ဘုရားသခင်သည် နေ့ကိုအုပ်စိုးစေရန် အလင်းအိမ်အကြီး၊ ညကိုအုပ်စိုးစေရန် အလင်းအိမ်အငယ်ဟူသော အလင်းအိမ်ကြီးနှစ်လုံးနှင့်တကွ ကြယ်များကို ဖန်ဆင်းတော်မူ၏။
ယောဘဝတ္တု။ 9:9 - မြန်မာ့စံမီသမ္မာကျမ်း ဓူဝံကြယ်၊ သရဝဏ်ကြယ်၊ ဖျောက်ဆိပ်ကြယ်၊ တောင်ပိုင်းကြယ်တို့ကို ဖန်ဆင်းတော်မူ၏။ Common Language Bible အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ၏။ Garrad Bible ခု နစ် စဉ်၊ အဿ ဝ နီ၊ ကြ တ္တိ ကာ မှ စ သော၊ တောင် မျက် နှာ တိုက် ခန်း များ ကို ဖန် ဆင်း လျက်၊ Judson Bible အာရှကြယ်၊ ခသိလကြယ်၊ ခိမကြယ်စုမှစ၍ တောင်မျက်နှာ ကြယ်တိုက်တို့ကို ဖန်ဆင်းတော်မူ၏။ |
ဘုရားသခင်သည် နေ့ကိုအုပ်စိုးစေရန် အလင်းအိမ်အကြီး၊ ညကိုအုပ်စိုးစေရန် အလင်းအိမ်အငယ်ဟူသော အလင်းအိမ်ကြီးနှစ်လုံးနှင့်တကွ ကြယ်များကို ဖန်ဆင်းတော်မူ၏။
လေပွေသည် တောင်အရပ်မှလည်းကောင်း၊ အေးမြသောလေသည် မြောက်အရပ်မှလည်းကောင်း တိုက်ခတ်လာ၏။
ကိုယ်တော်သည် တောင်များကို မိမိ၏အထက်ခန်းတို့မှ ရေလောင်းတော်မူ၏။ ကမ္ဘာမြေကြီးသည် ကိုယ်တော်ပြုတော်မူသော အမှုတို့၏အသီးအပွင့်ကြောင့် ပြည့်စုံကြွယ်ဝလျက်ရှိပါ၏။
ကိုယ်တော်သည် မိမိအထက်ခန်းတို့၏ရက်မများကို ရေပေါ်တွင်တည်ထားပြီး တိမ်တိုက်များကို မြင်းရထားအဖြစ်စီးလျက် လေ၏တောင်ပံများဖြင့် သွားလာတော်မူ၏။
ကိုယ်တော်သည် ကြယ်တို့၏အရေအတွက်ကို သတ်မှတ်၍ ၎င်းတို့အားလုံးကို အမည်ပေးတော်မူ၏။
ခုနစ်စင်ကြယ်နှင့် သရဝဏ်နက္ခတ်တို့ကိုဖန်ဆင်းတော်မူသောအရှင်၊ သေမင်းအရိပ်ကို နံနက်အလင်းဖြစ်စေသောအရှင်၊ နေ့ကို ညအမှောင်ဖြစ်စေသောအရှင်၊ ပင်လယ်ရေကို ဆင့်ခေါ်ပြီး ထိုရေတို့ကို မြေမျက်နှာပြင်ပေါ်လွှတ်ပေးလိုက်သောအရှင်၏နာမတော်ကား ထာဝရဘုရားဟူ၍ဖြစ်၏။
တစ်ဖန် ရွက်လွှင့်ပြန်ရာ ရေဂျုန်မြို့သို့ရောက်ကြ၏။ နောက်တစ်နေ့တွင် တောင်လေတိုက်လာသဖြင့် ဒုတိယနေ့၌ ပေါတယောလိမြို့သို့ရောက်ကြ၏။