အာဏာရမင်းတို့ကိုပင် စီရင်ပိုင်သောဘုရားသခင်ကို အသိပညာသင်ကြားပေးနိုင်သူရှိမည်လော။
ယောဘဝတ္တု။ 4:18 - မြန်မာ့စံမီသမ္မာကျမ်း မိမိအစေအပါးတို့ကို အယုံအကြည်ရှိတော်မမူ၊ မိမိကောင်းကင်တမန်တို့ကိုပင် အပြစ်ရှိသည်ဟု စီရင်တော်မူလျှင် Common Language Bible အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။ Garrad Bible အ မှု တော် ဆောင် တို့ ကို၊ ကိုး စား တော် မ မူ။ တ မန် တော် များ ကို ပင် မှောက် မှား ပြစ် တင် တော် မူ၏။ Judson Bible အမှုတော်ထမ်းတို့ကို ယုံတော်မမူ။ ကောင်းကင်တမန်တော်တို့၌ စုံလင်ခြင်းမရှိဟု ထင်တော်မူ၏။ |
အာဏာရမင်းတို့ကိုပင် စီရင်ပိုင်သောဘုရားသခင်ကို အသိပညာသင်ကြားပေးနိုင်သူရှိမည်လော။
လူသည် ဘုရားသခင်ရှေ့တွင် မည်သို့ဖြောင့်မတ်နိုင်မည်နည်း။ မိန်းမမှမွေးသောလူသည် မည်သို့သန့်ရှင်းစင်ကြယ်နိုင်မည်နည်း။
မိမိ၏ကောင်းကင်တမန်တို့ကို လေကဲ့သို့လည်းကောင်း၊ မိမိ၏အမှုကိုထမ်းဆောင်သောသူတို့အား လောင်ကျွမ်းသောမီးကဲ့သို့လည်းကောင်း ဖြစ်စေတော်မူ၏။
အကြောင်းမူကား ဘုရားသခင်သည် အပြစ်ပြုသည့်ကောင်းကင်တမန်များကို ညှာတာတော်မမူဘဲ အဝီစိငရဲထဲသို့ ပစ်ချ၍ မှောင်မည်းခြင်း၏သံကြိုးဖြင့် ချည်နှောင်ကာ တရားစီရင်ခြင်းအတွက် ထိန်းသိမ်းထားတော်မူ၏။
ထို့ပြင် မိမိတို့၏မူလအခွင့်အာဏာကိုမထိန်းသိမ်းဘဲ မိမိတို့စံရာအရပ်ကို စွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအား တရားစီရင်တော်မူရာနေ့ကြီးအတွက် ထာဝရအချုပ်အနှောင်အားဖြင့် မှောင်မည်းခြင်းအောက်၌ ထိန်းသိမ်းထားတော်မူ၏။