခါး​ဝ၌ လူ​နှစ်​ကျိပ်​ငါး​ယောက် ရှိ၏။ သူ​တို့​တွင် မင်း​ပြု​သော​သူ၊ အ​ဇု​ရ​သား​ယာ​ဇ​ညာ၊ ဗေ​နာ​ယ​သား ပေ​လ​တိ​တို့​ကို ငါ​မြင်၏။

Ver Capítulo



ယေ​ဇ​ကျေ​လ 11:1
23 Referencias Cruzadas  

အကျွန်ုပ်​ထွက်သွား​သည်​နှင့် ထာဝရဘုရား​၏​ဝိညာဉ်​တော်​က အရှင့်​ကို အကျွန်ုပ်​မ​သိ​နိုင်​သော​နေရာ​သို့ ဆောင်ယူ​သွား​လျှင် အကျွန်ုပ်​သည် အာဟပ်​မင်းကြီး​ကို သွား​လျှောက်တင်​ပြီးမှ အရှင့်​ကို မ​တွေ့​သောအခါ အကျွန်ုပ်​ကို သူ​သတ်​ပါ​လိမ့်မည်​။ အရှင့်​အစေအပါး​အကျွန်ုပ်​သည် ငယ်ရွယ်​စဉ်​မှစ၍ ထာဝရဘုရား​ကို ကြောက်ရွံ့ရိုသေ​သူ​ဖြစ်​ပါ​၏​။


“​အရှင့်​အစေအပါး​တို့​၌ သန်မာ​သော​သူ​အယောက်​ငါးဆယ်​ရှိ​ပါ​၏​။ အရှင်​၏​သခင်​ကို သွား​ရှာ​စေ​ပါ​။ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် သူ့​ကို​ဆောင်ယူ​ပြီး တောင်​တစ်ခုခု​ပေါ်တွင်​ဖြစ်စေ​၊ ချိုင့်ဝှမ်း​တစ်နေရာရာ​တွင်​ဖြစ်စေ ချထား​ကောင်း​ချထား​လိမ့်မည်​”​ဟု ဆို​လျှင် ဧလိရှဲ​က “​သွား​မ​ရှာ​စေ​နှင့်​”​ဟု ပြန်ပြော​၏​။


ဘေဘီလုံ​ဘုရင်​က ဂေဒလိ​ကို​ခန့်ထား​ကြောင်း တပ်အကြီးအကဲ​အပေါင်း​တို့​နှင့်​သူ​၏​လူ​များ ကြားသိ​သောအခါ နေသနိ​၏​သား​ဣရှမေလ​၊ ကာရာ​၏​သား​ယောဟနန်​၊ နေတောဖာသိ​လူမျိုး တာနုမက်​၏​သား​စရာယ​၊ မာခါသိ​အမျိုးသား​ယာဇညာ​တို့​သည် သူ​တို့​၏​လူ​များ​နှင့်တကွ ဂေဒလိ​ရှိ​ရာ မိဇပါ​မြို့​သို့​ရောက်လာ​ကြ​၏​။


သောဒုံ​မြို့​ကို​အုပ်ချုပ်​သော​သူ​တို့​၊ ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကို နားထောင်​ကြ​လော့​။ ဂေါမောရ​မြို့သူမြို့သား​တို့​၊ ငါ​တို့​ဘုရားသခင်​၏​ပညတ်တရား​ကို စူးစိုက်​နားထောင်​ကြ​လော့​။


သင်​၏​အကြီးအကဲ​တို့​သည် သူပုန်​ဖြစ်​ကြ​ပြီ​။ သူခိုး​လက်ခံ​ဖြစ်​ကြ​ပြီ​။ သူ​တို့​အားလုံး​သည် တံစိုးလက်ဆောင်​ကို​နှစ်သက်​၍ ဂုဏ်ပကာသန​နောက်​သို့​လိုက်​ကြ​ပြီ​။ သူ​တို့​သည် ဖတဆိုး​ဘက်​မှ တရားသဖြင့်​မ​စီရင်​ကြ​။ မုဆိုးမ​၏​အမှု​ကို​လည်း မ​ဖြေရှင်း​ကြ​။


