La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယောဘဝတ္တု။ 5:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

မီးပွား​တို့​သည် အထက်​သို့​လွင့်သွား​သကဲ့သို့ လူ​သည် အခက်အခဲ​ပြဿနာ​၌​ကျင်လည်​ရန် မွေးဖွား​လာ​၏​။

Ver Capítulo

Common Language Bible

မီးပွါးတို့သည် အထက်သို့ပျံတက်သည်နည်းတူ၊ လူသည်ဒုက္ခ၌ ကျင်လည်ခြင်းငှါ မွေးဘွား၏။

Ver Capítulo

Garrad Bible

မီး ပွား များ သည် တက် လွင့် တတ် သည့် နည်း တူ၊ လူ လည်း မွေး ဖွား၍ ဒု က္ခ ခံ ရ တတ်၏။

Ver Capítulo

Judson Bible

မီး​ပွား​တို့​သည် အ​ထက်​သို့ ပျံ​တက်​သည်​နည်း​တူ၊ လူ​သည် ဒု​က္ခ၌​ကျင်​လည်​ခြင်း​ငှာ မွေး​ဖွား၏။

Ver Capítulo



ယောဘဝတ္တု။ 5:7
11 Referencias Cruzadas  

မိန်းမ​မှ​မွေး​လာ​သော​လူ​သည် အသက်တာ​တိုတောင်း​၍ ဆင်းရဲဒုက္ခ​များ​နှင့် ပြည့်နှက်​နေ​ပါ​၏​။


လူ​သည် မြေကြီး​ပေါ်တွင် ခက်ခဲပင်ပန်း​စွာ လုပ်ကိုင်​ကြ​ရ​ပါ​သည်​တကား​။ လူ​အသက်ရှင်​သော​နေ့ရက်​တို့​သည် သူရင်းငှား​၏​နေ့ရက်​ကဲ့သို့ ဖြစ်​ပါ​သည်​တကား​။


အကျွန်ုပ်​တို့​၏​အသက်တာ​နှစ်ကာလ​သည် အနှစ်​ခုနစ်ဆယ်​ဖြစ်​ပါ​၏​။ ကျန်းမာသန်စွမ်း​လျှင် အနှစ်​ရှစ်ဆယ်​ဖြစ်နိုင်​ပါ​၏​။ သို့သော် ထို​နှစ်ကာလ​တို့​၏​အကောင်းဆုံး​အချိန်​မှာပင် အခက်အခဲ​ပြဿနာ​နှင့် ဆင်းရဲဒုက္ခ​မျှသာ​ဖြစ်​ပါ​၏​။ အကယ်စင်စစ် အချိန်​တို့​သည် လျင်မြန်​စွာ​ကုန်လွန်​၍ အကျွန်ုပ်​တို့​သည် အဝေး​သို့​ပျံသန်း​သွား​ကြ​ပါ​၏​။


ခပ်သိမ်း​သော​အရာ​တို့​သည် မ​ပြောပြ​နိုင်​အောင် ပင်ပန်း​ငြီးငွေ့​ဖွယ်​ကောင်း​၏​။ မျက်စိ​သည် ကြည့်​၍​ဝ​သည်​ဟူ၍​မ​ရှိ​။ နား​သည်​လည်း နားထောင်​၍​အလို​ပြည့်ဝ​သည်​ဟူ၍​မ​ရှိ​။


လူ​သည် နေ​အောက်​တွင်​ကြိုးပမ်းအားထုတ်​သည့် သူ​၏​ကြိုးပမ်းအားထုတ်မှု​အားလုံး​အတွက်​လည်းကောင်း​၊ သူ​၏​စိတ်နှလုံး​စွဲလမ်းသောအရာ​များ​အတွက်​လည်းကောင်း မည်သည့်​အရာ​ကို​ရရှိ​သနည်း​။


သူ​၏​နေ့ရက်​ရှိသမျှ​တို့​သည် ဒုက္ခဝေဒနာ​နှင့်​ပြည့်​လျက် သူ​၏​အလုပ်​သည်​ပူဆွေး​စရာ​ဖြစ်​၏​။ သူ​၏​စိတ်နှလုံး​သည် ညအခါ​၌​ပင် မ​နား​ရ​ပေ​။ ဤ​အရာ​သည်​လည်း အချည်းနှီး​ဖြစ်​၏​။


ငါ​သည် အခက်အခဲ​ပြဿနာ​၊ ဝမ်းနည်း​ခြင်း​များ​နှင့် ကြုံတွေ့​ရ​၍ ငါ​၏​နေ့ရက်​တို့​သည်​လည်း အရှက်ကွဲ​ခြင်း​နှင့် ကုန်ဆုံး​သွား​ရ​စေရန် အဘယ်ကြောင့် မွေးလာ​ရ​သနည်း​။


လူ​၌​ဖြစ်​တတ်​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​ကို​သာ သင်​တို့​ခံရ​ကြ​၏။ ဘုရားသခင်​သည် သစ္စာ​နှင့်​ပြည့်စုံ​တော်မူ​သည်​ဖြစ်၍ သင်​တို့​ခံနိုင်​သည်​ထက် ပိုလွန်​သော​စုံစမ်း​နှောင့်ယှက်​ခြင်း​ကို သင်​တို့​အား​ခံ​စေ​တော်မူ​လိမ့်မည်​မ​ဟုတ်။ ထို့ပြင် သင်​တို့​ခံ​နိုင်​မည့်​အကြောင်း စုံစမ်း​နှောင့်ယှက်​ခြင်း​နှင့်တကွ ထွက်မြောက်​ရာ​လမ်း​ကို​လည်း ပြင်ဆင်​ပေး​တော်မူ​လိမ့်မည်။