La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယောဘဝတ္တု။ 11:8 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ကောင်းကင်​ထက်​မြင့်​သည်​ဖြစ်၍ သင်​မည်သို့​တတ်နိုင်​မည်နည်း​။ မရဏာနိုင်ငံ​ထက်​နက်​သည်​ဖြစ်၍ သင်​မည်သို့​သိ​နိုင်​မည်နည်း​။

Ver Capítulo

Common Language Bible

မိုဃ်းကောင်းကင်ကိုမှီသည်ဖြစ်၍ သင်သည်အဘယ်သို့ပြုနိုင်သနည်း။ မရဏာနိုင်ငံထက် နက်သည် ဖြစ်၍ သင်သည်အဘယ်သို့ သိနိုင်သနည်း။

Ver Capítulo

Garrad Bible

ကောင်း ကင် ဘ ဝဂ် ထက် မြင့်၍ မည် သို့ ပြု နိုင် သ နည်း။ င ရဲ ထက် နက် ရှိုင်း၍ မည် သို့ သိ နိုင် သ နည်း။

Ver Capítulo

Judson Bible

မိုး​ကောင်း​ကင်​ကို မီ​သည်​ဖြစ်၍ သင်​သည် အ​ဘယ်​သို့​ပြု​နိုင်​သ​နည်း။ မ​ရ​ဏ​နိုင်​ငံ​ထက် နက်​သည်​ဖြစ်၍ သင်​သည်​အ​ဘယ်​သို့ သိ​နိုင်​သ​နည်း။

Ver Capítulo



ယောဘဝတ္တု။ 11:8
17 Referencias Cruzadas  

အကယ်စင်စစ် ဘုရားသခင်​သည် လူသား​တို့​နှင့်အတူ ဤ​မြေကြီး​ပေါ်တွင် ကိန်းဝပ်​တော်မူ​မည်လော​။ ကြည့်ရှု​လော့​။ ကောင်းကင်​သာမက အမြင့်ဆုံးသောကောင်းကင်ကြီး​ပင် ကိုယ်တော်​နှင့်​မ​ဆံ့​နိုင်​ပါ​။ သို့ဖြစ်၍ အကျွန်ုပ်​ဆောက်​ထား​သော​ဤ​အိမ်​တော်​ကား အဘယ်​ဆိုဖွယ်ရာ​ရှိ​ပါ​လိမ့်​မည်နည်း​။


တိုင်းတာ​ကြည့်​လျှင် မြေကြီး​ထက် ရှည်လျား​၍ ပင်လယ်​ထက် ကျယ်ဝန်း​၏​။


ဘုရားသခင်​သည် အမြင့်ဆုံး​မိုးကောင်းကင်​တွင် စံမြန်း​တော်မူ​သည်​မ​ဟုတ်​လော​။ အမြင့်ဆုံး​သော​ကြယ်​များ​သည်​လည်း မည်မျှပင်​မြင့်​လှ​သည်​ကို ကြည့်​ပါ​လော့​။


ရှေ့​တော်​တွင် မရဏာနိုင်ငံ​သည် ဟင်းလင်း​ဖြစ်​ပါ​၏​။ ပျက်စီး​ခြင်း​နိုင်ငံ​သည် အဖုံးအကွယ်​မ​ရှိ​ပါ​။


မိုးကောင်းကင်​ကို မော့ကြည့်​၍ သိမြင်​ပါ​လော့​။ သင့်​ထက်​မြင့်​သော​မိုးတိမ်​ကို စူးစမ်းကြည့်​ပါ​လော့​။


အနန္တတန်ခိုးရှင်​ကို အကျွန်ုပ်​တို့ လိုက်​၍​မ​မီ​နိုင်​။ ကိုယ်တော်​သည် တန်ခိုးကြီး​သော​အရှင် ဖြစ်​တော်မူ​၏​။ တရားမျှတ​ခြင်း​၊ ဖြောင့်မတ်​ခြင်း​တို့​နှင့် ပြည့်စုံ​တော်မူ​၏​။ မတရား​သော​အမှု​ကို ပြု​တော်​မ​မူ​။