ငါ​ကြည့်​နေ​စဉ်​မှာပင် ခေရုဗိမ်​တို့​သည် အတောင်ပံ​ကို​ဖြန့်​၍ မြေ​မှ​ကြွသွား​ကြ​၏​။ ဘီး​တို့​သည်​လည်း သူ​တို့​နှင့်အတူ လိုက်သွား​၏​။ ထာဝရဘုရား​အိမ်​တော်​အရှေ့ဘက်​တံခါးဝ​သို့​ရောက်​သောအခါ ရပ်​နေ​၏​။ အစ္စရေး​လူမျိုး​၏​ဘုရားသခင်​ဘုန်းအသရေ​တော်​သည်​လည်း သူ​တို့​အပေါ်​တွင် တည်​နေ​၏​။


မျက်နှာ​ပုံသဏ္ဌာန်​မှာ​လည်း ခေဗာ​မြစ်​နား​၌​တွေ့​ခဲ့​သော မျက်နှာ​ပုံသဏ္ဌာန်​နှင့်​တူ​၏​။ မိမိ​တို့​မျက်နှာမူ​ရာ​တည့်တည့်​သို့​သာ​သွား​တတ်​ကြ​၏​။


ထို​အကြောင်း​ကို ငါ​ပရောဖက်ပြု​ဟောပြော​နေစဉ် ဗေနာယ​၏​သား​ပေလတိ သေ​လေ​၏​။ ထိုအခါ ငါ​သည် ပျပ်ဝပ်​လျက် “​အို ဘုရားရှင်​ထာဝရဘုရား​၊ ကိုယ်တော်​သည် ကြွင်းကျန်​သော​အစ္စရေး​တို့​ကို​ပါ အကုန်အစင်​ဖျက်ဆီး​တော်မူ​မည်လော​”​ဟု အသံကုန်​အော်ဟစ်​လျှောက်ဆို​လေ​၏​။


ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ဖွင့်ပြ​တော်မူ​သော​ဗျာဒိတ်အာရုံ​ထဲမှာ ဝိညာဉ်​တော်​သည် ငါ့​ကို သုံ့ပန်း​တို့​ရှိ​ရာ ခါလဒဲ​ပြည်​သို့ ပြန်ချီဆောင်​လာ​၏​။ ထို့နောက် ငါ​မြင်​ရ​သော ဗျာဒိတ်အာရုံ​သည် ပျောက်ကွယ်​သွား​၏​။


မြို့​၌​ရှိ​သော​အကြီးအကဲ​တို့​သည်​လည်း သားကောင်​ကို​ကိုက်ဖဲ့​သော​ဝံပုလွေ​ကဲ့သို့ လူ​ကို သတ်ဖြတ်​ဖျက်ဆီး​ကြ​၍ ဥစ္စာပစ္စည်း​တို့​ကို လုယူ​ကြ​၏​။


ထို့နောက် ဝိညာဉ်​တော်​သည် ငါ့​ကို​ချီမ​လိုက်​စဉ်တွင် “​စံ​တော်မူ​ရာ​အရပ်​မှ ထာဝရဘုရား​၏​ဘုန်း​တော်​ကို ချီးမွမ်း​ကြ​စေ​သတည်း​”​ဟူသော အသံ​ကို ငလျင်လှုပ်သံ​ကြီး​ကဲ့သို့ ငါ့​နောက်မှ​ကြား​ရ​၏​။


ထိုသို့ ဝိညာဉ်​တော်​က ငါ့​ကို​ချီဆောင်​သွား​သောအခါ ငါ​သည် ပူပန်စိတ်​လောင်မြိုက်​လျက် လိုက်ပါ​သွား​၏​။ ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​အားကြီး​စွာ​တည်​လျက်​ရှိ​၏​။


ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​သက်ရောက်​၍ ထာဝရဘုရား​၏​ဝိညာဉ်​တော်​သည် ငါ့​ကို​ခေါ်ဆောင်​သွား​ပြီး အရိုး​များ​နှင့်​ပြည့်​သော ချိုင့်ဝှမ်း​တစ်​ခု​အလယ်​တွင် ချထား​၏​။


