ငါတောင်းဆိုသောအရာကို ရပါစေသော။ ဘုရားသခင်သည် ငါ့မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးပါစေသော။
ငါတောင်းသောအရာကို ရပါစေ။ ငါတောင့်တသောအရာကို ဘုရားသခင်ပေးသနားတော်မူပါစေ။
ငါ စောင့် မျှော် ရာ ကို ဘု ရား သ ခင် သ နား တော် မူ၍၊ တောင်း လျှောက် သည့် အ တိုင်း ခံ ယူ ရ ပါ စေ သော။
ငါတောင်းသောအရာကို ရပါစေ။ ငါတောင့်တသောအရာကို ဘုရားသခင် ပေးသနားတော်မူပါစေ။
တောကန္တာရသို့ ခရီးဆက်လေ၏။ တစ်ရက်ကြာခရီးသွားပြီးလျှင် ရှားပင်တစ်ပင်အောက်တွင် ထိုင်လျက် “အို ထာဝရဘုရား၊ တန်ပါပြီ။ ယခု အကျွန်ုပ်အသက်ကို ရုပ်သိမ်းတော်မူပါ။ အကျွန်ုပ်သည် အကျွန်ုပ်ဘိုးဘေးတို့ထက် မြတ်သောသူမဟုတ်ပါ”ဟု မိမိအသက်သေဖို့ ဆုတောင်းလေ၏။
ငါအသက်ရှင်ရသည်ကို ရွံမုန်းလှပြီ။ ငါ၏စိတ်ဒုက္ခကို ဖွင့်ချတော့မည်။ ငါ့စိတ်ထဲမှခါးသီးမှုကို ရင်ဖွင့်တော့မည်။
သေခြင်းကိုတောင့်တသောသူတို့သည် သေခွင့်ကို မရကြ။ သူတို့သည် ဝှက်ထားသောဘဏ္ဍာထက် သေခြင်းကို သာ၍ရှာဖွေကြ၏။
သင်္ချိုင်းကိုသာရှာတွေ့လျှင် အဘယ်မျှလောက် ဝမ်းမြောက်ပျော်ရွှင်ကြမည်နည်း။
ငါ့အဖို့ ရွံရှာဖွယ်သောအစာကဲ့သို့ဖြစ်၍ တို့ထိလိုစိတ်ပင်မရှိ။
ဘုရားသခင်သည် ငါ့ကို အမှုန့်ချေပစ်ဖို့ရန် အလိုတော်ရှိပါစေသော။ လက်တော်ကိုဆန့်၍ ငါ့ကို ကွပ်မျက်ပါစေသော။
အကျွန်ုပ်၏စိတ်ဝိညာဉ်သည် ကိုယ်တော်၏ကယ်တင်ခြင်းကိုတောင့်တလျက် အားအင်ကုန်ခန်းပါ၏။ အကျွန်ုပ်သည် ကိုယ်တော်၏နှုတ်ကပတ်တော်ကို မျှော်လင့်ကိုးစားပါ၏။
ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်၏အသက်ကို ယခုပင်နုတ်ယူတော်မူပါ။ အကျွန်ုပ် အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆုတောင်းလေ၏။