“သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမိန့်မှာသောသတင်းစကားများကို ထိုမြို့အား ပြောကြားလော့”ဟု မိန့်ဆို၏။
နိ န ဝေ မြို့ ကြီး သို့ ထ သွား ပြီး လျှင်၊ ငါ မှာ ထား သော စ ကား ကို ကြွေး ကြော် လော့ ဟု မိန့် တော် မူ၏။
သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။
ထိုစာသည် ဂျူးလူမျိုးမော်ဒကဲနှင့်မိဖုရားဧသတာတို့ သတ်မှတ်ပေးထားသည့်အတိုင်း၊ သူတို့နှင့် သူတို့၏သားစဉ်မြေးဆက်တို့အတွက် ဤနေ့ကို အစာရှောင်မြည်တမ်းရာနေ့အဖြစ် သတ်မှတ်ပေးထားသည့်အတိုင်း ပုရိမ်ပွဲနေ့ကို သတ်မှတ်အတည်ပြုပေးသောစာဖြစ်၏။
မောရှေသည် မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံနှင့် မိမိပြုရန် မိန့်မှာတော်မူသောနိမိတ်လက္ခဏာအလုံးစုံတို့ကို အာရုန်အားပြောကြားလေ၏။
“သင်သည် ခါးကိုစည်း၍ ထပြီးလျှင် သင့်အား ငါမိန့်မှာထားသောစကားအလုံးစုံကို သူတို့အား ဆင့်ဆိုလော့။ သူတို့ကို မကြောက်နှင့်။ ကြောက်လျှင် သင့်ကို သူတို့ရှေ့တွင် ငါခြောက်လှန့်မည်။
သို့သော် ထာဝရဘုရားက ငါ့အား “ ‘အကျွန်ုပ်သည် သူငယ်သာဖြစ်ပါသည်’ဟု မဆိုနှင့်။ သင့်ကိုငါစေလွှတ်သော လူအပေါင်းတို့ထံသို့ သင်သွားရမည်။ ငါမိန့်မှာသောစကားအလုံးစုံတို့ကို သင်ပြောကြားရမည်။
သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ငါ့စကားကို သူတို့အား ပြောပြရမည်။
“အချင်းလူသား၊ ငါသည် သင့်ကို အစ္စရေးလူမျိုးတို့ကိုစောင့်ကြည့်သော ကင်းစောင့်အဖြစ် ခန့်ထားပြီ။ ငါပြောသောစကားကိုကြားတိုင်း သူတို့ကို ပြန်ပြောရမည်။
“ထလော့။ နိနေဝေမြို့ကြီးသို့ သွားလော့။ သူတို့ပြုသောမကောင်းမှုများသည် ငါ့ရှေ့မှောက်တွင် ထင်ရှားလှပြီဖြစ်၍ သူတို့ကို ဆန့်ကျင်ဟောပြောလော့”ဟု မိန့်ဆို၏။
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယောနထံသို့ ဒုတိယအကြိမ် ရောက်လာပြီး
ထိုအခါ ယောနသည် ထ၍ ထာဝရဘုရား၏အမိန့်တော်အတိုင်း နိနေဝေမြို့သို့ သွားလေ၏။ နိနေဝေမြို့သည် အလွန်ကြီးသောမြို့ဖြစ်၍ သုံးရက်ခရီးအကျယ်အဝန်းရှိ၏။
သို့ဖြစ်၍ နောင်တနှင့်ထိုက်တန်သောအသီးကို သီးကြလော့။
ထို့နောက် ယေရှုသည် ထိုသူကို ဗိမာန်တော်၌တွေ့၍“ကြည့်လော့။ သင်သည် အကောင်းပကတိဖြစ်လေပြီ။ နောက်တစ်ဖန်အပြစ်မပြုနှင့်။ သို့မဟုတ်လျှင် ပို၍ဆိုးရွားသောအရာသည် သင့်အပေါ် သက်ရောက်လိမ့်မည်”ဟု မိန့်တော်မူ၏။