La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယောဘဝတ္တု။ 29:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

လူငယ်​တို့​သည်​လည်း ငါ့​ကို​မြင်​လျှင် ရှောင်ပေး​ကြ​၏​။ အသက်ကြီး​သူ​တို့​သည်​လည်း ထ​၍​ရပ်​ပေး​ကြ​၏​။

Ver Capítulo

Common Language Bible

လူပျိုတို့သည် ငါ့ကိုမြင်သဖြင့် ပုန်းရှောင်၍ နေကြ၏။ အသက်ကြီးသူတို့သည်လည်းထ၍ မတ်တတ် နေကြ၏။

Ver Capítulo

Garrad Bible

ငါ့ ကို မြင် သော်၊ လူ ပျို တို့ ဆုတ် ခွာ လျက်၊

Ver Capítulo

Judson Bible

လူ​ပျို​တို့​သည် ငါ့​ကို​မြင်​သ​ဖြင့် ပုန်း​ရှောင်၍ နေ​ကြ၏။ အ​သက်​ကြီး​သူ​တို့​သည်​လည်း ထ၍ မတ်​တတ်​နေ​ကြ၏။

Ver Capítulo



ယောဘဝတ္တု။ 29:8
10 Referencias Cruzadas  

လူစည်ကား​ရာ​မြို့​တံခါး​သို့​သွား​လျှင်​လည်း ထိုင်စရာ​နေရာ​အသင့်ရှိ​၏​။


အကြီးအကဲ​များ​ပင် စကားပြော​ရာ​မှ​ရပ်​၍ နှုတ်​ကို လက်​နှင့်​ပိတ်​ထား​ကြ​၏​။


ဖြူသောဆံပင်​သည် အသရေ​ရှိ​သော​သရဖူ​ဖြစ်၍ ဖြောင့်မတ်​စွာ​ပြုမူကျင့်ကြံ​ခြင်း​အားဖြင့် ၎င်း​ကို​ရရှိ​နိုင်​၏​။


တရားစီရင်​ရာ​ပလ္လင်​ပေါ်တွင်​ထိုင်​သော ရှင်ဘုရင်​သည် မကောင်းမှု​ရှိသမျှ​ကို မိမိ​၏​မျက်စိ​ဖြင့် လွင့်သွား​စေ​တတ်​၏​။


ဆံပင်ဖြူသူ​ကို အရိုအသေပေး​ရ​မည်​။ အသက်ကြီး​သူ​ကို လေးစား​ရ​မည်​။ သင်​၏​ဘုရားသခင်​ကို ကြောက်ရွံ့​ရ​မည်​။ ငါ​သည် ထာဝရဘုရား​ဖြစ်​၏​။


သို့ဖြစ်၍ လူ​အသီးသီး​တို့​အား ပေး​သင့်​သည်​ကို ပေးဆောင်​ကြ​လော့။ အခွန်​ပေး​သင့်​သော​သူ​အား အခွန်​ကို​လည်းကောင်း၊ အကောက်​ပေး​သင့်​သော​သူ​အား အကောက်​ကို​လည်းကောင်း ပေးဆောင်​ကြ​လော့။ ကြောက်ရွံ့​သင့်​သော​သူ​ကို​ကြောက်ရွံ့​၍ ရိုသေ​သင့်​သော​သူ​ကို​ရိုသေ​ကြ​လော့။


အုပ်ချုပ်​သူ​များ​နှင့်​အာဏာပိုင်​များ​ကို နာခံ​လျက် ထို​သူ​တို့​၏​စကား​ကို​နားထောင်​ရန်​လည်းကောင်း၊ ကောင်း​သော​အမှု​ရှိသမျှ​တို့​အတွက် အသင့်​ရှိ​ရန်​လည်းကောင်း၊


လူ​အပေါင်း​တို့​ကို ရိုသေ​ကြ​လော့။ ညီအစ်ကို​အချင်းချင်း​ချစ်​ကြ​လော့။ ဘုရားသခင်​ကို ကြောက်ရွံ့​ကြ​လော့။ ရှင်ဘုရင်​ကို ရိုသေ​ကြ​လော့။


ထိုနည်းတူ ငယ်ရွယ်​သော​သူ​တို့၊ အသင်းတော်​အကြီးအကဲ​များ​ကို နာခံ​ကြ​လော့။ သင်​တို့​အားလုံး တစ်ယောက်​အောက်​တစ်ယောက် နှိမ့်ချ​ခြင်း​တန်ဆာ​ကို ဆင်ယင်​ကြ​လော့။ အဘယ်ကြောင့်​ဆိုသော် ဘုရားသခင်​သည် မာန​ထောင်လွှား​သော​သူ​တို့​ကို ဆန့်ကျင်​၍ နှိမ့်ချ​သော​သူ​တို့​အား ကျေးဇူး​တော်​ကို​ခံစား​စေ​တော်မူ​၏။