La Biblia Online

Anuncios


Toda la Biblia A.T. N.T.




ယောဘဝတ္တု။ 1:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထာဝရဘုရား​က စာတန်​အား “​သင် ဘယ်​အရပ်​က​လာ​သနည်း​”​ဟု မေး​တော်မူ​လျှင် စာတန်​က ထာဝရဘုရား​အား “​မြေကြီး​တစ်ခွင် လှည့်လည်​သွားလာ​ရာ​မှ လာ​ပါ​သည်​”​ဟု ပြန်လျှောက်​၏​။

Ver Capítulo

Common Language Bible

ထာဝရဘုရားကလည်း၊ သင်သည်အဘယ်အရပ်က လာသနည်းဟုစာတန်ကိုမေးတော်မူလျှင်၊ စာတန်က၊ မြေကြီးပေါ်မှာ လှည့်လည်၍ အရပ်ရပ်သွားလာခြင်း အမှုထဲက လာပါသည်ဟု ပြန်လျှောက်လေ၏။

Ver Capítulo

Garrad Bible

စာ တန် အား။ အ ဘယ် က လာ သ နည်း ဟု၊ ထာ ဝ ရ ဘု ရား မေး တော် မူ သော်။ စာ တန် က၊ မြေ ကြီး တစ် လျှောက် ပေါ် တွင် လှည့် ပတ် သွား လာ ရာ မှ လာ ရောက် ပါ သည် ဟု ပြန် လျှောက် လေ၏။

Ver Capítulo

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည် အ​ဘယ်​အ​ရပ်​က လာ​သ​နည်း​ဟု စာ​တန်​ကို​မေး​တော်​မူ​လျှင်၊ စာ​တန်​က၊ မြေ​ကြီး​ပေါ်​မှာ လှည့်​လည်၍ အ​ရပ်​ရပ်​သွား​လာ​ခြင်း​အ​မှု​ထဲ​က လာ​ပါ​သည်​ဟု ပြန်​လျှောက်​လေ၏။

Ver Capítulo



ယောဘဝတ္တု။ 1:7
9 Referencias Cruzadas  

ထို့နောက် သူ​သည် မိမိ​သခင်​ထံ​ဝင်​၍​ရှေ့​တွင် ရပ်​နေ​၏​။ ဧလိရှဲ​က သူ့​အား “​ဂေဟာဇိ​၊ အဘယ်​အရပ်​က ပြန်လာ​သနည်း​”​ဟု မေး​လျှင် သူ​က “​အရှင့်​အစေအပါး​သည် မည်သည့်​နေရာ​မှ မ​သွား​ပါ​”​ဟု ပြန်ဖြေ​၏​။


ထာဝရဘုရား​က စာတန်​အား “သင် ဘယ်​အရပ်​က လာ​သနည်း​”​ဟု မေး​တော်မူ​လျှင် စာတန်​က ထာဝရဘုရား​အား “​မြေကြီး​တစ်ခွင် လှည့်လည်​သွားလာ​ရာ​မှ လာ​ပါ​သည်”​ဟု ပြန်လျှောက်​၏​။


အုန်းခွံရောင်​မြင်း​များ​သည် ထွက်လာ​၍ မြေ​တစ်ပြင်လုံး​ကို လှည့်လည်​သွားလာ​ရန် အလွန်​စိတ်ထက်သန်​နေ​၏​။ ကောင်းကင်တမန်​က “​သွား​လော့​။ မြေ​တစ်ပြင်လုံး​ကို လှည့်လည်​သွားလာ​လော့​”​ဟု ဆို​သည်​နှင့် မြေ​တစ်ပြင်လုံး​ကို လှည့်လည်​သွားလာ​ကြ​လေ​၏​။


ညစ်ညူး​သော​နတ်​သည် လူ့​အထဲမှ​ထွက်သွား​သောအခါ ခြောက်သွေ့​သော​အရပ်​ဒေသ​များ​သို့ လျှောက်သွား​ကာ ခိုနား​ရာ​ကို​ရှာ​တတ်​၏။ သို့သော် ရှာ​၍​မ​တွေ့​သဖြင့်


သမ္မာသတိ​ရှိ​လျက် နိုးကြား​စွာ​စောင့်​နေ​ကြ​လော့။ သင်​တို့​၏​ရန်သူ​တည်းဟူသော​မာရ်နတ်​သည် ဟောက်​သော​ခြင်္သေ့​ကဲ့သို့ ဝါးမျို​ရ​မည့်​သူ​ကို လှည့်လည်​ရှာဖွေ​လျက်​ရှိ​၏။


ထိုအခါ တစ်ကမ္ဘာလုံး​ကို​လှည့်ဖြား​၍ မာရ်နတ်​ဟူ၍​လည်းကောင်း၊ စာတန်​ဟူ၍​လည်းကောင်း အခေါ်​ခံရ​သည့် ရှေး​မြွေ​ဟောင်း​တည်းဟူသော​နဂါး​ကြီး​သည် မြေကြီး​ပေါ်သို့​ပစ်ချ​ခြင်း​ခံရ​လေ​၏။ သူ​နှင့်အတူ သူ​၏​စေတမန်​တို့​သည်​လည်း ပစ်ချ​ခြင်း​ခံရ​ကြ​၏။


ကမ္ဘာ​မြေကြီး​လေး​မျက်နှာ​ရှိ လူမျိုး​များ​ဖြစ်​ကြ​သည့် ဂေါဂ၊ မာဂေါဂ​ကို​လှည့်ဖြား​ရန်​နှင့် စစ်ပွဲ​အတွက် သူ​တို့​ကို​စုဝေး​စေရန် ထွက်သွား​လိမ့်မည်။ သူ​တို့​၏​အရေအတွက်​သည် သမုဒ္ဒရာ​သဲပွင့်​များ​နှင့်အမျှ​ရှိ​ကြ​၏။