ယောရှု 21:5 - မြန်မာ့စံမီသမ္မာကျမ်း မဲချရာတွင် ကျန်ကောဟတ်အမျိုးတို့သည် ဧဖရိမ်အမျိုးအနွယ်၏မျိုးနွယ်စု၊ ဒန်အမျိုးအနွယ်၊ မနာရှေအမျိုးအနွယ်တစ်ဝက်တို့ထံမှ မြို့ဆယ်မြို့ကို ရရှိ၏။ Common Language Bible ကျန်ရှိနေသောကောဟတ်သားချင်းစုတို့ အတွက်မြို့ဆယ်မြို့ကိုဧဖရိမ်နယ်မြေ၊ ဒန် နယ်မြေ၊ အနောက်ဘက်မနာရှေနယ်မြေ ထဲမှသတ်မှတ်ပေးကြသည်။ Garrad Bible ကြွင်း သော ကော ဟတ် သား မြေး တို့ သည် ဧ ဖ ရိမ်၊ ဒန်၊ မ နာ ရှေ့ အ နွယ် တစ် ဝက် နယ် များ တွင် မဲ ကျ သည့် အ တိုင်း ဆယ် မြို့ ကို ရ ကြ ၏။ Judson Bible ကြွင်းသောကောဟတ်သားတို့သည် ဧဖရိမ်ခရိုင်၊ ဒန်ခရိုင်၊ မနာရှေခရိုင်ဝက်ထဲက ဆယ်မြို့ကိုရကြ၏။ |
ကောဟတ်အမျိုးအနွယ်၏မျိုးနွယ်စုထဲမှ ကြွင်းကျန်သောကောဟတ်သားမြေးတို့အဖို့ မဲချရာ မနာရှေအမျိုးတစ်ဝက်တို့ထံမှ မြို့ဆယ်မြို့ကို ရကြ၏။
ကောဟတ်မှ အာမရံမျိုးနွယ်စု၊ ဣဇဟာမျိုးနွယ်စု၊ ဟေဗြုန်မျိုးနွယ်စု၊ ဩဇေလမျိုးနွယ်စုတို့ ဆင်းသက်လာ၏။ ဤသည်ကား ကောဟတ်မျိုးနွယ်စုများ ဖြစ်၏။
မဲချရာတွင် ကောဟတ်အမျိုးတို့ မျိုးနွယ်စုအလိုက် မဲကျ၏။ လေဝိအမျိုးအနွယ်၊ ယဇ်ပုရောဟိတ်အာရုန်၏ သားမြေးတို့သည် ယုဒအမျိုးအနွယ်၊ ရှိမောင်အမျိုးအနွယ်၊ ဗင်္ယာမိန်အမျိုးအနွယ်တို့ထံမှ မြို့တစ်ဆယ့်သုံးမြို့ကို ရရှိ၏။
မဲချရာတွင် ဂေရရှုန်အမျိုးတို့သည် ဣသခါအမျိုးအနွယ်၏မျိုးနွယ်စု၊ အာရှာအမျိုးအနွယ်၊ နဿလိအမျိုးအနွယ်၊ ဗာရှန်ပြည်ရှိ မနာရှေအမျိုးအနွယ်တစ်ဝက်တို့ထံမှ မြို့တစ်ဆယ့်သုံးမြို့ကို ရရှိ၏။