အစ္စရေးဘုရင်လည်း ဘုရားသခင်၏လူသတိပေးသောနေရာသို့ မိမိလူတို့ကို စေလွှတ်၍စူးစမ်းစေ၏။ ဤနည်းဖြင့် ရန်သူကို တစ်ကြိမ်နှစ်ကြိမ်မက ရှောင်နိုင်ခဲ့၏။
ယောဘဝတ္တု။ 40:5 - မြန်မာ့စံမီသမ္မာကျမ်း အကျွန်ုပ်သည် တစ်ကြိမ် နှစ်ကြိမ်မက ပြောဆိုမိပါပြီ။ ယခုမှာ နောက်ထပ်မပြောတော့ပါ”ဟု ပြန်လျှောက်၏။ Common Language Bible တကြိမ်ပြောမိပါပြီ။ တဖန်မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍ လျှောက်လေ၏။ Judson Bible တစ်ကြိမ် ပြောမိပါပြီ။ တစ်ဖန် မပြောဝံ့ပါ။ နှစ်ကြိမ်တိုင်အောင် ပြောမိပါပြီ။ သို့ရာတွင် ထပ်၍မပြောဝံ့ပါဟု ထာဝရဘုရားအား ပြန်၍လျှောက်လေ၏။ |
အစ္စရေးဘုရင်လည်း ဘုရားသခင်၏လူသတိပေးသောနေရာသို့ မိမိလူတို့ကို စေလွှတ်၍စူးစမ်းစေ၏။ ဤနည်းဖြင့် ရန်သူကို တစ်ကြိမ်နှစ်ကြိမ်မက ရှောင်နိုင်ခဲ့၏။
အကယ်စင်စစ် ဘုရားသခင်သည် တစ်ကြိမ်မက နှစ်ကြိမ်မိန့်တော်မူသော်လည်း မည်သူမျှသတိမမူ။
ငါဖြောင့်မတ်နေလျှင်ပင် တုံ့ပြန်၍မရ။ ငါ့အား တရားစီရင်မည့်သူကို အသနားခံရန်သာရှိတော့မည်။
လူသည် ကိုယ်တော်နှင့် အငြင်းအခုံပြုမည်ဆိုလျှင်ပင် မေးခွန်းတစ်ထောင်တွင် တစ်ခုမျှ ဖြေနိုင်မည်မဟုတ်ပါ။
ဘုရားသခင်က တစ်ကြိမ်မိန့်တော်မူပြီး နှစ်ကြိမ် ငါကြားရသောအရာဟူမူကား အစွမ်းသတ္တိကို ဘုရားသခင်ပိုင်တော်မူ၏။
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။