ထို့ကြောင့် အကျွန်ုပ်သည် ဆွေးမြည့်တတ်သောအရာကဲ့သို့လည်းကောင်း၊ ပိုးကိုက်တတ်သောအဝတ်ကဲ့သို့လည်းကောင်း ယိုယွင်းပျက်စီးရပါပြီတကား။
ယာကုပ် 5:2 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့၏စည်းစိမ်သည် ဆွေးမြည့်၍ သင်တို့၏အဝတ်များကို ပိုးကိုက်စားလေပြီ။ Common Language Bible သင်တို့၏စည်းစိမ်ဥစ္စာသည်ဆွေးမြေ့လေပြီ။ သင်တို့၏အဝတ်များသည်ပိုးကိုက်စားကုန် ပြီ။- Garrad Bible သင် တို့ ပ စ္စည်း များ သည် ဖောက် ပြန် ရာ၊ အ ဝတ် များ သည် ပိုး စား ရာ ဖြစ် လေ ပြီ။ Judson Bible သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့၏စည်းစိမ်ဥစ္စာများသည် ဆွေးမြည့်၍ သင်တို့အဝတ်အစားများသည်လည်း ပိုးကိုက်စားခံကြရပြီ။ |
ထို့ကြောင့် အကျွန်ုပ်သည် ဆွေးမြည့်တတ်သောအရာကဲ့သို့လည်းကောင်း၊ ပိုးကိုက်တတ်သောအဝတ်ကဲ့သို့လည်းကောင်း ယိုယွင်းပျက်စီးရပါပြီတကား။
ကိုယ်တော်သည် ဒုစရိုက်အတွက်ဆိုဆုံးမခြင်းအားဖြင့် လူကိုပဲ့ပြင်တော်မူ၍ လူတပ်မက်သောအရာကို ပိုးဖလံကဲ့သို့ဖျက်ဆီးတော်မူ၏။ လူတိုင်းသည် အခိုးအငွေ့သာဖြစ်ကြပါ၏။(စေလာ)
ဘုရားရှင်ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူ၏။ ငါအပြစ်ရှိသည်ဟု မည်သူစီရင်မည်နည်း။ စီရင်သောသူအပေါင်းတို့သည် အဝတ်ကဲ့သို့ဟောင်းနွမ်းကြလိမ့်မည်။ သူတို့ကို ပိုးကိုက်စားလိမ့်မည်။
အကြောင်းမူကား ပိုးကောင်တို့သည် အဝတ်ကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ပိုးရွတို့သည် သိုးမွေးကိုကိုက်စားသကဲ့သို့ ထိုသူတို့ကို ကိုက်စားမည်။ ငါ၏ဖြောင့်မတ်ခြင်းမူကား အစဉ်အမြဲတည်မည်။ ငါ၏ကယ်တင်ခြင်းသည် မျိုးဆက်အဆက်ဆက် တည်မည်။
ခါငှက်သည် မိမိမဥသောဥကိုဝပ်သကဲ့သို့ မတရားသောသူသည် ဓနဥစ္စာသိုမှီးတတ်၏။ သို့သော်လည်း သူသည် သက်တမ်းတစ်ဝက်၌ပင် မိမိဓနဥစ္စာကို စွန့်ထားခဲ့ရ၍ အဆုံး၌ မိုက်မဲသောသူဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
ငါသည် ဧဖရိမ်အတွက် ပိုးကောင်ကဲ့သို့၊ ယုဒအမျိုးအနွယ်အတွက် ဆွေးမြည့်စေသောအရာကဲ့သို့ ဖြစ်၏။
သင်တို့၏ဥစ္စာပစ္စည်းများကိုရောင်း၍ ပေးကမ်းစွန့်ကြဲကြလော့။ မိမိတို့အတွက် မဟောင်းနွမ်းနိုင်သော ပိုက်ဆံအိတ်များကိုပြုလုပ်ကြ၍ သူခိုးမကပ်၊ ပိုးမွှားလည်းမဖျက်ဆီးရာ ကောင်းကင်ဘုံ၌ မကုန်ခန်းနိုင်သောဥစ္စာဘဏ္ဍာကို သိုမှီးကြလော့။
သင်တို့၏ဝတ်ပြုစည်းဝေးကျောင်းထဲသို့ ရွှေလက်စွပ်နှင့်တင့်တယ်သောအဝတ်တို့ကို ဝတ်ဆင်ထားသောလူတစ်ဦးဝင်လာပြီး စုတ်ပြတ်သောအဝတ်ကိုဝတ်ဆင်ထားသည့် ဆင်းရဲသောသူတစ်ဦးလည်း ဝင်လာသောအခါ
သင်တို့အတွက် ကောင်းကင်ဘုံ၌ထိန်းသိမ်းထားသည့် ယိုယွင်းပျက်စီးခြင်း၊ ညစ်ညူးခြင်းနှင့် မှေးမှိန်ခြင်းတို့မရှိသော အမွေတော်ထဲသို့လည်းကောင်း အသစ်တစ်ဖန်မွေးဖွားစေတော်မူ၏။