သေမင်း​တံခါး​များ​က သင့်​ကို​ဖွင့်ပေး​ဖူး​သလော​။ သေမင်းအရိပ်​၏​တံခါး​များ​ကို သင်​မြင်​ဖူး​သလော​။


လေလွင့်​ပျောက်ကွယ်​သွား​တတ်​သော​မိုးတိမ်​ကဲ့သို့ မရဏာနိုင်ငံ​သို့​ဆင်းသွား​သော​သူ​လည်း ပြန်တက်လာ​နိုင်​မည်​မ​ဟုတ်​။


အကြောင်းမူကား မြေကြီး​အပေါ်​၌ ကောင်းကင်​သည် မြင့်မား​လှ​သည့်​အတိုင်း ကိုယ်တော်​ကို ကြောက်ရွံ့​သော​သူ​တို့​အပေါ်​၌ မေတ္တာကရုဏာ​တော်​သည် ကြီးမား​လှ​ပေ​၏​။


ကိုယ်တော်​၏​နာမ​တော်​တစ်ပါးတည်း​သာ ချီးမြှောက်​ခြင်း​ခံရ​၍ ကိုယ်တော်​၏​ဘုန်းကျက်သရေ​သည် မြေကြီး​နှင့် ကောင်းကင်​အထက်၌​ရှိ​တော်မူ​သောကြောင့် သူ​တို့​သည် ထာဝရဘုရား​၏​နာမ​တော်​ကို ချီးမွမ်း​ကြ​ပါစေ​။


ကိုယ်တော်​၏​ဖြောင့်မတ်​ခြင်း​သည် မြင့်မား​သော​တောင်​များ​ကဲ့သို့​လည်းကောင်း​၊ ကိုယ်တော်​၏​တရားစီရင်​ခြင်း​တို့​သည် အလွန်​နက်ရှိုင်း​ရာ​အရပ်​ကဲ့သို့​လည်းကောင်း ဖြစ်​ပါ​၏​။ အို ထာဝရဘုရား​၊ ကိုယ်တော်​သည် လူ​နှင့်​တိရစ္ဆာန်​တို့​ကို ကယ်တင်​တော်မူ​၏​။


မည်သူ​သည် ကောင်းကင်​သို့​တက်​ပြီး ပြန်ဆင်းလာ​သနည်း​။ မည်သူ​သည် လေ​ကို မိမိ​လက်ခုပ်​ထဲ ထည့်​ထား​သနည်း​။ မည်သူ​သည် ရေ​ကို မိမိ​၏​အဝတ်​ဖြင့် ထုပ်​ထား​သနည်း​။ မည်သူ​သည် ကမ္ဘာမြေ​အစွန်း​ရှိသမျှ​ကို တည်​ထား​သနည်း​။ ထို​သူ​၏​အမည်​ကား မည်သို့နည်း​။ သူ့​သား​၏​အမည်​ကား မည်သို့နည်း​။ သင်​သိ​သလော​။


မိုးကောင်းကင်​သည် ကမ္ဘာမြေကြီး​ထက်​သာ၍​မြင့်​သကဲ့သို့ ငါ​၏​နည်းလမ်း​သည် သင်​တို့​၏​နည်းလမ်း​ထက်​၊ ငါ​၏​အကြံအစည်​သည် သင်​တို့​၏​အကြံအစည်​ထက် သာ၍​မြင့်​၏​။


မရဏာနိုင်ငံ​တိုင်အောင် တွင်း​တူး​လျှင်​လည်း သူ​တို့​ကို ထို​နေရာ​မှ ငါ​ကိုယ်တိုင် ဆွဲထုတ်​မည်​။ ကောင်းကင်​တိုင်အောင် တက်သွား​လျှင်​လည်း သူ​တို့​ကို ထို​နေရာ​မှ ငါ​ဆွဲချ​မည်​။