ယဇ်ပုရောဟိတ်တို့ကို ခြေဗလာဖြင့် ဖမ်းခေါ်သွားစေ၍ အားကြီးသောသူတို့ကိုလည်း ရှုံးနိမ့်စေတော်မူ၏။
ယောဘဝတ္တု။ 22:8 - မြန်မာ့စံမီသမ္မာကျမ်း အာဏာရှိသောသူတို့သည် မြေများကို ပိုင်ဆိုင်၍ ဂုဏ်သရေရှိသောသူတို့သည် ထိုမြေပေါ်တွင် နေထိုင်ကြ၏။ Common Language Bible အားကြီးသောသူမူကားမြေကို ပိုင်ရ၏။ ဂုဏ်အသရေရှိသော သူသည် နေရသောအခွင့်ကိုရ၏။ Garrad Bible လက် ရုံး ကောင်း သူ သည် နေ ပြည် ကို ပိုင် ရ၍၊ မျက် နှာ ကြီး သူ လည်း တည် နေ ခွင့် ရ ရှိ လျက် ပင်၊ Judson Bible အားကြီးသောသူမူကား မြေကိုပိုင်ရ၏။ ဂုဏ်အသရေရှိသောသူသည် နေရသောအခွင့်ကိုရ၏။ |
ယဇ်ပုရောဟိတ်တို့ကို ခြေဗလာဖြင့် ဖမ်းခေါ်သွားစေ၍ အားကြီးသောသူတို့ကိုလည်း ရှုံးနိမ့်စေတော်မူ၏။
သင်တို့သည် ကိုယ်တော့်ဘက်မှာနေကြမည်လော။ ဘုရားသခင်အတွက် လျှောက်လဲပေးကြမည်လော။
ငါသည် လူအုပ်ကြီးကို ကြောက်၍ ဆွေမျိုးသားချင်းတို့ ကဲ့ရဲ့မည်ကို စိုးရိမ်သဖြင့် တံခါးအပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာနေဖူးသလော။
ကမ္ဘာမြေကြီးကို ဆိုးယုတ်သောသူတို့လက်သို့အပ်၍ တရားသူကြီးတို့၏မျက်နှာကို ဖုံးအုပ်ထားတော်မူသောအရှင်မှာ ကိုယ်တော်မဟုတ်လျှင် မည်သူဖြစ်မည်နည်း။
ဆိုးညစ်သောအမှုသည် လူသားတို့အလယ်တွင် မြှောက်စားခြင်းခံရသောအခါ ဆိုးယုတ်သောသူတို့သည် နေရာတကာသို့လှည့်လည်တတ်ကြ၏။
လူငါးဆယ်အုပ်၊ ဂုဏ်သရေရှိသူ၊ အကြံပေးသူ၊ လက်မှုအတတ်ကျွမ်းကျင်သူ၊ မန်းမှုတ်သောအတတ်ကျွမ်းကျင်သူတို့ကိုလည်း ဖယ်ရှားတော်မူ၏။
ဦးခေါင်းကား သက်ကြီးဝါကြီးနှင့်အသရေရှိသောသူတို့တည်း။ အမြီးကား မဟုတ်မမှန်သွန်သင်ပေးသောပရောဖက်တို့တည်း။
သူတို့၏လက်နှစ်ဖက်စလုံးသည် မကောင်းမှု၌ ကျင်လည်တတ်ကြ၏။ အကြီးအကဲများ၊ တရားသူကြီးများသည် တံစိုးလက်ဆောင်ကို တောင်းဆိုတတ်ကြ၏။ မင်းအရာရှိတို့သည်လည်း မိမိတို့စိတ်အလိုရမ္မက်ကိုသာ ဖော်ပြတတ်ကြ၏။ ထိုသူတို့သည် တစ်ကျိတ်တည်းတစ်ဉာဏ်တည်း ဖြစ်ကြ၏။