ယောဘဝတ္တု။ 17:7 - မြန်မာ့စံမီသမ္မာကျမ်း ပူဆွေးသောကများကြောင့် ငါ့မျက်စိများလည်း မှုန်လေပြီ။ ငါ့ကိုယ်အင်္ဂါရှိသမျှလည်း အရိပ်သဖွယ် ဖြစ်ကုန်ပါပြီ။ Common Language Bible ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိ မှုန်၏။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ၏။ Garrad Bible ဒေါ သ ကြောင့် ငါ့ မျက် စိ မှုန်၍၊ ကိုယ် အင်္ဂါ ရှိ သ မျှ သည် အ ရိပ် သ ဖွယ် ဖြစ်၏။ Judson Bible ဝမ်းနည်းခြင်းအားကြီးသောကြောင့် ငါ့မျက်စိမှုန်၏။ ကိုယ်အင်္ဂါများတို့သည် အရိပ်ကဲ့သို့ ဖြစ်ကြ၏။ |
ငါ့မိတ်ဆွေတို့သည် ငါ့ကို ပြက်ရယ်ပြုကြ၏။ ငါသည် ဘုရားသခင်ရှေ့တော်တွင် မျက်ရည်ကျရပါ၏။
ငါ့ကို ပိန်ရှုံ့စေတော်မူသည်မှာ သက်သေဖြစ်၏။ ချည့်နဲ့ခြင်းသည်လည်း ငါ့ရှေ့တွင်ရပ်လျက် သက်သေထူလေ၏။
ငါ့တစ်ကိုယ်လုံးလည်း လောက်ကောင်နှင့်ရွှံ့ဖတ်များ ကပ်နေ၏။ ငါ့အရေပြားမှာလည်း ပြည်ဖုတို့ပေါက်ပြဲယိုကျလျက်ရှိ၏။
အကျွန်ုပ်သည် ညနေစောင်းအရိပ်ကဲ့သို့ မှေးမှိန်ပျောက်ကွယ်သွားပါ၏။ ကျိုင်းကောင်ကဲ့သို့ ခါချခြင်းခံရပါ၏။
အကျွန်ုပ်၏မျက်စိသည် ပူဆွေးခြင်းကြောင့်အားယုတ်၍ အကျွန်ုပ်၏ရန်သူအပေါင်းတို့ကြောင့် မှုန်ဝါးသွားပါ၏။
အပြစ်ဒုစရိုက်ပြုသောသူအပေါင်းတို့၊ ငါ့ထံမှထွက်သွားကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ငိုကြွေးသံကိုကြားတော်မူပြီ။
အရိပ်ကဲ့သို့ဖြတ်သန်းသွား၍ အချည်းနှီးဖြစ်သည့် လူ၏အနည်းငယ်သောအသက်တာနေ့ရက်များ၌ လူ့အသက်တာအတွက် မည်သည့်အရာကောင်းမြတ်သည်ကို မည်သူသိနိုင်သနည်း။ သူ့နောက်တွင် နေအောက်၌ မည်သည့်အရာဖြစ်ပျက်မည်ကို သူ့အားမည်သူပြောပြနိုင်သနည်း။
ထိုအမှုကြောင့် အကျွန်ုပ်တို့၏စိတ်နှလုံးသည် ညှိုးငယ်လေပြီ။ ထိုအမှုများကြောင့် အကျွန်ုပ်တို့၏မျက်စိသည် မှုန်ဝါးလေပြီ။