ထိုအခါ ယွာဘက “သင်နှင့် ယခုလို အချိန်ဖြုန်းမနေနိုင်ပါ”ဟု ဆိုလျက် လှံသုံးစင်းကိုယူ၍ သပိတ်ပင်၌တွဲလွဲကျလျက် အသက်ရှင်နေသေးသော အဗရှလုံထံသွား၍ သူ့နှလုံးထဲသို့ ထုတ်ချင်းပေါက်အောင် ထိုးလေ၏။
ယောဘဝတ္တု။ 20:5 - မြန်မာ့စံမီသမ္မာကျမ်း ဆိုးယုတ်သောသူတို့ရွှင်လန်းရသောအချိန်မှာ ခဏသာဖြစ်၏။ ဘုရားတရားမဲ့သောသူတို့ဝမ်းမြောက်ရသောအချိန်သည်လည်း တဒင်္ဂသာ ဖြစ်သည်ကို သင်သိသည်မဟုတ်လော။ Common Language Bible ဆိုးသောသူသည်ကြာမြင့်စွာကာလ မဝါကြွားရ ကြောင်းကို၎င်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက် ကြောင်းကို၎င်း မသိသလော။ Judson Bible ဆိုးသောသူသည် ကြာမြင့်စွာကာလ မဝါကြွားရကြောင်းကိုလည်းကောင်း၊ အဓမ္မလူသည် ခဏသာဝမ်းမြောက်ကြောင်းကိုလည်းကောင်း မသိသလော။ |
ထိုအခါ ယွာဘက “သင်နှင့် ယခုလို အချိန်ဖြုန်းမနေနိုင်ပါ”ဟု ဆိုလျက် လှံသုံးစင်းကိုယူ၍ သပိတ်ပင်၌တွဲလွဲကျလျက် အသက်ရှင်နေသေးသော အဗရှလုံထံသွား၍ သူ့နှလုံးထဲသို့ ထုတ်ချင်းပေါက်အောင် ထိုးလေ၏။
ယွာဘ၏လက်နက်ကိုင်တပ်သား ဆယ်ဦးတို့ကလည်း အဗရှလုံကို ဝိုင်းဝန်းထိုးသတ်ကြလေ၏။
ထို့ကြောင့် မော်ဒကဲအတွက် စိုက်ထူထားသောသစ်တိုင်ပေါ်တွင် ဟာမန်ကို ချိတ်ဆွဲကြ၏။ ရှင်ဘုရင်သည်လည်း အမျက်ပြေလေ၏။
အကြောင်းမူကား သင်တို့က ‘မင်းအရာရှိအိမ်ကား အဘယ်မှာနည်း။ လူဆိုးတို့နေသောတဲကား အဘယ်မှာနည်း’ဟု မေးတတ်ကြ၏။
ဘုရားတရားမဲ့သောသူသည် ပျက်စီး၍ သူ့အသက်ကို ဘုရားသခင် နုတ်ယူပစ်လိုက်သောအခါ သူ၏မျှော်လင့်ရာကား အဘယ်မှာနည်း။
သို့ဖြစ်၍ ဘုရားတရားမဲ့သောသူသည် အုပ်စိုးခွင့်ရှိတော့မည်မဟုတ်၊ လူတို့ကိုလည်း ထောင်ချောက်ဆင်နိုင်ခွင့်ရှိတော့မည်မဟုတ်။
ဆိုးမိုက်သောသူ အမြစ်တွယ်နေသည်ကို ငါမြင်လျှင် သူ့နေရာကို ငါ ချက်ချင်းကျိန်ဆဲမိ၏။
ကြည့်ရှုလော့။ ဤသည်ကား သူနှစ်သက်သောခရီးလမ်းဖြစ်၏။ မြေကြီးမှလည်း အခြားအပင်တို့ ထပ်ပေါက်ကြလိမ့်မည်။
ခဏမျှကြာလျှင် ဆိုးယုတ်သောသူသည် ရှိတော့မည်မဟုတ်။ သင်သည် သူ၏နေရာကိုစေ့စေ့ရှာလျှင်လည်း သူသည်ရှိတော့မည်မဟုတ်။
ဆိုးယုတ်သောသူတို့သည် မည်မျှကြာအောင်၊ အို ထာဝရဘုရား၊ ဆိုးယုတ်သောသူတို့သည် မည်မျှကြာအောင် ရွှင်မြူးကြမည်နည်း။
သူတို့သည် မောက်မာသောစကားများကို မြွက်ဟပြောဆိုကြပါ၏။ အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့သည် ဝါကြွားကြပါ၏။
‘သခင်ဘုရား၊ သခင်ဘုရား’ဟု ငါ့ကိုခေါ်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရမည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုတော်ကို ဆောင်ရွက်သောသူသာ ဝင်ရလိမ့်မည်။
လူတိုင်း မိမိပြုသောအမှုကို စစ်ဆေးပါစေ။ သို့ပြုလျှင် သူတစ်ပါး၌မဟုတ်ဘဲ မိမိတစ်ကိုယ်တည်း၌ ဂုဏ်ယူဝါကြွားစရာအကြောင်းရှိလိမ့်မည်။
သို့သော် ယခု သင်တို့သည် ဟိတ်ဟန်ထုတ်လျက် ဝါကြွားနေကြ၏။ ထိုသို့သောဝါကြွားခြင်းဟူသမျှသည် မကောင်းသောအမှုဖြစ်၏။