ထို့နောက် အရှေ့​မုခ်ဆောင်​တံခါးဝ​သို့​သွား​၍ လှေကား​ကို​တက်​ပြီးမှ တံခါးဝ​ရှိ တံခါးခုံ​ကို​တိုင်း​ရာ အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ နောက်​တံခါးခုံ​တစ်​ခု​မှာ​လည်း အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။


ထို့နောက် ငါ့​ကို ဗိမာန်တော်​သို့ ခေါ်ဆောင်​သွား​၍ ကိန်းဝပ်​တော်မူ​ရာ​ဌာန​အဝင်ဝ တစ်ဖက်တစ်ချက်​ရှိ တံခါးတိုင်​များ​ကို​တိုင်း​ရာ ထု​ခြောက်​တောင်​ရှိ​၏​။


တစ်ဖန် ငါ့​ကို ထာဝရဘုရား​၏​အိမ်​တော်​ဝင်း​အတွင်း​သို့ ဆောင်သွား​ရာ လူ​နှစ်ဆယ့်​ငါး​ယောက်​ခန့်​သည် ဆင်ဝင်​နှင့် ယဇ်ပလ္လင်​ကြား​ရှိ ထာဝရဘုရား​၏​ဗိမာန်တော်​တံခါးဝ​တွင် ထာဝရဘုရား​၏​ဗိမာန်တော်​ကို ကျောခိုင်း​ပြီး အရှေ့​အရပ်​သို့​မျက်နှာမူ​၍ အရှေ့​အရပ်​ရှိ​နေမင်း​အား ရှိခိုးကိုးကွယ်​ကြ​သည်​ကို တွေ့​ရ​၏​။


ထို​လူ​ထံမှ လက်​နှင့်တူသော​အရာ​တစ်​ခု ထွက်လာ​၍ ငါ့​ဦးခေါင်း​မှ​ဆံပင်​ကို လှမ်းဆွဲ​၏​။ ဘုရားသခင်​ဖွင့်ပြ​သော နိမိတ်အာရုံ​ထဲမှာ ဝိညာဉ်​တော်​သည် ငါ့​ကို မိုး​နှင့်​မြေ​အကြား​သို့​ချီမ​လိုက်​ပြီး မနာလိုဝန်တိုစိတ်​ကို​ဆွပေး​သော​ရုပ်တု စိုက်ထူ​ထား​ရာ ဂျေရုဆလင်​မြို့​မြောက်ဘက်​၊ အတွင်း​တံတိုင်း​တံခါးဝ​သို့ ဆောင်သွား​တော်မူ​၏​။


ယုဒ​အကြီးအကဲ​တို့​သည် နယ်နိမိတ်​မှတ်တိုင်​ကို​ရွှေ့ပစ်​သူ​များ​နှင့်​တူ​၏​။ ထို့ကြောင့် ရေ​ကို​သွန်ချ​သကဲ့သို့ သူ​တို့​အပေါ်​ငါ့​အမျက်​ကို သွန်ချ​မည်​။


ရေ​ထဲမှ​တက်​လာ​ကြ​သောအခါ ထာဝရ​ဘုရား​၏​ဝိညာဉ်​တော်​သည် ဖိလိပ္ပု​ကို ချီဆောင်​သွား​တော်မူ​သဖြင့် ထို​မှူးမတ်​သည် ဖိလိပ္ပု​ကို နောက်ထပ် မ​တွေ့ရ​တော့​ပေ။ သို့သော် သူ​သည် ဝမ်းမြောက်​လျက် မိမိ​၏​ခရီး​ကို ဆက်သွား​လေ​၏။


သခင်​ဘုရား​၏​နေ့​တွင် ငါ​သည် ဝိညာဉ်​တော်​၌​ရှိ​စဉ် တံပိုးခရာသံ​ကဲ့သို့ ကျယ်လောင်​သော​အသံ​ကို ငါ့​နောက်၌​ကြား​ရ​၏။