ကိုယ်တော်သည် မိမိ၏သန့်ရှင်းသူတို့ကိုပင် ယုံကြည်သည်မဟုတ်။ ကောင်းကင်သည်ပင် ကိုယ်တော့်ရှေ့တွင် စင်ကြယ်သည်မဟုတ်။
ယောဘဝတ္တု။ 5:1 - မြန်မာ့စံမီသမ္မာကျမ်း ယခု အော်ခေါ်ပါလော့။ သင့်ကို မည်သူထူးမည်နည်း။ မည်သည့်သန့်ရှင်းသူတို့ထံသို့ သင်လှည့်မည်နည်း။ Common Language Bible ယခုဟစ်ခေါ်ပါ။ အဘယ်သူ ထူးလိမ့်မည်နည်း။ သန့်ရှင်းသူတို့တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း။ Garrad Bible သင် ဟစ် ခေါ် လျှင်၊ ထူး မည့် သူ ရှိ သ လော။ သန့် ရှင်း သူ တို့ အ နက်၊ မည် သူ့ ထံ လှည့်၍ ကိုး စား ပါ မည် နည်း။ Judson Bible ယခု ဟစ်ခေါ်ပါ။ အဘယ်သူ ထူးလိမ့်မည်နည်း။ သန့်ရှင်းသူတို့တွင် အဘယ်သူကို ကြည့်မျှော်မည်နည်း။ |
ကိုယ်တော်သည် မိမိ၏သန့်ရှင်းသူတို့ကိုပင် ယုံကြည်သည်မဟုတ်။ ကောင်းကင်သည်ပင် ကိုယ်တော့်ရှေ့တွင် စင်ကြယ်သည်မဟုတ်။
ကိုယ်တော်တိုင် အကျွန်ုပ်အတွက် အာမခံပေးတော်မူပါ။ မည်သူသည် အကျွန်ုပ်အတွက် အာမခံပေးမည်နည်း။
မိမိအစေအပါးတို့ကို အယုံအကြည်ရှိတော်မမူ၊ မိမိကောင်းကင်တမန်တို့ကိုပင် အပြစ်ရှိသည်ဟု စီရင်တော်မူလျှင်
သူတို့သည် စခန်းထဲတွင် မောရှေနှင့် ထာဝရဘုရား၏သန့်ရှင်းသောသူဖြစ်သည့်အာရုန်ကို ငြူစူကြသောအခါ
ကမ္ဘာမြေကြီးပေါ်ရှိ သန့်ရှင်းသောသူတို့နှင့်ပတ်သက်၍မူကား သူတို့သည် ကြီးမြတ်သောသူဖြစ်ကြ၏။ ငါသည် သူတို့ကို အလွန်နှစ်သက်၏။
အို ထာဝရဘုရား၊ ကောင်းကင်သည် ကိုယ်တော်ပြုတော်မူသောအံ့ဖွယ်သောအမှုတို့ကို ချီးမွမ်းပါ၏။ ကိုယ်တော်၏သစ္စာတော်ကိုလည်း သန့်ရှင်းသောသူတို့၏အစုအဝေးထဲတွင် ချီးမွမ်းပါ၏။
ကမ်းရိုးတန်းဒေသတို့၊ ငါ့ရှေ့မှာတိတ်ဆိတ်စွာနေကြလော့။ လူမျိုးတကာတို့၊ အားသစ်မွေးကြ။ လာ၍ တိုင်ပင်ဆွေးနွေးကြ။ တရားဆိုင်ဖို့ အတူတူဆုံ၍ တရားဆိုင်ကြစို့။
ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုသည် ခရစ်တော်ယေရှု၌သစ္စာရှိသည့် ဧဖက်မြို့တွင်နေကြသောသန့်ရှင်းသူများထံသို့ စာရေးလိုက်ပါ၏။
ထို့ကြောင့် ဤမျှလောက်များပြားသောသက်သေတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည် လေးသောဝန်နှင့် အလွယ်တကူငြိတွယ်တတ်သည့်သဘောရှိသော အပြစ်ရှိသမျှတို့ကို ဖယ်ရှားလျက် ငါတို့ရှေ့၌ပြင်ဆင်ထားသောပြေးပွဲကို ဇွဲလုံ့လဖြင့်ပြေးကြကုန်စို့။